Breaking News

ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေတဲ့ ဆေးရုံသုံးအကာအကွယ်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို ့ ဒေါ်လာ၁သန်းလှူဒါန်းခဲ့တဲ့ ဟောလီးဝုဒ်အကျော်အမော်။

ဟောလီဝုဒ်ရဲ့အကျော်အမော် Kylie Jenner က ကမ္ဘာအနှံ့မှာဖြစ်ပေါ်နေတဲ့  ကပ်ရောဂါဆိုးကြီးကို  တိုက်ထုတ်နိုင်ဖို့အတွက် သူတတ်နိုင်တဲ့နည်းလမ်းလေးနဲ့ ကူညီခဲ့ပါတယ်။ အသက်၂၂ နှစ်အရွယ်မှာ ဘီလျံနာသူဌေးမလေးဖြစ်လာတဲ့ Kylie Jenner ဟာ “Kylie Cosmetic” အမည်ရှိ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ Cedars-Sinai ကျန်းမာရေးစင်တာရဲ့ သမားတော် Dr. Thais Aliabadi ဟာ Kylie Jenner ရဲ့ သမီးလေး Stormi ကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ Dr. Thais Aliabadi က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ Kylie Jenner ဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ မျက်နှာဖုံး၊   မျက်နှာကာနဲ့ အခြားသောအကာအကွယ်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ကြောင်းနဲ့ Kylie ရဲ့လှူဒါန်းမှုကို အသိမှတ်ပြု ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

အဆိုပါကျန်းမာရေးစင်တာမှာရှိတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ အခြားသောဝန်ထမ်းတွေကလည်း Kylie Jenner ရဲ့ လှူဒါန်းမှုကို ချီးမွမ်းမဆုံး ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရပါတယ်။

ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် Kardashian နဲ့ Jenner မိသားစုဝင်တွေဟာ အပြင်သွားခြင်းမျိုးမလုပ်ဘဲ  ကိုယ့်ရဲ့အိမ်အသီးသီးမှာ ကျန်းမာရေးကို ဂရုစိုက်ရင်း နေထိုင်နေကြတယ်လို့ သိရပါတယ်။  လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာတော့ Kim Kardashian West က သူ့ရဲ့ပရိသတ်တွေကို  အိမ်အတွင်းမှာပဲနေထိုင်ပြီး  ရောဂါရဲ့ပြင်းထန်မှုကို  လျော့မတွက်ဖို့ သတိပေး တိုက်တွန်းခဲ့ပါတယ်။

<Unicode Version>

 

 






<Zawgyi Version>

 

Source ~ PEOPLE

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro