Coronavirus မကူးစက်ခံရဖို့အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ နိုင်ငံအသီးသီးက အာဏာပိုင်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနက အကြီးအကဲတွေဟာ ပြည်သူပြည်သားအားလုံးကို အိမ်ထဲမှာနေရင်း ကျန်းမာရေးကို ဂရုစိုက်ဖို့အမိန့်ချမှတ်ထားတာကြောင့် အချို့စားသောက်ဆိုင်တွေက ယာယီပိတ်သိမ်းထားလိုက်ပါပြီ။ ဒါပေမယ့်လည်း အခြားသောစားသောက်ဆိုင်တွေကတော့ ဆက်လက်ဖွင့်လှစ်ထားပြီး စားသုံးသူတွေကို ဆိုင်မှာမစားသောက်စေဘဲ သူတို့ရဲ့နေအိမ်မှာ စားသောက်စေတာမျိုးတွေ ပြုလုပ်လာကြပါတယ်။
တချို့လူတွေကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို စျေးဝယ်စင်တာတွေကနေဝယ်ပြီး နေအိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ ကိုယ့်ဘာသာကိုယ်ချက်ပြုတ်ပြီး စားသောက်ဖို့ကလည်း အသီးအရွက်နဲ့ အသားငါးတွေကို စျေးဝယ်စင်တာတွေမှာ ဝယ်ယူရတာမို့ စျေးဝယ်စင်တာတွေကတော့ ဖွင့်ထားမြဲဖွင့်ထားဆဲပါပဲ။
စျေးဝယ်စင်တာမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူသူတွေအနေနဲ့ လိုက်နာရမည့်အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အစားသောက်တွေကို စျေးဝယ်စင်တာ (သို့) ကုန်စုံဆိုင်တွေမှာ သွားဝယ်မယ်ဆိုရင်တော့ တခြားလူတွေ လာလေ့မရှိတဲ့ အချိန်မျိုးမှာ ထွက်ဝယ်ပါ။ ဥပမာ – မနက်စောစော (သို့) ညမိုးချုပ်မှ သွားဝယ်ပါ။ စျေးဝယ်စင်တာကနေ အိမ်ကိုပြန်ရောက်တဲ့အခါမှာ လက်ကိုစက္ကန့် ၂၀ လောက် ဆပ်ပြာနဲ့တိုက်ပြီး ဆေးကြောပါ။ ဝယ်ယူလာတဲ့ လတ်ဆတ်တဲ့ အသီးအနှံ၊ အသားငါးတွေကို ရေနွေးလေးနဲ့ ဆေးကြောပါ။
Georgia ပြည်နယ် တက္ကသိုလ်ရဲ့ ဒါရိုက်တာ Francisco Diez-Gonzalez က “လူတွေက အသီးအရွက်နဲ့ အသားငါးတွေကို ဆပ်ပြာနဲ့ဆေးရင် ရောဂါပိုးကို ကာကွယ်နိုင်မယ်လို့ ထင်နေကြတယ်။ အမှန်တိုင်းပြောရရင်တော့ ကျွနု်ပ်တို့ကလည်း သုတေသနမပြုလုပ်ရသေးတော့ သေချာမသိပါဘူး။ ဒါကြောင့် အသီးအရွက်တွေကို ရေနွေးနဲ့ပဲ စင်ကြယ်အောင်ဆေးကြောဖို့ တိုက်တွန်းချင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
<Unicode Version>
ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ဖို့ အဟာရရှိတဲ့အစားအသောက်တွေကို အိမ်မှာချက်ပြုတ်စားသောက်တဲ့အခါ လိုက်နာရမည့်အချက်များ။
တချို့လူတွေကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို ဈေးဝယ်စင်တာတွေကနေဝယ်ပြီး နေအိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ ကိုယ့်ဘာသာကိုယ်ချက်ပြုတ်ပြီး စားသောက်ဖို့ကလည်း အသီးအရွက်နဲ့ အသားငါးတွေကို ဈေးဝယ်စင်တာတွေမှာ ဝယ်ယူရတာမို့ ဈေးဝယ်စင်တာတွေကတော့ ဖွင့်ထားမြဲဖွင့်ထားဆဲပါပဲ။
<Zawgyi Version>
#SY(Soshwe)
#soshwebeautyandhealth
#soshweforyourdailylife
#likeandshare