HomeTechCoronavirus ကိုတိုက်ထုတ်ဖို့အတွက် ဗြိတိန်ကုမ္ပဏီကြီးတစ်ခုရဲ့ အရေးပါတဲ့ကူညီမှု။

Coronavirus ကိုတိုက်ထုတ်ဖို့အတွက် ဗြိတိန်ကုမ္ပဏီကြီးတစ်ခုရဲ့ အရေးပါတဲ့ကူညီမှု။

- Advertisement -

အင်္ဂလန်နိုင်ငံအခြေစိုက် ဓါတုပစ္စည်းထုတ်လုပ်တဲ့ စက်မှုလုပ်ငန်း Ineos ဟာ အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ လက်သန့်ဆေးရည်ထုတ်လုပ်ဖို့ စက်ရုံအသစ်တစ်ခုကို တည်ဆောက်နေပြီး ဒုတိယမြောက် လက်သန့်ဆေးရည်စက်ရုံကိုလည်း ဂျာမနီနိုင်ငံမှာ ဆောက်လုပ်သွားမယ်လို့လည်း အတည်ပြု  ပြောကြားခဲ့ပါတယ်။

Ineos အနေနဲ့ ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ Coronavirus ရဲ့ရန်ကို ခုခံနိုင်ဖို့အတွက် တစ်လအတွင်းမှာ လက်သန့်ဆေးရည်ဘူးပေါင်း ၁ သန်းလောက်ထုတ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်သန့်ဆေးရည်ဘူးတွေ ထုတ်လုပ်ပြီးတဲ့အခါမှာတော့ ဆေးရုံ၊ ကျောင်း၊ စျေးဝယ်စင်တာနဲ့  ဆေးအရောင်းဆိုင်တွေမှာ ဖြန့်ချီသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဆေးရုံတွေကိုတော့ လက်သန့်ဆေးရည်ဘူးတွေ တတ်နိုင်သမျှလှူသွားမယ်လို့လည်း သိရပါတယ်။

- Advertisement -

လုပ်ငန်းခွင်တက်ရောက်မှုတွေကို တားဆီးလိုက်ပြီး အင်တာနက်ကနေတဆင့် အလုပ်လုပ်စေခြင်းအားဖြင့်  ရောဂါပျံ့နှံ့မှုကို တတ်နိုင်သမျှလျှော့ချနိုင်ဖို့ အားလုံးပူးပေါင်းလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

- Advertisement -

ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ ဖက်ရှင်ကုမ္ပဏီတွေနဲ့ ကားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေကလည်း  ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ကုန်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေကို အချိန်အတိုင်းတာတစ်ခုထိ ပိတ်သိမ်းထားရတာပဲဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီတွေက သူတို့ရဲ့စက်ရုံတွေကို ကျန်းမာရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

- Advertisement -

Ineos ကုမ္ပဏီဟာ ဆေးရုံပစ္စည်းတွေဖြစ်တဲ့ ဆေးထိုးပြွန်၊ ပိုးသတ်ဆေးရည်နဲ့ အသက်ရှူစက်တွေကို ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး ဥရောပမှာအကြီးဆုံး ဆေးရုံသုံးလက်သန့်ဆေးရည်ထုတ်လုပ်တဲ့ ကုန်ကြမ်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

Ineos ကုမ္ပဏီဥက္ကဌ Sir Jim Ratcliffe က “Ineos ဟာ အရည်အသွေးပြည့်ဝတဲ့ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။ ဒါကြောင့် Ineos ကုမ္ပဏီဟာ Coronavirus ကို တိုက်ထုတ်နိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

 

 

Coronavirus ကိုတိုက္ထုတ္ဖို႔အတြက္ ၿဗိတိန္ကုမၸဏီႀကီးတစ္ခုရဲ႕ အေရးပါတဲ့ကူညီမႈ။

အဂၤလန္ႏိုင္ငံအေျခစိုက္ ဓါတုပစၥည္းထုတ္လုပ္တဲ့ စက္မႈလုပ္ငန္း Ineos ဟာ အဂၤလန္ႏိုင္ငံေတာင္ပိုင္းမွာ လက္သန္႔ေဆးရည္ထုတ္လုပ္ဖို႔ စက္႐ံုအသစ္တစ္ခုကို တည္ေဆာက္ေနၿပီး ဒုတိယေျမာက္ လက္သန္႔ေဆးရည္စက္႐ံုကိုလည္း ဂ်ာမနီႏိုင္ငံမွာ ေဆာက္လုပ္သြားမယ္လို႔လည္း အတည္ျပဳ  ေျပာၾကားခ့ဲပါတယ္။

Ineos အေနနဲ႔ ကမာၻအႏွံ႔မွာ ျဖစ္ေပၚေနတဲ့ Coronavirus ရဲ႕ရန္ကို ခုခံႏိုင္ဖို႔အတြက္ တစ္လအတြင္းမွာ လက္သန္႔ေဆးရည္ဘူးေပါင္း ၁ သန္းေလာက္ထုတ္လုပ္ႏိုင္ဖို႔အတြက္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ လက္သန္႔ေဆးရည္ဘူးေတြ ထုတ္လုပ္ၿပီးတဲ့အခါမွာေတာ့ ေဆး႐ံု၊ ေက်ာင္း၊ ေစ်းဝယ္စင္တာနဲ႔  ေဆးအေရာင္းဆိုင္ေတြမွာ ျဖန္႔ခ်ီသြားမယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ ေဆး႐ံုေတြကိုေတာ့ လက္သန္႔ေဆးရည္ဘူးေတြ တတ္ႏိုင္သမွ်လွဴသြားမယ္လို႔လည္း သိရပါတယ္။

လုပ္ငန္းခြင္တက္ေရာက္မႈေတြကို တားဆီးလိုက္ၿပီး အင္တာနက္ကေနတဆင့္ အလုပ္လုပ္ေစျခင္းအားျဖင့္  ေရာဂါပ်ံ႕ႏွံ႔မႈကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ႏိုင္ဖို႔ အားလံုးပူးေပါင္းလုပ္ေဆာင္ေနၾကတာပဲျဖစ္ပါတယ္။

ေဆာက္လုပ္ေရးကုမၸဏီေတြ၊ ဖက္ရွင္ကုမၸဏီေတြနဲ႔ ကားပစၥည္းထုတ္လုပ္ေရး ကုမၸဏီေတြကလည္း  ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ သူတို႔ကုန္ပစၥည္းထုတ္လုပ္တဲ့စက္႐ံုေတြကို အခ်ိန္အတိုင္းတာတစ္ခုထိ ပိတ္သိမ္းထားရတာပဲျဖစ္ပါတယ္။ အဆိုပါကုမၸဏီေတြက သူတို႔ရဲ႕စက္႐ံုေတြကို က်န္းမာေရးအတြက္ လိုအပ္တဲ့ပစၥည္းေတြ ထုတ္လုပ္ရာမွာ အသံုးျပဳႏိုင္ေၾကာင္း ကမ္းလွမ္းခဲ့ပါတယ္။

Ineos ကုမၸဏီဟာ ေဆး႐ံုပစၥည္းေတြျဖစ္တဲ့ ေဆးထိုးႁပြန္၊ ပိုးသတ္ေဆးရည္နဲ႔ အသက္ရွဴစက္ေတြကို ထုတ္လုပ္တဲ့ကုမၸဏီျဖစ္ၿပီး ဥေရာပမွာအႀကီးဆံုး ေဆး႐ံုသံုးလက္သန္႔ေဆးရည္ထုတ္လုပ္တဲ့ ကုန္ၾကမ္းေတြကို ထုတ္လုပ္တဲ့ ကုမၸဏီလည္းျဖစ္ပါတယ္။

Ineos ကုမၸဏီဥကၠဌ Sir Jim Ratcliffe က “Ineos ဟာ အရည္အေသြးျပည့္ဝတဲ့ကုန္ၾကမ္းပစၥည္းေတြကို အသံုးျပဳၿပီး အဆင့္ျမင့္နည္းပညာေတြနဲ႔ က်န္းမာေရးသံုးပစၥည္းေတြကို ထုတ္လုပ္တဲ့ ကုမၸဏီပဲျဖစ္ပါတယ္။ ဒါေၾကာင့္ Ineos ကုမၸဏီဟာ Coronavirus ကို တိုက္ထုတ္ႏိုင္ဖို႔အတြက္ တတ္ႏိုင္တဲ့ဘက္ကေန အစြမ္းကုန္ ကူညီေပးသြားမွာပဲ ျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ E&T

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

 

- Advertisement -

Must Read