Breaking News
၂၀၂၃ ခုနှစ်မှာ မြန်မာပြည်ကိုရောက်ရှိလာမယ့် ဂျပန်နိုင်ငံအခြေစိုက် စျေးဝယ်စင်တာကြီး။
ဂျပန်နိုင်ငံအခြေစိုက် ကုန်စည်လက်လီဖြန့်ချိမှုလုပ်ငန်း AEON စျေးဝယ်စင်တာပိုင်ရှင် Akio Yoshida ဟာ မြန်မာနိုင်ငံက Shwe Taung စုပေါင်းလုပ်ငန်းအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စျေးဝယ်သူတွေ လိုအပ်တဲ့ ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်းမှာ လက်လီဝယ်ယူရရှိနိုင်မယ့် AEON စျေးဝယ်စင်တာခွဲကို ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမယ်လို့ ကြေငြာပြောဆိုခဲ့ပါတယ်။
အဆိုပါစျေးဝယ်စင်တာမှာ ဝယ်ယူရရှိနိုင်မယ့် ကုန်ပစ္စည်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အလယ်လတ်တန်းစား စျေးဝယ်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။ ဆိုလိုချင်တာကတော့ စျေးဝယ်သူတွေ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို သင့်တော်တဲ့စျေးနှုန်းနဲ့ လက်လီဝယ်ယူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအခြေစိုုက် ကုန်စည်လက်လီဖြန့်ချိမှုလုပ်ငန်း AEON ကုမ္ပဏီဟာ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ AEON စျေးဝယ်စင်တာခွဲတွေ လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ AEON စျေးဝယ်စင်တာဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးတွေ့ရှိနိုင်ခဲ့ နိုင်ငံခြားအခြေစိုက် စျေးဝယ်စင်တာခွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာလည်း AEON ကုမ္ပဏီက ရန်ကုန်မြို့အတွင်းမှာ စျေးဝယ်စင်တာတစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး အခုချိန်မှာတော့ ၁၀ ခုထက်ပိုတဲ့ စျေးဝယ်စင်တာတွေကို ဖွင့်လှစ်ထားပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် AEON က အသေးစားငွေချေးလုပ်ငန်းကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။
AEON ကုမ္ပဏီဥက္ကဋ္ဌဖြစ်တဲ့ Akio Yoshida က ဂျပန်နိုင်ငံ Nikkei Asian Review သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ “ကျွန်ုပ်တို့အနေနဲ့ အာရှတစ်ခွင်မှာရှိတဲ့ အလယ်လတ်တန်းစားလူထုကို ရည်မှန်းပြီး စျေးဝယ်စင်တာခွဲတွေကို ဖွင့်လှစ်သွားဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။” လို့ ဆိုခဲ့ပါတယ်။
<Unicode Version>
၂၀၂၃ ခုနှစ်မှာ မြန်မာပြည်ကိုရောက်ရှိလာမယ့် ဂျပန်နိုင်ငံအခြေစိုက် ဈေးဝယ်စင်တာကြီး။
ဂျပန်နိုင်ငံအခြေစိုက် ကုန်စည်လက်လီဖြန့်ချိမှုလုပ်ငန်း AEON ဈေးဝယ်စင်တာပိုင်ရှင် Akio Yoshida ဟာ မြန်မာနိုင်ငံက Shwe Taung စုပေါင်းလုပ်ငန်းအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဈေးဝယ်သူတွေ လိုအပ်တဲ့ ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်းမှာ လက်လီဝယ်ယူရရှိနိုင်မယ့် AEON ဈေးဝယ်စင်တာခွဲကို ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမယ်လို့ ကြေငြာပြောဆိုခဲ့ပါတယ်။
အဆိုပါဈေးဝယ်စင်တာမှာ ဝယ်ယူရရှိနိုင်မယ့် ကုန်ပစ္စည်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အလယ်လတ်တန်းစား ဈေးဝယ်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။ ဆိုလိုချင်တာကတော့ ဈေးဝယ်သူတွေ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို သင့်တော်တဲ့ဈေးနှုန်းနဲ့ လက်လီဝယ်ယူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် ကုန်စည်လက်လီဖြန့်ချိမှုလုပ်ငန်း AEON ကုမ္ပဏီဟာ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ AEON ဈေးဝယ်စင်တာခွဲတွေ လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ AEON ဈေးဝယ်စင်တာဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးတွေ့ရှိနိုင်ခဲ့ နိုင်ငံခြားအခြေစိုက် ဈေးဝယ်စင်တာခွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
AEON ကုမ္ပဏီဥက္ကဋ္ဌဖြစ်တဲ့ Akio Yoshida က ဂျပန်နိုင်ငံ Nikkei Asian Review သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ “ကျွန်ုပ်တို့အနေနဲ့ အာရှတစ်ခွင်မှာရှိတဲ့ အလယ်လတ်တန်းစားလူထုကို ရည်မှန်းပြီး ဈေးဝယ်စင်တာခွဲတွေကို ဖွင့်လှစ်သွားဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။” လို့ ဆိုခဲ့ပါတယ်။
<Zawgyi Version>
#SY(Soshwe)
#soshwehomeandproperty
#soshweforyourdailiylife
#likeandshare
About So Shwe
Check Also
အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။
အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro