Breaking News

အမျိုးသမီးများနဲ့ အမျိုးသားများအကြား လုပ်ငန်းခွင်အတွင်း၌ စွမ်းဆောင်ရည်ကွာခြားမှု။

အိန္ဒိယနိုင်ငံ၌ ကောက်ခံသည့် စစ်တမ်းများရဲ့ဖော်ပြချက်အရ အမျိုးသမီး (၆.၅၆) ရာခိုင်နှုန်းသည် အမျိုးသား (၃.၂၆) ရာခိုင်နှုန်းထက် အဖွဲ့အစည်းနဲ့သက်ဆိုင်သည့်ဖွံ့ဖြိုးတိုးတက်မှုများ နဲ့ နည်းပြပိုင်းဆိုင်ရာ အရည်အသွေးများ၌ ပိုမိုသာလွန်နေကြောင်း သိရှိရပါတယ်။ အဆိုပါစစ်တမ်းကို SCIKEY သုတေသနဌာနမှ  ကောက်ယူခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအလုပ်ရှင်များသည် အမျိုးသားအလုပ်ရှင်များထက် လက်အောက်ဝန်ထမ်းများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအားပေးလေ့ရှိပြီး အမျိုးသားဝန်ထမ်းများရဲ့ တိုးတက်မှုနဲ့ပတ်သက်၍လည်း မကြာခဏ စစ်ဆေးလေ့ရှိကြောင်း သိရှိရပါတယ်။

ဒါ့အပြင် အမျိုးသမီးအလုပ်ရှင်များသည် သူတို့လက်အောက်ဝန်ထမ်းများကို ပိုမိုလေ့ကျင့်သင်ကြားပေးခြင်းကြောင့် အဆိုပါဝန်ထမ်းများသည် အခြားသော အမျိုးသားအလုပ်ရှင်ရဲ့ လက်အောက်ဝန်ထမ်းများနဲ့ နှိုင်းယှဉ်ပါက ပိုမိုသာလွန်နေသလို အမျိုးသမီးများသည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာ၌လည်း အမျိုးသားများနဲ့ တန်းတူ (သို့မဟုတ်) ပိုမိုသာလွန်သည့် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားကြောင်း SCIKEY ရဲ့ စစ်တမ်းများအရ သိရှိရပါတယ်။

အမျိုးသမီးများရဲ့ (၁.၃၇) ရာခိုင်နှုန်းသည် (၁.၁၁) ရာခိုင်နှုန်းသော အမျိုးသားများနဲ့ နှိုင်းယှဉ်လိုက်ပါက  စေ့စပ်ညှိနှိုင်းရာ၌ထူးချွန်ကြပြီး သူတို့ရဲ့လူမှုဘဝအတွေ့အကြုံကို အသုံးချလေ့ရှိပါတယ်။ ဒါ့အပြင် ပညာရှင်အမျိုးသမီးများသည် ပဋိပက္ခများကို စီမံခန့်ခွဲရာ၌လည်း အမျိုးသားများထက် သာလွန်နေပြီး ပညာရှင်အမျိုးသမီး (၆.၆၇) ရာခိုင်နှုန်းသည် ပညာရှင်အမျိုးသား (၄.၉၆) ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်လိုက်ပါက ပဋိပက္ခဖြစ်စဉ်များကို ကိုင်တွယ်ရာ၌ စွမ်းဆောင်ရည်ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရပါတယ်။

ထိုကဲ့သို့မြင့်မားရခြင်းကလည်း အမျိုးသမီးများအနေဖြင့် လူမှုရေးအတွေ့အကြုံများ၊ မိသားစုကိစ္စများနဲ့ပတ်သက်သည့် ကိစ္စရပ်များကို အကောင်းဆုံးအဖြေရှာနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ သို့ရာတွင်မူ အမျိုးသမီးများရဲ့ (၁၆.၈) ရာခိုင်နှုန်းသည် အမျိုးသား (၁၄.၇) ရာခိုင်နှုန်းထက် လုပ်ငန်းခွင်အတွင်း၌ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်အား နည်းပါးပြီး လုပ်သက်အတွေ့အကြုံ (၂) နှစ်အတွင်းရှိသည့် အမျိုးသမီးအလုပ်သမား (၁၀) ဦး၌ (၆) ဦးက စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေရကာ အမျိုးသားအလုပ်သမား (၁၀) ဦးအနက် (၄) ဦးကသာ စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်နေရကြောင်း အဆိုပါစစ်တမ်းများကဆိုပါတယ်။

လုပ်ငန်းအတွေ့အကြုံများလာသည်နဲ့အမျှ အမျိုးသမီး (၁၀) ဦးအနက် (၈) ဦးက စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေရပြီး အမျိုးသား (၁၀) ဦးအနက် (၃) ဦးကသာ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ “ဒီစစ်တမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ဘာမှအကြောင်းပြချက်ပေးစရာမရှိပေမယ့် မိသားစုတာဝန်တွေ၊ အလုပ်တာဝန်တွေကြားထဲမှာ အလုပ်လုပ်ရတာက အမျိုးသမီးတွေအတွက် ဘယ်တော့မှမလွယ်ကူပါဘူး။ အဲ့ဒီအရာက သူတို့ရဲ့စိတ်တည်ငြိမ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုးစိတ်ဓာတ်မခိုင်မာမှုက အမျိုးသမီးတွေအတွက် စိတ်ဖိစီးမှု၊ ကုန်ထုတ်စွမ်းအားကျဆင်းမှု၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မိသားစုဘဝတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။” ဟုလည်း အဆိုပါစစ်တမ်း၌ဖော်ပြခဲ့ပါတယ်။

<Unicode Version>

 

 

အမ်ိဳးသမီးမ်ားနဲ႕ အမ်ိဳးသားမ်ားအၾကား လုပ္ငန္းခြင္အတြင္း၌ စြမ္းေဆာင္ရည္ကြာျခားမႈ။

အိႏၵိယႏုိင္ငံ၌ ေကာက္ခံသည့္ စစ္တမ္းမ်ားရဲ႕ေဖာ္ျပခ်က္အရ အမ်ိဳးသမီး (၆.၅၆) ရာခိုင္ႏႈန္းသည္ အမ်ိဳးသား (၃.၂၆) ရာခိုင္ႏႈန္းထက္ အဖဲြ႕အစည္းနဲ႔သက္ဆိုင္သည့္ ဖံြ႕ၿဖိဳးတိုးတက္မႈမ်ား နဲ႔ နည္းျပပိုင္းဆုိင္ရာ အရည္အေသြးမ်ား၌ ပိုမိုသာလြန္ေနေၾကာင္း သိရွိရပါတယ္။ အဆိုပါစစ္တမ္းကို SCIKEY သုေတသနဌာနမွ  ေကာက္ယူခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသမီးအလုပ္ရွင္မ်ားသည္ အမ်ိဳးသားအလုပ္ရွင္မ်ားထက္ လက္ေအာက္ဝန္ထမ္းမ်ားရဲ႕ ဖံြ႕ၿဖိဳးတိုးတက္မႈကို ပိုမိုအားေပးေလ့ရွိၿပီး အမ်ိဳးသားဝန္ထမ္းမ်ားရဲ႕ တုိးတက္မႈနဲ႔ပတ္သက္၍လည္း မၾကာခဏ စစ္ေဆးေလ့ရိွေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ အမ်ိဳးသမီးအလုပ္ရွင္မ်ားသည္ သူတုိ႔လက္ေအာက္ဝန္ထမ္းမ်ားကို ပိုမိုေလ့က်င့္သင္ၾကားေပးျခင္းေၾကာင့္ အဆုိပါဝန္ထမ္းမ်ားသည္ အျခားေသာ အမ်ိဳးသားအလုပ္ရွင္ရဲ႕ လက္ေအာက္ဝန္ထမ္းမ်ားနဲ႔ ႏိႈင္းယွဥ္ပါက ပိုမိုသာလြန္ေနသလို အမ်ိဳးသမီးမ်ားသည္ ညိွႏိႈင္းေဆြးေႏြးမႈမ်ား ​ျပဳလုပ္ရာ၌လည္း အမ်ိဳးသားမ်ားနဲ႔ တန္းတူ (သို႔မဟုတ္) ပိုမိုသာလြန္သည့္ စြမ္းေဆာင္ရည္မ်ားကို ပိုင္ဆိုင္ထားေၾကာင္း SCIKEY ရဲ႕ စစ္တမ္းမ်ားအရ သိရွိရပါတယ္။

အမ်ိဳးသမီးမ်ားရဲ႕ (၁.၃၇) ရာခိုင္ႏႈန္းသည္ (၁.၁၁) ရာခိုင္ႏႈန္းေသာ အမ်ိဳးသားမ်ားနဲ႔ ႏိႈင္းယွဥ္လိုက္ပါက  ေစ့စပ္ညိွႏိႈင္းရာ၌ ထူးခြ်န္ၾကၿပီး သူတုိ႔ရဲ႕လူမႈဘဝအေတြ႕အႀကံဳကို အသံုးခ်ေလ့ရိွပါတယ္။ ဒါ့အျပင္ ပညာရွင္အမ်ိဳးသမီးမ်ားသည္ ပဋိပ​ကၡမ်ားကို စီမံခန္႔ခဲြရာ၌လည္း အမ်ိဳးသားမ်ားထက္ သာလြန္ေနၿပီး ပညာရွင္အမ်ိဳးသမီး (၆.၆၇) ရာခိုင္ႏႈန္းသည္ ပညာရွင္အမ်ိဳးသား (၄.၉၆) ရာခိုင္ႏႈန္းနဲ႔ႏိႈင္းယွဥ္လိုက္ပါက ပဋိပကၡျဖစ္စဥ္မ်ားကို ကိုင္တြယ္ရာ၌ စြမ္းေဆာင္ရည္ပိုမိုျမင့္မားေနေၾကာင္း ေတြ႕ရွိရပါတယ္။

ထိုကဲ့သုိ႔ျမင့္မားရျခင္းကလည္း အမ်ိဳးသမီးမ်ားအေနျဖင့္ လူမႈေရးအေတြ႕အႀကံဳမ်ား၊ မိသားစုကိစၥမ်ားနဲ႔ပတ္သက္သည့္ ကိစၥရပ္မ်ားကို အေကာင္းဆံုး အေျဖရွာႏုိင္ျခင္းေၾကာင့္ျဖစ္ပါတယ္။ သို႔ရာတြင္မူ အမ်ိဳးသမီးမ်ားရဲ႕ (၁၆.၈) ရာခိုင္ႏႈန္းသည္ အမ်ိဳးသား (၁၄.၇) ရာခိုင္ႏႈန္းထက္ လုပ္ငန္းခြင္အတြင္း၌ စိတ္ပိုင္းဆိုင္ရာခံႏုိင္ရည္အား နည္းပါးၿပီး လုပ္သက္အေတြ႕အႀကံဳ (၂) ႏွစ္အတြင္းရွိသည့္ အမ်ိဳးသမီးအလုပ္သမား (၁၀) ဦး၌ (၆) ဦးက စိတ္ဖိစီးမႈမ်ားနဲ႔ ရင္ဆိုင္ေနရကာ အမ်ိဳးသားအလုပ္သမား (၁၀) ဦးအနက္ (၄) ဦးကသာ စိတ္ဖိစီးမႈနဲ႔ ရင္ဆုိင္ေနရေၾကာင္း အဆုိပါစစ္တမ္းမ်ားကဆုိပါတယ္။

လုပ္ငန္းအေတြ႕အႀကံဳမ်ားလာသည္နဲ႔အမွ် အမ်ိဳးသမီး (၁၀) ဦးအနက္ (၈) ဦးက စိတ္ဖိစီးမႈမ်ားနဲ႔ ရင္ဆိုင္ေနရၿပီး အမ်ိဳးသား (၁၀) ဦးအနက္ (၃) ဦးကသာ စိတ္ဖိစီးမႈမ်ားနဲ႔ ရင္ဆုိင္ေနရပါတယ္။ “ဒီစစ္တမ္းနဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္တို႔ဘက္က ဘာမွအေၾကာင္းျပခ်က္ေပးစရာမရွိေပမယ့္ မိသားစုတာဝန္ေတြ၊ အလုပ္တာဝန္ေတြၾကားထဲမွာ အလုပ္လုပ္ရတာက အမ်ိဳးသမီးေတြအတြက္ ဘယ္ေတာ့မွမလြယ္ကူပါဘူး။ အဲ့ဒီအရာက သူတုိ႔ရဲ႕စိတ္တည္ၿငိမ္မႈကို ထိခိုက္ေစႏုိင္ပါတယ္။ ဒီလိုမ်ိဳးစိတ္ဓာတ္မခိုင္မာမႈက အမ်ိဳးသမီးေတြအတြက္ စိတ္ဖိစီးမႈ၊ ကုန္ထုတ္စြမ္းအားက်ဆင္းမႈ၊ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ မိသားစုဘဝေတြနဲ႔ရင္ဆုိင္ရပါလိမ့္မယ္။” ဟုလည္း အဆိုပါစစ္တမ္း၌ေဖာ္ျပခဲ့ပါတယ္။

<Zawgyi Version>

 

#soshweeducation

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

သူနာပြုတစ်ဦးရဲ့ကြင်နာမှုကြောင့် အသက်ဆက်ရှင်ခွင့်ရခဲ့တဲ့ ၈ နှစ်အရွယ်ကလေးငယ်။

Wrightstown ပြည်နယ်မှာနေထိုင်တဲ့ James Auten နဲ့ Ruth Auten တို့ရဲ့ အသက် ၈ နှစ်အရွယ်သားလေး Brayden Auten ဟာ ၂၀၂၀ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro