ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းမြင့်မားနေခြင်းကြောင့် လက်ရှိအချိန်၌ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသခြင်းကို ရပ်ဆိုင်းထားရပေမယ့် ဝတ္ထုစာအုပ်များကို အခြေခံပြီး ရိုက်ကူးထားသည့် ဇာတ်လမ်းအများအပြား ယခုနှစ်အတွင်း၌ ထွက်ရှိလာဦးမည်ဖြစ်ရာ အဆိုပါဇာတ်ကားများကို ဖော်ပြပေးလိုက်ရပါတယ်။
Dolittle
ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် စာရေးဆရာကြီး Hugh Lofting ရဲ့ Doctor Dolittle စာအုပ်ကို အခြေခံရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပါတယ်။
The Turning
Henry James ရဲ့ The Turn of the Screw စာအုပ်ကို အခြေခံရိုက်ကူးထားသည့် သည်းထိတ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။
To All The Boys 2: PS I Still Love You
အမေရိကန်စာရေးဆရာမ Jenny Han ရဲဲ့ စာအုပ်မှ ဇာတ်လမ်းကို ကျောထောက်နောက်ခံပြုကာ ရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်ပြီး Netflix မှတစ်ဆင့် ကြည့်ရှု့ခံစားနိုင်မည်ဖြစ်ပါတယ်။
The Call of the Wild
တိရိစ္ဆာန်ချစ်သူများ၊ အထူးသဖြင့် ခွေးချစ်သူများအတွက် မဖြစ်မနေကြည့်ရှုသင့်သည့် ဇာတ်ကားကောင်းဖြစ်ပါတယ်။
Emma
Jane Austen ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပါတယ်။
The Invisible Man
စာရေးဆရာကြီး H.G.Wells ရဲ့ ဝတ္ထုကို အခြေခံထားသည့် သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။
Stargirl
Jerry Spinelli ရဲ့ (၂၀၀၀) ပြည့်နှစ်၊ သြဂုတ်လ (၈) ရက်နေ့က ထုတ်ဝေခဲ့သည့် Stargirl စာအုပ်ကို အခြေပြုရိုက်ကူးထားခြင်းဖြစ်ပြီး ဟာသဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။
The Personal History of David Copperfield
Charles Dickens ရဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားသည့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
The Secret Garden
Colin Firth ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး ဝမ်းနည်းစရာဇာတ်ကားဖြစ်ပါတယ်။
The Woman in the Window
A.J. Finn ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားသည့် အဆိုပါဇာတ်ကား၌ Amy Adams က အကောင်းဆုံး ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
Artemis Fowl
Eoin Colfer ရဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်ပြီး ပရိသတ်များကို မတူညီသည့်ရသများပေးစွမ်းနိုင်မည့် ဇာတ်ကားကောင်းဖြစ်ပါတယ်။
အဆိုပါဇာတ်ကားများအပြင် Dune၊ Death on the Nile၊ The Witches၊ The Last Letter From Your Lover နဲ့ Rebecca ကဲ့သို့သော ဇာတ်ကားကောင်းများလည်း ထွက်ရှိလာဦးမည်ဖြစ်ပါတယ်။
<Unicode Version>
ဝတ္ထုစာအုပ်များကို အခြေခံရိုက်ကူးထားသော ဇာတ်ကားအများအပြားထွက်ရှိလာမည့် (၂၀၂၀) ခုနှစ်။
Dolittle
The Turning
အမေရိကန်စာရေးဆရာမ Jenny Han ရဲ့ စာအုပ်မှ ဇာတ်လမ်းကို ကျောထောက်နောက်ခံပြုကာ ရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်ပြီး Netflix မှတစ်ဆင့် ကြည့်ရှု့ခံစားနိုင်မည်ဖြစ်ပါတယ်။
The Call of the Wild
Emma
The Invisible Man
Stargirl
The Secret Garden
The Woman in the Window
Artemis Fowl
<Zawgyi Version>
Source ~ Cosmopolitan
#HM(Soshwe)
#soshweentertainment
#soshweforyourdailyllife
#likeandshare