Breaking News

Graduation အတွက်ထာဝရအကောင်းဆုံးနှုတ်ဆက်သီချင်းများ။

ကျောင်းများပိတ်ချိန်၌ သူငယ်ချင်းများမခွဲခွာခင် အမှတ်တရသီချင်းများကို အတူတကွသီဆိုကြစမြဲဖြစ်ပါတယ်။ လက်ရှိအချိန်၌မူကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေသည့်အချိန်ဖြစ်နေခြင်းကြောင့် ကျောင်းဆင်းပွဲများ၊ နှုတ်ဆက်ပွဲများကို ပုံမှန်အတိုင်းပြုလုပ်ရန်ခက်ခဲနေပေမယ့် ယခုဖော်ပြပေးမယ့် အကောင်းဆုံးနှုတ်ဆက်သီချင်းများကို နားထောင်ရင်း၊ တီးတိုးသီဆိုရင်းဖြင့်လည်း သူငယ်ချင်းများကို ရင်ဘတ်ထဲမှနှုတ်ဆက်နိုင်ပါတယ်။

 

Good Riddance (Time of Your Life) – Green Day

အဆိုပါသီချင်းကို ကျွန်တော်တို့အားလုံးအကြိမ်ပေါင်းများစွာကြားဖူးခဲ့ကြပြီး “It’s something unpredictable, but in the end it’s right/ I hope you had the time of your life” ဆိုသည့် စာသားကလည်း နှလုံးသားတည့်တည့်ကို ထိမှန်စေနိုင်သည့် သီချင်းစာသားဖြစ်ပါတယ်။

 

Graduation – Vitamin C

အဆိုပါသီချင်းကို (၉၀) ခုနှစ်ဖွားအားလုံး အမှတ်ရနေကြမည်ဖြစ်ပြီး (၁၉၉၉) ခုနှစ်၌ စတင်ကြားသိခွင့်ရခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘဝရဲ့နောက်တစ်ဆင့်ကိုမတက်လှမ်းမှီ အခိုက်အတန့်တိုင်းအတွက် အဆိုပါသီချင်းက အကောင်းဆုံးအဖော်မွန်အဖြစ်ရှိနေမည်လည်းဖြစ်ပါတယ်။

 

Unwritten – Natasha Bedingfield

စိန်ခေါ်မှုအသစ်များကိုရင်ဆိုင်ရတော့မည့်သူများအတွက် အမှတ်တရသီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး မမြင်နိုင်သည့်အနာဂတ်၌ အံ့အားသင့်ဖွယ်ရာများစောင့်မျှော်နေမည်ဆိုသည့်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

Moment 4 Life –Nicki Minaj

ပြီးခဲ့သည့်အတိတ်ကိုပြန်မရနိုင်တော့ဘဲ အနာဂတ်ကိုမျှော်ကြည့်ရင်းဘဝကိုရှေ့ဆက်ရတော့မည်ဆိုသည့် အတွေးမျိုးကို ဘွဲ့ရကျောင်းသားတိုင်းခံစားခဲ့ဖူးသည်မှာ အသေအချာပင်ဖြစ်ပါတယ်။ Moment 4 Life ဆိုသည့်စကားလုံးကပင် ဘဝ၌ပြန်လည်မရရှိနိုင်တော့မည့် အထက်တန်းကျောင်းသားနဲ့ တက္ကသိုလ်ကျောင်းသားဘဝမှ အမှတ်တရဖြစ်ရပ်များကို အပြည့်အဝရည်ညွှန်းထားပြီးဖြစ်ပါတယ်။

 

See You Again – Wiz Khalifah feat: Charlie Puth

Fast & Furious 7 ဇာတ်ကားအပြီး မတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့သည့် Paul Walker အတွက် ရည်စူးရေးသားထားသည့် သီချင်းတစ်ပုဒ်ပင်ဖြစ်လင့်ကစား မိမိရဲ့သူငယ်ချင်းကောင်းများကို နှုတ်ဆက်သည့်အချိန်၌ အဆိုပါသီချင်းက ခံစားချက်အပြည့်ဖြင့်လွမ်းဆွေးစရာကောင်းသည့် သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

 

The Climb – Miley Cyrus

အမိကျောင်းတော်ကြီးကိုနှုတ်ဆက်အပြီး ဘဝကိုရှေ့ဆက်ရတော့မည့်သူများအတွက် ဘဝကိုတောင်ကုန်းတစ်ခုအဖြစ် ခိုင်းနှိုင်းကာခွန်အားပေးသီဆိုထားသည့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

Started From the Bottom – Drake

(၂၀၁၃) ခုနှစ်က စတင်ထုတ်ဝေခဲ့သည့်အဆိုပါသီချင်းသည် “started from the bottom, now we’re here” ဆိုသည့် သီချင်းစာသားဖြင့် နာမည်ကျော်ကြားခဲ့ပြီး အောက်ခြေကစတင်ခဲ့ရပေမယ့် လက်ရှိအချိန်၌ ဘွဲ့ထူး၊ ဂုဏ်ထူးများဖြင့် တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်ထားသည့်အကြောင်းကို ရည်ရွယ်သီဆိုထားသည့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

Everybody’s Free (To Wear Sunscreen) – Baz Luhrmann

(၁၉၉၉) ခုနှစ်တည်းကသီချင်းတစ်ပုဒ်ဖြစ်ပေမယ့် ယခု (၂၀၂၀) ခုနှစ်အထိ အမှတ်ရနေဆဲဖြစ်သည့် သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ အခြားသူများကို မနာလိုစိတ်မမွေးရန်၊ မိသားစုအပေါ်အချိန်ပေးရင်း သူတစ်ပါးရဲ့အသည်းနှလုံးကို မဆင်မခြင်ဆော့ကစားခြင်းမပြုရန် ပညာပေးထားသည့်သီချင်းတစ်ပုဒ်ဖြစ်ပြီး သီချင်း၌ပါဝင်သည့် အကြောင်းအရာများသည် ဘဝတစ်လျှောက်လုံးအတွက် ဆင်ခြင်သုံးသပ်ဖွယ်ရာ အကြောင်းအရာများပင်ဖြစ်ပါတယ်။

<Unicode Version>

 

 

 

Graduation အတြက္ထာဝရအေကာင္းဆံုးႏႈတ္ဆက္သီခ်င္းမ်ား။

ေက်ာင္းမ်ားပိတ္ခ်ိန္၌ သူငယ္ခ်င္းမ်ားမခဲြခြာခင္ အမွတ္တရသီခ်င္းမ်ားကို အတူတကြသီဆိုၾကစၿမဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္၌မူကိုရိုနာဗုိင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔ေနသည့္အခ်ိန္ျဖစ္ေနျခင္းေၾကာင့္ ေက်ာင္းဆင္းပြဲမ်ား၊ ႏႈတ္ဆက္ပဲြမ်ားကို ပံုမွန္အတိုင္းျပဳလုပ္ရန္ခက္ခဲေနေပမယ့္ ယခုေဖာ္ျပေပးမယ့္ အေကာင္းဆံုးႏႈတ္ဆက္သီခ်င္းမ်ားကို နားေထာင္ရင္း၊ တီးတိုးသီဆိုရင္းျဖင့္လည္း သူငယ္ခ်င္းမ်ားကို ရင္ဘတ္ထဲမွႏႈတ္ဆက္ႏုိင္ပါတယ္။

 

Good Riddance (Time of Your Life) – Green Day

အဆုိပါသီခ်င္းကို ကြ်န္ေတာ္တုိ႔အားလံုးအႀကိမ္ေပါင္းမ်ားစြာၾကားဖူးခဲ့ၾကၿပီး “It’s something unpredictable, but in the end it’s right/ I hope you had the time of your life” ဆိုသည့္ စာသားကလည္း ႏွလံုးသားတည့္တည့္ကို ထိမွန္ေစႏုိင္သည့္ သီခ်င္းစာသားျဖစ္ပါတယ္။

 

Graduation – Vitamin C

အဆိုပါသီခ်င္းကို (၉၀) ခုႏွစ္ဖြားအားလံုး အမွတ္ရေနၾကမည္ျဖစ္ၿပီး (၁၉၉၉) ခုႏွစ္၌ စတင္ၾကားသိခြင့္ရခဲ့သည့္ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။ ဘဝရဲ႕ေနာက္တစ္ဆင့္ကိုမတက္လွမ္းမွီ အခိုက္အတန္႔တိုင္းအတြက္ အဆုိပါသီခ်င္းက အေကာင္းဆံုးအေဖာ္မြန္အျဖစ္ရွိေနမည္လည္းျဖစ္ပါတယ္။

 

Unwritten – Natasha Bedingfield

စိန္ေခၚမႈအသစ္မ်ားကိုရင္ဆုိင္ရေတာ့မည့္သူမ်ားအတြက္ အမွတ္တရသီခ်င္းေကာင္းတစ္ပုဒ္ျဖစ္ၿပီး မျမင္ႏုိင္သည့္အနာဂတ္၌ အံ့အားသင့္ဖြယ္ရာမ်ားေစာင့္ေမွ်ာ္ေနမည္ဆိုသည့္သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။

 

Moment 4 Life –Nicki Minaj

ၿပီးခဲ့သည့္အတိတ္ကိုျပန္မရႏိုင္ေတာ့ဘဲ အနာဂတ္ကိုေမွ်ာ္ၾကည့္ရင္းဘဝကိုေရွ႕ဆက္ရေတာ့မည္ဆုိသည့္ အေတြးမ်ိဳးကို ဘဲြ႕ရေက်ာင္းသားတိုင္းခံစားခဲ့ဖူးသည္မွာ အေသအခ်ာပင္ျဖစ္ပါတယ္။ Moment 4 Life ဆိုသည့္စကားလံုးကပင္ ဘဝ၌ျပန္လည္မရရွိႏုိင္ေတာ့မည့္ အထက္တန္းေက်ာင္းသားနဲ႔ တကၠသိုလ္ေက်ာင္းသားဘဝမွ အမွတ္တရျဖစ္ရပ္မ်ားကို အျပည့္အဝရည္ညႊန္းထားၿပီးျဖစ္ပါတယ္။

 

See You Again – Wiz Khalifah feat: Charlie Puth

Fast & Furious 7 ဇာတ္ကားအၿပီး မေတာ္တဆမႈျဖင့္ ကြယ္လြန္သြားခဲ့သည့္ Paul Walker အတြက္ ရည္စူးေရးသားထားသည့္ သီခ်င္းတစ္ပုဒ္ပင္ျဖစ္လင့္ကစား မိမိရဲ႕သူငယ္ခ်င္းေကာင္းမ်ားကို ႏႈတ္ဆက္သည့္အခ်ိန္၌ အဆုိပါသီခ်င္းက ခံစားခ်က္အျပည့္ျဖင့္လြမ္းေဆြးစရာေကာင္းသည့္ သီခ်င္းတစ္ပုဒ္ျဖစ္လာခဲ့ပါတယ္။

 

The Climb – Miley Cyrus

အမိေက်ာင္းေတာ္ႀကီးကိုႏႈတ္ဆက္အၿပီး ဘဝကိုေရွ႕ဆက္ရေတာ့မည့္သူမ်ားအတြက္ ဘဝကိုေတာင္ကုန္းတစ္ခုအျဖစ္ ခိုင္းႏိႈင္းကာခြန္အားေပးသီဆိုထားသည့္ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။

 

Started From the Bottom – Drake

(၂၀၁၃) ခုႏွစ္က စတင္ထုတ္ေဝခဲ့သည့္အဆိုပါသီခ်င္းသည္ “started from the bottom, now we’re here” ဆိုသည့္ သီခ်င္းစာသားျဖင့္ နာမည္ေက်ာ္ၾကားခဲ့ၿပီး ေအာက္ေျခကစတင္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္၌ ဘဲြ႕ထူး၊ ဂုဏ္ထူးမ်ားျဖင့္ ေတာက္ပသည့္အနာဂတ္ကို ပိုင္ဆိုင္ထားသည့္အေၾကာင္းကို ရည္ရြယ္သီဆိုထားသည့္ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။

 

Everybody’s Free (To Wear Sunscreen) – Baz Luhrmann

(၁၉၉၉) ခုႏွစ္တည္းကသီခ်င္းတစ္ပုဒ္ျဖစ္ေပမယ့္ ယခု (၂၀၂၀) ခုႏွစ္အထိ အမွတ္ရေနဆဲျဖစ္သည့္ သီခ်င္းတစ္ပုဒ္လည္းျဖစ္ပါတယ္။ အျခားသူမ်ားကို မနာလိုစိတ္မေမြးရန္၊ မိသားစုအေပၚအခ်ိန္ေပးရင္း သူတစ္ပါးရဲ႕အသည္းႏွလံုးကို မဆင္မျခင္ေဆာ့ကစားျခင္းမျပဳရန္ ပညာေပးထားသည့္သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး သီခ်င္း၌ပါဝင္သည့္ အေၾကာင္းအရာမ်ားသည္ ဘဝတစ္ေလွ်ာက္လံုးအတြက္ ဆင္ျခင္သံုးသပ္ဖြယ္ရာ အေၾကာင္းအရာမ်ားပင္ျဖစ္ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ကြည့်ရှုသူပရိသတ်တွေရဲ့ မျှော်မှန်းချက်အတိုင်း မဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ။

ရုပ်ရှင်ကြည့်ပရိသတ်တွေဟာဆိုရင် ရုပ်ရှင်တစ်ကားမထွက်လာခင် ထိုဇာတ်ကားရဲ့Trailer ကို ကြည့်ပြီးတဲ့နောက်မှာပဲ ဇာတ်လမ်းတစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်မျှော်လင့်ချက်လေးတွေ ထားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ကားလုံး လူထုရှေ့ရောက်လာတဲ့အခါမှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro