Breaking News

ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူရန်ပစ်မှတ်ထားနေဆဲဖြစ်သည့် ရီးရဲယ်မက်ဒရစ်နဲ့ PSG

ဥရောပထိပ်တန်းအသင်းကြီးနှစ်သင်းဖြစ်သည့် ရီးရဲယ်မက်ဒရစ်နဲ့ PSG အသင်းတို့သည် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာကို ရေရှည်ပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားသည် လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းကို စွန့်ခွာရန်သတင်းများထွက်ပေါ်နေသည့်ကစားသမားဖြစ်ပြီး ပေါ့ဘာကိုခေါ်ယူရန် အသင်းဟောင်းဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

ဂျူဗင်တပ်စ်အသင်းကမူ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးကိုအပြည့်အဝပေးချေလိုခြင်းမရှိဘဲ ကစားသမားတစ်ဦးဦးနဲ့အလိုက်ပေးကမ်းလှမ်းရန်ဆန္ဒရှိနေခြင်းကြောင့် ပေါ့ဘာကိုခေါ်ယူရန် အခွင့်အလမ်း နည်းပါးနေပါတယ်။ Le 10 Sport သတင်းဌာနရဲ့အဆိုအရ ရီးရဲယ်မက်ဒရစ်အသင်းနဲ့ PSG အသင်းတို့သည် သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်ခဲ့သည့်ပေါ့ဘာကိုခေါ်ယူရန် လာမယ့်လအတွင်း၌ပင် စတင်ကြိုးပမ်းရန် ပြင်ဆင်နေပြီး PSG အသင်းအနေဖြင့် သူတို့ရဲ့အဓိကကြယ်ပွင့်ကစားသမားနှစ်ယောက်ဖြစ်သည့် အမ်ဘာပေနဲ့နေမာတို့ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ရန် အပူတပြင်းကြိုးစားလျက်ရှိကြောင်း သိရှိရပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းဥက္ကဌပီရက်ဇ်သည် ပေါ့ဘာကိုကာလရှည်သဘောကျခဲ့သည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နည်းပြဇီဒန်းကလည်း ပေါ့ဘာကိုခေါ်ယူရန်ဆန္ဒရှိနေပါတယ်။ ပေါ့ဘာကိုယ်တိုင်က ရီးရဲယ်မက်ဒရစ်အသင်း၌ ကစားရခြင်းက ကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးတာကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ပေါ့ဘာကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီး (၃) သင်းဖြစ်သည့် ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ PSG အသင်းတို့က အပြိုင်အဆိုင်ကြိုးစားလာကြဖွယ်ရှိနေပါတယ်။

<Unicode Version>

 

 

ယူႏုိက္တက္ၾကယ္ပြင့္ကို ေခၚယူရန္ပစ္မွတ္ထားေနဆဲျဖစ္သည့္ ရီးရဲယ္မက္ဒရစ္နဲ႔ PSG

ဥေရာပထိပ္တန္းအသင္းႀကီးႏွစ္သင္းျဖစ္သည့္ ရီးရဲယ္မက္ဒရစ္နဲ႔ PSG အသင္းတို႔သည္ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေပါ့ဘာကုိ ေရရွည္ပစ္မွတ္အျဖစ္ သတ္မွတ္ထားဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆုိပါျပင္သစ္လက္ေရြးစင္ကြင္းလယ္ကစားသမားသည္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ ယူႏုိက္တက္အသင္းကုိ စြန္႔ခြာရန္သတင္းမ်ားထြက္ေပၚေနသည့္ကစားသမားျဖစ္ၿပီး ေပါ့ဘာကိုေခၚယူရန္ အသင္းေဟာင္းဂ်ဴဗင္တပ္စ္အသင္းကလည္း စိတ္ဝင္စားလ်က္ရွိပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကမူ ေပါ့ဘာအတြက္ ေျပာင္းေရႊ႕ေၾကးကိုအျပည့္အဝေပးေခ်လိုျခင္းမရွိဘဲ ကစားသမားတစ္ဦးဦးနဲ႔အလုိက္ေပးကမ္းလွမ္းရန္ဆႏၵရွိေနျခင္းေၾကာင့္ ေပါ့ဘာကိုေခၚယူရန္ အခြင့္အလမ္း နည္းပါးေနပါတယ္။ Le 10 Sport သတင္းဌာနရဲ႕အဆိုအရ ရီးရဲယ္မက္ဒရစ္အသင္းနဲ႔ PSG အသင္းတို႔သည္ သူတို႔ရဲ႕ကာလရွည္ပစ္မွတ္ျဖစ္ခဲ့သည့္ေပါ့ဘာကိုေခၚယူရန္ လာမယ့္လအတြင္း၌ပင္ စတင္ႀကိဳးပမ္းရန္ ျပင္ဆင္ေနၿပီး PSG အသင္းအေနျဖင့္ သူတုိ႔ရဲ႕အဓိက​ၾကယ္ပြင့္ကစားသမားႏွစ္ေယာက္ျဖစ္သည့္ အမ္ဘာေပနဲ႔ေနမာတို႔ကိုလည္း စာခ်ဳပ္သက္တမ္းတိုးႏိုင္ရန္ အပူတျပင္းႀကိဳးစားလ်က္ရွိေၾကာင္း သိရွိရပါတယ္။

ရီးရဲယ္မက္ဒရစ္အသင္းဥကၠဌပီရက္ဇ္သည္ ေပါ့ဘာကိုကာလရွည္သေဘာက်ခဲ့သည့္ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး နည္းျပဇီဒန္းကလည္း ေပါ့ဘာကိုေခၚယူရန္ဆႏၵရွိေနပါတယ္။ ေပါ့ဘာကိုယ္တိုင္က ရီးရဲယ္မက္ဒရစ္အသင္း၌ ကစားရျခင္းက ကစားသမားတိုင္းရဲ႕အိပ္မက္ျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ဖူးတာေၾကာင့္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ ေပါ့ဘာကိုေခၚယူရန္ ဥေရာပထိပ္တန္းအသင္းႀကီး (၃) သင္းျဖစ္သည့္ ရီးရဲယ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္နဲ႔ PSG အသင္းတို႔က အၿပိဳင္အဆိုင္ႀကိဳးစားလာၾကဖြယ္ရွိေနပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro