Breaking News

Lady Gaga ရဲ့ တေးသီချင်းအယ်လ်ဘမ်အသစ်အကြောင်းသိကောင်းစရာ။

(၂၀၂၀) ခုနှစ်အတွင်း၌ နာမည်ကျော်အဆိုတော် Lady Gaga ရဲ့  တေးသီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ Lady Gaga အနေဖြင့် အဆိုပါအယ်လ်ဘမ်အတွက် ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်၊ နိုဝင်ဘာလတည်းက စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က “ကျွန်မသီချင်းတွေ စရေးနေပါပြီ။ အိုင်ဒီယာတွေအများကြီး ဖန်တီးချင်တာကြောင့် ကျွန်မအတွက် အချိန်အနည်းငယ်တော့ လိုအပ်ပါတယ်။” ဟုပြောကြားခဲ့ဖူးပါတယ်။

Lady Gaga ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်သည့် Stupid Love ကို ယခုနှစ်အစောပိုင်းက ပရိသတ်များထံ ချပြခဲ့ပြီးဖြစ်ပြီး ကနဦး၌ အယ်လ်ဘမ်အသစ်ကို ဧပြီလ (၁၀) ရက်နေ့၌ ထုတ်ဝေရန်ပြင်ဆင်ခဲ့ပေမယ့် Lady Gaga ကမူ သတ်မှတ်ထားသည့်ရက်ထက်နောက်ဆုတ်ခဲ့ပါတယ်။ ယခုကဲ့သို့  နောက်ဆုတ်ထားသည့် အချိန်ကာလအတွင်း၌ Lady Gaga က သူမပုံရိပ်များဖြင့်  ပြုလုပ်ထားသော တေးသီချင်းကာဗာပုံများကို ပရိသတ်များထံမျှဝေခဲ့ကြောင်းလည်း သိရှိရပါတယ်။ လက်ရှိအချိန်၌မူ Lady Gaga ရဲ့  တေးသီချင်းအယ်လ်ဘမ်အသစ်ဖြစ်သည့် “Chromatica” ကို လာမယ့်မေလ (၂၉) ရက်နေ့၌ ဖြန့်ချိသွားမည်ဟု သိရှိရပါတယ်။

Lady Gaga ရဲ့ အယ်လ်ဘမ်အသစ်၌ Ariana Grande နဲ့ Blackpink တို့ကဲ့သို့ နာမည်ကျော်အဆိုတော်များ  ပူးပေါင်းသီဆိုထားကြပြီး Ariana Grande က “Rain on Me” သီချင်းကို Lady Gaga နဲ့အတူ တွဲဖက်သီဆိုထားကြောင်း သိရှိရပါတယ်။ K- pop ပရိသတ်များအပြင် ကမ္ဘာအနှံ့က ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသည့် Blackpink ကလည်း “Sour Candy” သီချင်းကို ပါဝင်သီဆိုပေးထားပြီး Elton John ကလည်း “Sine From Above” ဆိုသည့် သီချင်းဖြင့် ပူးပေါင်းအားဖြည့်ပေးထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် Justin Bieber ရဲ့ Sorry ၊ Camila Cabello ရဲ့ Easy ၊ Selena Gomez ရဲ့ Lose You to Love Me ၊ Ariana Grande ရဲ့ Fake Smile ၊ Cardi B ရဲ့ Thru Your Phone ၊ Halsey ရဲ့ Bad at Love သီချင်းတို့ကဲ့သို့ နာမည်ကျော်တေးသီချင်းအများအပြားကို ရေးသားပေးခဲ့ဖူးသည့် တေးရေးဆရာ Justin Tranter ကလည်း Lady Gaga ရဲ့ အယ်လ်ဘမ်အသစ်၌ ပူးပေါင်းပါဝင်အားဖြည့်ပေးထားကြောင်း သိရှိရပါတယ်။

View this post on Instagram

#Chromatica ⚔️💓 2020

A post shared by Lady Gaga (@ladygaga) on

 

ဒါ့အပြင် Michael Tucker ကလည်း Lady Gaga ရဲ့ အယ်လ်ဘမ်အသစ်အတွက် ပါဝင်ကူညီပေးထားပြီး Mark Ronson ၊ Sophie ၊ Boys Noize တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရှိရပါတယ်။ ဒါ့အပြင် Lady Gaga ရဲ့ အယ်လ်ဘမ်အသစ်၌ ပန်းရောင်ကိုအခြေခံပြီးထူးခြားဆန်းသစ်သည့် အသွင်သဏ္ဍာန်ပုံရိပ်များကိုလည်း မြင်တွေ့ရဖွယ်ရှိိနေပါတယ်။

<Unicode Version>

 

 

Lady Gaga ရဲ႕ ေတးသီခ်င္းအယ္လ္ဘမ္အသစ္အေၾကာင္းသိေကာင္းစရာ။

(၂၀၂၀) ခုႏွစ္အတြင္း၌ နာမည္ေက်ာ္အဆိုေတာ္ Lady Gaga ရဲ႕  ေတးသီခ်င္းအယ္လ္ဘမ္အသစ္ ထြက္ရွိလာေတာ့မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ Lady Gaga အေနျဖင့္ အဆိုပါအယ္လ္ဘမ္အတြက္ ၿပီးခဲ့သည့္ (၂၀၁၇) ခုႏွစ္၊ ႏုိဝင္ဘာလတည္းက စတင္ျပင္ဆင္ခဲ့ျခင္းျဖစ္ၿပီး ထိုစဥ္က “ကြ်န္မသီခ်င္းေတြ စေရးေနပါၿပီ။ အုိင္ဒီယာေတြအမ်ားႀကီး ဖန္တီးခ်င္တာေၾကာင့္ ကြ်န္မအတြက္ အခ်ိန္အနည္းငယ္ေတာ့ လိုအပ္ပါတယ္။” ဟုေျပာၾကားခဲ့ဖူးပါတယ္။

Lady Gaga ရဲ႕ သီခ်င္းအသစ္တစ္ပုဒ္ျဖစ္သည့္ Stupid Love ကို ယခုႏွစ္အေစာပိုင္းက ပရိသတ္မ်ားထံ ခ်ျပခဲ့ၿပီးျဖစ္ၿပီး ကနဦး၌ အယ္လ္ဘမ္အသစ္ကို ဧၿပီလ (၁၀) ရက္ေန႔၌ ထုတ္ေဝရန္ျပင္ဆင္ခဲ့ေပမယ့္ Lady Gaga ကမူ သတ္မွတ္ထားသည့္ရက္ထက္ေနာက္ဆုတ္ခဲ့ပါတယ္။ ယခုကဲ့သို႔  ေနာက္ဆုတ္ထားသည့္ အခ်ိန္ကာလအတြင္း၌ Lady Gaga က သူမပံုရိပ္မ်ားျဖင့္  ျပဳလုပ္ထားေသာ ေတးသီခ်င္းကာဗာပံုမ်ားကို ပရိသတ္မ်ားထံမွ်ေဝခဲ့ေၾကာင္းလည္း သိရွိရပါတယ္။ လက္ရွိအခ်ိန္၌မူ Lady Gaga ရဲ႕  ေတးသီခ်င္းအယ္လ္ဘမ္အသစ္ျဖစ္သည့္ “Chromatica” ကို လာမယ့္ေမလ (၂၉) ရက္ေန႔၌ ျဖန္႔ခ်ိသြားမည္ဟု သိရွိရပါတယ္။

Lady Gaga ရဲ႕ အယ္လ္ဘမ္အသစ္၌ Ariana Grande နဲ႔ Blackpink တုိ႔ကဲ့သုိ႔ နာမည္ေက်ာ္အဆိုေတာ္မ်ား  ပူးေပါင္းသီဆိုထားၾကၿပီး Ariana Grande က “Rain on Me” သီခ်င္းကို Lady Gaga နဲ႔အတူ တဲြဖက္သီဆိုထားေၾကာင္း သိရွိရပါတယ္။ K- pop ပရိသတ္မ်ားအျပင္ ကမာၻအႏွံ႔က ပရိသတ္မ်ားရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားသည့္ Blackpink ကလည္း “Sour Candy” သီခ်င္းကို ပါဝင္သီဆိုေပးထားၿပီး Elton John ကလည္း “Sine From Above” ဆုိသည့္ သီခ်င္းျဖင့္ ပူးေပါင္းအားျဖည့္ေပးထားေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ Justin Bieber ရဲ႕ Sorry ၊ Camila Cabello ရဲ႕ Easy ၊ Selena Gomez ရဲ႕ Lose You to Love Me ၊ Ariana Grande ရဲ႕ Fake Smile ၊ Cardi B ရဲ႕ Thru Your Phone ၊ Halsey ရဲ႕ Bad at Love သီခ်င္းတို႔ကဲ့သို႔ နာမည္ေက်ာ္ေတးသီခ်င္းအမ်ားအျပားကို ေရးသားေပးခဲ့ဖူးသည့္ ေတးေရးဆရာ Justin Tranter ကလည္း Lady Gaga ရဲ႕ အယ္လ္ဘမ္အသစ္၌ ပူးေပါင္းပါဝင္အားျဖည့္ေပးထားေၾကာင္း သိရွိရပါတယ္။

View this post on Instagram

#Chromatica ⚔️💓 2020

A post shared by Lady Gaga (@ladygaga) on

 

ဒါ့အျပင္ Michael Tucker ကလည္း Lady Gaga ရဲ႕ အယ္လ္ဘမ္အသစ္အတြက္ ပါဝင္ကူညီေပးထားၿပီး Mark Ronson ၊ Sophie ၊ Boys Noize တို႔ကလည္း ပူးေပါင္းပါဝင္ခဲ့ၾကေၾကာင္းသိရွိရပါတယ္။ ဒါ့အျပင္ Lady Gaga ရဲ႕ အယ္လ္ဘမ္အသစ္၌ ပန္းေရာင္ကိုအေျခခံၿပီးထူးျခားဆန္းသစ္သည့္ အသြင္သ႑ာန္ပံုရိပ္မ်ားကိုလည္း ျမင္ေတြ႕ရဖြယ္ရိွိေနပါတယ္။

<Zawgyi Version>

 

Source ~ Cosmopolitan

#HM(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro