HomeSportဝုလ်ဗ်တိုက်စစ်မှူးအတွက် အပြိုင်အဆိုင်ဖြစ်နေသည့် ယူနိုက်တက်နဲ့ အခြားသောဥရောပထိပ်တန်းအသင်းကြီးများ။

ဝုလ်ဗ်တိုက်စစ်မှူးအတွက် အပြိုင်အဆိုင်ဖြစ်နေသည့် ယူနိုက်တက်နဲ့ အခြားသောဥရောပထိပ်တန်းအသင်းကြီးများ။

- Advertisement -

ယူနိုက်တက်အပါအဝင် လီဗာပူးနဲ့ဂျူဗင်တပ်စ်အသင်းတို့သည် ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းရဲ့တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ်ကိုခေါ်ယူရန်အတွက် အပြိုင်အဆိုင်ဖြစ်နေကြကြောင်း သိရှိရပါတယ်။ အဆိုပါမက္ကဆီကိုလက်ရွေးစင်တိုက်စစ်မှူးသည် ပြီးခဲ့သည့် (၂၀၁၈-၁၉) ခုနှစ် ဘောလုံးရာသီ၌ အသင်းအတွက် (၉) ပွဲကစား၊ (၁၃) ဂိုးသွင်းယူနိုင်ခဲ့သလို လက်ရှိဘောလုံးရာသီ၌လည်း ဝုလ်ဗ်အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြလျက်ရှိပါတယ်။

ဝုလ်ဗ်အသင်းက ရာအူးလ်ဟီမီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင် (၅၇) သန်း သတ်မှတ်ထားပြီး ယူနိုက်တက်နဲ့လီဗာပူးအသင်းတို့က အဆိုပါတိုက်စစ်မှူးကို စိတ်ဝင်စားနေသလို လက်ရှိအချိန်၌ ဂျူဗင်တပ်စ်အသင်းကလည်း ရာအူးလ်ဟီမီနက်ဇ်ကို စိတ်ဝင်စားလာကြောင်း အီတလီအခြေစိုက် သတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းသည် အသင်းရဲ့အထောင်တိုက်စစ်မှူးဟီဂွါအင် အသက်အရွယ်အရအကျပိုင်းရောက်လာခြင်းကြောင့် ယခုကဲ့သို့ တိုက်စစ်မှူးသစ်ရှာဖွေနေခြင်းဖြစ်ပြီး နာပိုလီအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ မီလစ်ခ်ကိုခေါ်ယူရန်လည်း နီးစပ်ခဲ့ကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။

- Advertisement -

အီတလီအခြေစိုက် Tuttosport သတင်းဌာနက ဂျူဗင်တပ်စ်အသင်းအနေဖြင့်တိုက်စစ်ပိုင်းအတွက် နာမည်ကျော်တိုက်စစ်မှူးဖြစ်သူရော်နယ်ဒိုနဲ့တွဲပေးရန် ယခုကဲ့သို့ရာအူးလ်ဟီမီနက်ဇ်ကို စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ပြီး အသက် (၂၉) နှစ်အရွယ်အဆိုပါကစားသမားကို တစ်နှစ်လုပ်ခ ပေါင် (၂.၂၃) သန်းဖြင့် စာချုပ်ချုပ်ဆိုနိုင်ရန်ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

 





<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read