Breaking News

ကျွမ်းကျင်ဆရာ၊ ဆရာမဖြစ်စေရန်အတွက်နည်းလမ်းကောင်းအသွယ်သွယ်။

ယနေ့ခေတ်မြန်မာနိုင်ငံအတွင်းရှိ ကျောင်းများ၊ တက္ကသိုလ်များ၌ နိုင်ငံခြားသားဆရာ၊ ဆရာမများ တစ်စထက်တစ်စ နေရာယူလာခဲ့ပြီး ပုဂ္ဂလိကစာသင်ကျောင်းများပေါ်ပေါက်လာသည်နဲ့တစ်ပြိုင်နက် ဆရာ၊ ဆရာမလိုအပ်ချက်ကလည်း ယခင်ထက်ပိုမိုများပြားလာခဲ့ပါတယ်။ အင်္ဂလိပ်စာကျွမ်းကျင်မှုကို အလွန်အမင်းတောင်းဆိုလာသည့် ခေတ်ကာလအတွင်း၌ နိုင်ငံခြားမှဆရာ၊ ဆရာမများ မြန်မာပြည်ပညာရေးလောကအတွင်း ထိုးဖောက်ဝင်ရောက်လာခြင်းက ကျောင်းသားများ အင်္ဂလိပ်စာတိုးတက်ရေးအတွက် အကျိုးရှိစေသလို အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒေသတွင်းရှိ ဆရာ၊ ဆရာမများနဲ့လည်း အပြိုင်အဆိုင်ကြိုးပမ်းရမည်ဖြစ်ပါတယ်။ သို့ဖြစ်ရာ ကျွမ်းကျင်အဆင့်ဆရာ၊ ဆရာမများ ဖြစ်လာစေရေးအတွက် လိုအပ်သည့်နည်းစနစ်များကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ အရည်အချင်းပြည့်ဝနေပါစေ။

ဆရာ၊ ဆရာမတစ်ယောက်ဖြစ်ရန်အတွက် တက္ကသိုလ်ဘွဲ့တစ်ခုခုမဖြစ်မနေလိုအပ်ပြီး အနိမ့်ဆုံးအနေဖြင့် ပြည်နယ်မှထုတ်ပေးထားသည့် စာသင်ကြားရန်အရည်အချင်းပြည့်မှီကြောင်း လက်မှတ်တစ်စောင် မဖြစ်မနေ လိုအပ်ပါတယ်။ မိမိကိုယ်တိုင်က အင်္ဂလိပ်စာအထူးပြုမဟုတ်လင့်ကစား အင်္ဂလိပ်စာဘာသာရပ်ကို သင်ယူရန်ဆန္ဒရှိပါက Cambridge CELTA သို့မဟုတ် Trinity Certified TESOL တစ်ခုခုရရှိထားပါက ကိုယ့်ကိုယ်ကိုယ်ပိုမိုယုံကြည်မှုရှိနေမည်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ၌ ဆရာ၊ ဆရာမများအတွက် လိုအပ်ချက်ကို ကြီးကြီးမားမားကန့်သတ်ထားခြင်းမရှိပေမယ့် မိမိထံ၌လုံလောက်သည့် ပညာအရည်အချင်းရှိထားရန် လိုအပ်ပါတယ်။

 

၂။ ကိုယ့်ကိုယ်ကိုယ်နဲ့ကိုယ့်ကျောင်းအကြောင်းကို ကောင်းမွန်စွာသိရှိပါစေ။

မိမိတာဝန်ထမ်းဆောင်မည့်ကျောင်းက မည်ကဲ့သို့အမျိုးအစားဖြစ်သည်ဆိုခြင်းကို  ကောင်းမွန်စွာ သိရှိနားလည်ထားရန်လိုအပ်ပြီး ကျောင်းရဲ့အုပ်ချုပ်မှုစနစ်များမည်သည့်အနေအထားရှိသည်ဆိုခြင်းကို အဆိုပါကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာ၊ ဆရာမဟောင်းများရဲ့ အွန်လိုင်းပေါ်မှတုံ့ပြန်မှုများကို ရှာဖွေဆန်းစစ်နိုင်ပါတယ်။

 

၃။ တတ်နိုင်သလောက် အွန်လိုင်းပေါ်မှအလုပ်မလျှောက်ပါနဲ့။

မြန်မာနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား ဆရာ၊ ဆရာမအတွက်တင်မဘဲ နိုင်ငံခြားသားဆရာ၊ ဆရာမအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်း အများအပြားရှိပါတယ်။ ဒါပေမယ့် အဆိုပါအလုပ်အကိုင်အခွင့်အလမ်းများကို  တောင်ကိုရီးယားနဲ့တရုတ်နိုင်ငံတို့ကဲ့သို့ အွန်လိုင်းပေါ်၌ မြင်တွေ့ရန်ခက်ခဲပြီး အနည်းငယ်ကိုသာ အွန်လိုင်းပေါ်၌ မြင်တွေ့ရတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၌ အလုပ်မလုပ်ခင် အဆိုပါနိုင်ငံမှဆရာ၊ ဆရာမကောင်းများနဲ့ ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားသင့်ပြီး အဆိုပါအချက်ကလည်း မိမိအတွက် ကောင်းကျိုးဖြစ်စေနိုင်မည့်အချက်တစ်ခုပင်ဖြစ်ပါတယ်။

 

၄။ ကျောင်းရဲ့တာဝန်ရှိသူများကို သေချာအကဲဖြတ်နိုင်ပါစေ။

အလုပ်လက်မခံခင် အင်တာဗျူး၌ပင် ကျောင်းရဲ့တာဝန်ရှိသူများ၊ အထူးသဖြင့် မန်နေဂျာများကို သေချာစွာအကဲဖြတ်နိုင်ရန် လိုအပ်ပါတယ်။ အချို့သောနိုင်ငံခြားသားမန်နေဂျာများက မိမိကို ကူညီမည့်သူများဖြစ်သော်ငြားလည်း အချို့မှာမူ မိမိကိုဒုက္ခပေးမည့်၊ မိမိအရည်အချင်းများကို ပျက်စီးစေမည့်သူများဖြစ်နိုင်ပါတယ်။ အွန်လိုင်းမှတစ်ဆင့်လည်း မိမိနဲ့အလုပ်တွဲလုပ်မည့်သူများရဲ့ အကြောင်းအရာများကိုရှာဖွေနိုင်ပြီး အကယ်၍ မိမိအလုပ်ဝင်ရမည့်ကျောင်းက နာမည်ပျက်ရှိနေပါက အချိန်မှီရှောင်ရှားနိုင်ရန်လိုအပ်ပါတယ်။

 

၅။ အလုပ်သမားဥပဒေများကို ကျွမ်းကျင်စွာသိရှိထားပါစေ။

ကျွမ်းကျင်ဆရာ၊ ဆရာမတစ်ယောက်အနေဖြင့် ကျင့်ဝတ်နဲ့မညီသည့်ကျောင်းရဲ့ လိမ်လည်လှည့်ဖြားခြင်းကို ခံရနိုင်ချေနည်းပါးပေမယ့် မိမိအလှည့်၌ထိုကဲ့သို့မဖြစ်စေရန် အရေးကြီးပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့အညီ အလုပ်လုပ်ကိုင်နေသည့် ဆရာ၊ ဆရာမများကို တစ်လကြိုတင်အကြောင်းမကြားဘဲ  ကျောင်းမှထုတ်ပယ်ခွင့်မရှိခြင်းကို သိရှိနားလည်ထားရန်လိုအပ်ပြီး တစ်ပတ်အတွင်း အများဆုံးအလုပ်ချိန်၊ ခွင့်ရက်နဲ့ ပိတ်ရက်များ၌ တာဝန်ထမ်းဆောင်ရခြင်းအတွက် ရသင့်ရထိုက်သည့် အချိန်ပိုကြေးများကို အလုပ်သမားဥပဒေဖြင့် တင်းကြပ်ထားပါတယ်။ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ရဲ့အလုပ်အကိုင်လုံခြုံရေးအတွက် အဆိုပါအလုပ်သမားဥပဒေများကို  ကောင်းစွာနားလည်ထားရန် လိုအပ်ပါတယ်။

 

၆။ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်ပါစေ။

အချို့သောကျွမ်းကျင်ထူးချွန် ဆရာ၊ ဆရာမများသည် တစ်ဦးတည်းသီးသန့်နေထိုင်တတ်ကြပမယ့် နိုင်ငံခြားမှဆရာ၊ ဆရာမများနဲ့ ဒေသတွင်းမှ ဆရာ၊ ဆရာမများ ပူးပေါင်းလုပ်ဆောင်ရသည့်အပိုင်းများ၌ နှစ်ဦးနှစ်ဖက်ခိုင်မာသည့်ဆက်ဆံရေးကောင်းများတည်ဆောက်ထားခြင်းက အကျိုးရှိစေနိုင်ပါတယ်။ မြန်မာဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများနဲ့ မည်ကဲ့သို့အဆင်ပြေပြေ နေထိုင်ရမည်ကို  ကောင်းစွာသိရှိထားပြီး အတန်းတစ်တန်းကို မည်သို့ပျော်ရွှင်အောင် စာသင်ကြားရမည်ကိုလည်း သိရှိထားခြင်းကြောင့် မိမိကိုယ်ကိုယ်ကျွမ်းကျင်အဆင့်ဆိုသည့်အချက်ကို ဘေးချိတ်ကာ အဆိုပါအချက်များကို သင်ယူထားသင့်ပါတယ်။

 

၇။ မြန်မာစကားကိုတိုးတိုးတိတ်တိတ်သင်ယူထားပါ။

မြန်မာစကားတတ်မြောက်ထားခြင်းက လုပ်ငန်းခွင်အတွင်း အသုံးမပြုရသည့်တိုင် မြန်မာနိုင်ငံအတွင်း နေထိုင်ရပိုမိုလွယ်ကူအဆင်ပြေစေပါတယ်။ မြန်မာနိုင်ငံရှိ အချို့သောနိုင်ငံတကာကျောင်းများ၌  ကျောင်းသား၊ ကျောင်းသူများကို မြန်မာစကားပြောဆိုရန် စည်းကမ်းများအလျဉ်းသင့်သလို သတ်မှတ်ထားပါတယ်။ မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ရန် မလိုအပ်သော်လည်း မိမိအလုပ်လုပ်ကိုင်ရာတိုင်းပြည်ရဲ့ဘာသာစကားကို တတ်မြောက်ထားခြင်းက အကျိုးရှိနိုင်ပါတယ်။

 

၈။ လိုက်လျောညီထွေနေတတ်ပါစေ။

နိုင်ငံခြားကျောင်းများနဲ့မြန်မာကျောင်းများအကြား ဓလေ့စရိုက်ကွဲပြားလေ့ရှိပါတယ်။ နိုင်ငံတကာကျောင်းများ၌ ကြိုတင်အကြောင်းမကြားဘဲ ကျောင်းချိန်နောက်ကျခြင်းကို ခွင့်မပြုသော်လည်း မြန်မာကျောင်းများ၌ ထိုကဲ့သို့နောက်ကျခြင်းက အစဉ်အလာတစ်ရပ်ကဲ့သို့ဖြစ်နေပြီး အဆိုပါကိစ္စရပ်များနဲ့ပတ်သက်၍ အကောင်းဆုံး ကို်င်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်ပါတယ်။ မိမိရောက်ရှိနေသည့်နေရာနဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းက အသက်ရှင်သန်ရန်အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါတယ်။

 

၉။ ကျင့်ဝတ်ကိုအမြဲတမ်းလက်ကိုင်ထားပါ။

မြန်မာကျောင်းများနဲ့နိုင်ငံခြားကျောင်းများအကြား ကွဲပြားခြားနားချက်များရှိနေပြီး နိုင်ငံခြားကျောင်းများမှ နည်းစနစ်များက မြန်မာကျောင်းများ၌အဆင်ပြေနိုင်မည်မဟုတ်ပါ။ ဘဝ၌ကြုံတွေ့လာရသည့် အတွေ့အကြုံအားလုံးကို မိမိရဲ့ပရော်ဖက်ရှင်နယ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ၌ အသုံးချနိုင်သကဲ့သို့ ဆရာ၊ ဆရာမတစ်ယောက်အနေဖြင့်လည်း ကိုယ်ကျင့်တရားနဲ့ပတ်သက်၍ အမြဲတမ်း  ရှေ့ဆောင်လမ်းပြဖြစ်သင့်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ဆရာ၊ ဆရာမအချို့က စာမေးပွဲမဖြေခင်၌ Facebook မှတစ်ဆင့် မေးခွန်းများမျှဝေခြင်း၊ ငယ်ရွယ်သည့် ကျောင်းသား၊ ကျောင်းသူများနဲ့ Facebook ပေါ်၌ ရင်းရင်းနှီးနှီးရှိနေခြင်းကိစ္စရပ်များအကြား၌ မိမိကိုယ်ကို အကောင်းဆုံးချိန်ညှိပြီး နေထိုင်သင့်ပါတယ်။

 

၁၀။ ဘယ်အချိန်မှာအလုပ်ထွက်ရမလဲ သိရှိပါစေ။

မိမိကျောင်းအတွက် အကောင်းဆုံးလုပ်ဆောင်ထားသည့်တိုင်အောင် ကျောင်းရဲ့အုပ်ချုပ်သူများမှ မိမိအပေါ် မမျှမတဆက်ဆံခြင်း၊ မလိုအပ်ဘဲအော်ဟစ်ပြောဆိုခြင်းများ၊ လုပ်ဖော်ကိုင်ဖက်များအကြား မိမိရဲ့မဟုတ်မမှန်သတင်းများကို ဖြန့်ဝေခြင်းများကို ပြုလုပ်နေပါက ထိုနေရာမှ ထွက်ခွာသင့်သည့်အချိန်ကို  ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားဆရာ၊ ဆရာမများအတွက်  ကောင်းမွန်သည့်အလုပ်အကိုင်အခွင့်အလမ်းအများအပြားရှိပြီး အလုပ်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အလုပ်သစ်တစ်ခုကိုရရှိနိုင်ပါတယ်။ အလုပ်အကိုင်ဗီဇာက မိမိရဲ့အခွင့်အလမ်းများကို တားဆီးပိတ်ပင်နိုင်ခြင်းမရှိဘဲ မိမိရဲ့အရည်အချင်းနဲ့ထိုက်တန်သည့်နေရာကိုရှာဖွေနိုင်မည်လည်းဖြစ်ပါတယ်။

<Unicode Version>

 

 

 

ကြ်မ္းက်င္ဆရာ၊ ဆရာမျဖစ္ေစရန္အတြက္နည္းလမ္းေကာင္းအသြယ္သြယ္။

ယေန႔ေခတ္ျမန္မာႏုိင္ငံအတြင္းရွိ ေက်ာင္းမ်ား၊ တကၠသိုလ္မ်ား၌ ႏုိင္ငံျခားသားဆရာ၊ ဆရာမမ်ား တစ္စထက္တစ္စ ေနရာယူလာခဲ့ၿပီး ပုဂၢလိကစာသင္ေက်ာင္းမ်ားေပၚေပါက္လာသည္နဲ႔တစ္ၿပိဳင္နက္ ဆရာ၊ ဆရာမလုိအပ္ခ်က္ကလည္း ယခင္ထက္ပိုမိုမ်ားျပားလာခဲ့ပါတယ္။ အဂၤလိပ္စာကြ်မ္းက်င္မႈကို အလြန္အမင္းေတာင္းဆိုလာသည့္ ေခတ္ကာလအတြင္း၌ ႏိုင္ငံျခားမွဆရာ၊ ဆရာမမ်ား ျမန္မာျပည္ပညာေရးေလာကအတြင္း ထုိးေဖာက္ဝင္ေရာက္လာျခင္းက ေက်ာင္းသားမ်ား အဂၤလိပ္စာတိုးတက္ေရးအတြက္ အက်ိဳးရွိေစသလို အလုပ္အကိုင္အခြင့္အလမ္းအတြက္ ေဒသတြင္းရွိ ဆရာ၊ ဆရာမမ်ားနဲ႔လည္း အၿပိဳင္အဆိုင္ႀကိဳးပမ္းရမည္ျဖစ္ပါတယ္။ သို႔ျဖစ္ရာ ကြ်မ္းက်င္အဆင့္ဆရာ၊ ဆရာမမ်ား ျဖစ္လာေစေရးအတြက္ လိုအပ္သည့္နည္းစနစ္မ်ားကို ေဖာ္ျပေပးလိုက္ရပါတယ္။

 

၁။ အရည္အခ်င္းျပည့္ဝေနပါေစ။

ဆရာ၊ ဆရာမတစ္ေယာက္ျဖစ္ရန္အတြက္ တကၠသိုလ္ဘဲြ႕တစ္ခုခုမျဖစ္မေနလိုအပ္ၿပီး အနိမ့္ဆံုးအေနျဖင့္ ျပည္နယ္မွထုတ္ေပးထားသည့္ စာသင္ၾကားရန္အရည္အခ်င္းျပည့္မွီေၾကာင္း လက္မွတ္တစ္ေစာင္ မျဖစ္မေန လိုအပ္ပါတယ္။ မိမိကိုယ္တိုင္က အဂၤလိပ္စာအထူးျပဳမဟုတ္လင့္ကစား အဂၤလိပ္စာဘာသာရပ္ကို သင္ယူရန္ဆႏၵရွိပါက Cambridge CELTA သို႔မဟုတ္ Trinity Certified TESOL တစ္ခုခုရရွိထားပါက ကိုယ့္ကိုယ္ကိုယ္ပုိမိုယံုၾကည္မႈရွိေနမည္လည္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရွိ ပုဂၢလိကေက်ာင္းမ်ား၌ ဆရာ၊ ဆရာမမ်ားအတြက္ လိုအပ္ခ်က္ကို ႀကီးႀကီးမားမားကန္႔သတ္ထားျခင္းမရွိေပမယ့္ မိမိထံ၌လံုေလာက္သည့္ ပညာအရည္အခ်င္းရွိထားရန္ လိုအပ္ပါတယ္။

 

၂။ ကိုယ့္ကိုယ္ကုိယ္နဲ႔ကိုယ့္ေက်ာင္းအေၾကာင္းကို ေကာင္းမြန္စြာသိရွိပါေစ။

မိမိတာဝန္ထမ္းေဆာင္မည့္ေက်ာင္းက မည္ကဲ့သုိ႔အမ်ိဳးအစားျဖစ္သည္ဆိုျခင္းကို  ေကာင္းမြန္စြာ သိရွိနားလည္ထားရန္လိုအပ္ၿပီး ေက်ာင္းရဲ႕အုပ္ခ်ဳပ္မႈစနစ္မ်ားမည္သည့္အေနအထားရွိသည္ဆိုျခင္းကို အဆိုပါေက်ာင္း၌ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည့္ ဆရာ၊ ဆရာမေဟာင္းမ်ားရဲ႕ အြန္လိုင္းေပၚမွတံု႔ျပန္မႈမ်ားကို ရွာေဖြဆန္းစစ္ႏိုင္ပါတယ္။

 

၃။ တတ္ႏိုင္သေလာက္ အြန္လိုင္းေပၚမွအလုပ္မေလွ်ာက္ပါနဲ႔။

ျမန္မာႏုိင္ငံအတြင္း၌ ျမန္မာႏုိင္ငံသား ဆရာ၊ ဆရာမအတြက္တင္မဘဲ ႏိုင္ငံျခားသားဆရာ၊ ဆရာမအတြက္ပါ အလုပ္အကိုင္အခြင့္အလမ္း အမ်ားအျပားရွိပါတယ္။ ဒါေပမယ့္ အဆုိပါအလုပ္အကိုင္အခြင့္အလမ္းမ်ားကို  ေတာင္ကိုရီးယားနဲ႔တရုတ္ႏုိင္ငံတို႔ကဲ့သို႔ အြန္လိုင္းေပၚ၌ ျမင္ေတြ႕ရန္ခက္ခဲၿပီး အနည္းငယ္ကုိသာ အြန္လိုင္းေပၚ၌ ျမင္ေတြ႕ရတတ္ပါတယ္။ ႏုိင္ငံတစ္ႏုိင္ငံ၌ အလုပ္မလုပ္ခင္ အဆုိပါႏိုင္ငံမွဆရာ၊ ဆရာမေကာင္းမ်ားနဲ႔ ဆက္ဆံေရးေကာင္းတစ္ခုတည္ေဆာက္ထားသင့္ၿပီး အဆုိပါအခ်က္ကလည္း မိမိအတြက္ ေကာင္းက်ိဳးျဖစ္ေစႏုိင္မည့္အခ်က္တစ္ခုပင္ျဖစ္ပါတယ္။

 

၄။ ေက်ာင္းရဲ႕တာဝန္ရွိသူမ်ားကို ေသခ်ာအကဲျဖတ္ႏိုင္ပါေစ။

အလုပ္လက္မခံခင္ အင္တာဗ်ဴး၌ပင္ ေက်ာင္းရဲ႕တာဝန္ရွိသူမ်ား၊ အထူးသျဖင့္ မန္ေနဂ်ာမ်ားကို ေသခ်ာစြာအကဲျဖတ္ႏုိင္ရန္ လိုအပ္ပါတယ္။ အခ်ိဳ႕ေသာႏုိင္ငံျခားသားမန္ေနဂ်ာမ်ားက မိမိကို ကူညီမည့္သူမ်ားျဖစ္ေသာ္ျငားလည္း အခ်ိဳ႕မွာမူ မိမိကိုဒုကၡေပးမည့္၊ မိမိအရည္အခ်င္းမ်ားကို ပ်က္စီးေစမည့္သူမ်ားျဖစ္ႏုိင္ပါတယ္။ အြန္လိုင္းမွတစ္ဆင့္လည္း မိမိနဲ႔အလုပ္တဲြလုပ္မည့္သူမ်ားရဲ႕ အေၾကာင္းအရာမ်ားကိုရွာေဖြႏိုင္ၿပီး အကယ္၍ မိမိအလုပ္ဝင္ရမည့္ေက်ာင္းက နာမည္ပ်က္ရွိေနပါက အခ်ိန္မီွေရွာင္ရွားႏိုင္ရန္လိုအပ္ပါတယ္။

 

၅။ အလုပ္သမားဥပေဒမ်ားကို ကြ်မ္းက်င္စြာသိရွိထားပါေစ။

ကြ်မ္းက်င္ဆရာ၊ ဆရာမတစ္ေယာက္အေနျဖင့္ က်င့္ဝတ္နဲ႔မညီသည့္ေက်ာင္းရဲ႕ လိမ္လည္လွည့္ျဖားျခင္းကို ခံရႏိုင္ေခ်နည္းပါးေပမယ့္ မိမိအလွည့္၌ထိုကဲ့သုိ႔မျဖစ္ေစရန္ အေရးႀကီးပါတယ္။ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ အလုပ္လုပ္ကိုင္ေနသည့္ ဆရာ၊ ဆရာမမ်ားကို တစ္လႀကိဳတင္အေၾကာင္းမၾကားဘဲ  ေက်ာင္းမွထုတ္ပယ္ခြင့္မရွိျခင္းကို သိရွိနားလည္ထားရန္လိုအပ္ၿပီး တစ္ပတ္အတြင္း အမ်ားဆံုးအလုပ္ခ်ိန္၊ ခြင့္ရက္နဲ႔ ပိတ္ရက္မ်ား၌ တာဝန္ထမ္းေဆာင္ရျခင္းအတြက္ ရသင့္ရထိုက္သည့္ အခ်ိန္ပိုေၾကးမ်ားကို အလုပ္သမားဥပေဒျဖင့္ တင္းၾကပ္ထားပါတယ္။ ဆရာ၊ ဆရာမမ်ားအေနျဖင့္လည္း မိမိတို႔ရဲ႕အလုပ္အကိုင္လံုၿခံဳေရးအတြက္ အဆုိပါအလုပ္သမားဥပေဒမ်ားကို  ေကာင္းစြာနားလည္ထားရန္ လိုအပ္ပါတယ္။

 

၆။ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ အဆင္ေျပစြာေပါင္းသင္းဆက္ဆံတတ္ပါေစ။

အခ်ိဳ႕ေသာကြ်မ္းက်င္ထူးခြ်န္ ဆရာ၊ ဆရာမမ်ားသည္ တစ္ဦးတည္းသီးသန္႔ေနထိုင္တတ္ၾကပမယ့္ ႏိုင္ငံျခားမွဆရာ၊ ဆရာမမ်ားနဲ႔ ေဒသတြင္းမွ ဆရာ၊ ဆရာမမ်ား ပူးေပါင္းလုပ္ေဆာင္ရသည့္အပိုင္းမ်ား၌ ႏွစ္ဦးႏွစ္ဖက္ခိုင္မာသည့္ဆက္ဆံေရးေကာင္းမ်ားတည္ေဆာက္ထားျခင္းက အက်ိဳးရွိေစႏုိင္ပါတယ္။ ျမန္မာဆရာ၊ ဆရာမမ်ားသည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ မည္ကဲ့သုိ႔အဆင္ေျပေျပ ေနထိုင္ရမည္ကို  ေကာင္းစြာသိရွိထားၿပီး အတန္းတစ္တန္းကို မည္သို႔ေပ်ာ္ရႊင္ေအာင္ စာသင္ၾကားရမည္ကိုလည္း သိရွိထားျခင္းေၾကာင့္ မိမိကိုယ္ကိုယ္ကြ်မ္းက်င္အဆင့္ဆိုသည့္အခ်က္ကို ေဘးခ်ိတ္ကာ အဆုိပါအခ်က္မ်ားကို သင္ယူထားသင့္ပါတယ္။

 

၇။ ျမန္မာစကားကိုတုိးတိုးတိတ္တိတ္သင္ယူထားပါ။

ျမန္မာစကားတတ္ေျမာက္ထားျခင္းက လုပ္ငန္းခြင္အတြင္း အသံုးမျပဳရသည့္တိုင္ ျမန္မာႏုိင္ငံအတြင္း ေနထိုင္ရပိုမိုလြယ္ကူအဆင္ေျပေစပါတယ္။ ျမန္မာႏိုင္ငံရွိ အခ်ိဳ႕ေသာႏိုင္ငံတကာေက်ာင္းမ်ား၌  ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ျမန္မာစကားေျပာဆိုရန္ စည္းကမ္းမ်ားအလ်ဥ္းသင့္သလို သတ္မွတ္ထားပါတယ္။ ျမန္မာစကားကို ကြ်မ္းက်င္စြာေျပာဆုိႏိုင္ရန္ မလိုအပ္ေသာ္လည္း မိမိအလုပ္လုပ္ကိုင္ရာတုိင္းျပည္ရဲ႕ဘာသာစကားကုိ တတ္ေျမာက္ထားျခင္းက အက်ိဳးရွိႏိုင္ပါတယ္။

 

၈။ လိုက္ေလ်ာညီေထြေနတတ္ပါေစ။

ႏုိင္ငံျခားေက်ာင္းမ်ားနဲ႔ျမန္မာေက်ာင္းမ်ားအၾကား ဓေလ့စရိုက္ကဲြျပားေလ့ရွိပါတယ္။ ႏိုင္ငံတကာေက်ာင္းမ်ား၌ ႀကိဳတင္အေၾကာင္းမၾကားဘဲ ေက်ာင္းခ်ိန္ေနာက္က်ျခင္းကို ခြင့္မျပဳေသာ္လည္း ျမန္မာေက်ာင္းမ်ား၌ ထိုကဲ့သုိ႔ေနာက္က်ျခင္းက အစဥ္အလာတစ္ရပ္ကဲ့သုိ႔ျဖစ္ေနၿပီး အဆိုပါကိစၥရပ္မ်ားနဲ႔ပတ္သက္၍ အေကာင္းဆံုး ကို္င္တြယ္ေျဖရွင္းႏုိင္ရန္ လိုအပ္ပါတယ္။ မိမိေရာက္ရွိေနသည့္ေနရာနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္ျခင္းက အသက္ရွင္သန္ရန္အေကာင္းဆံုးနည္းလမ္းပင္ျဖစ္ပါတယ္။

 

၉။ က်င့္ဝတ္ကိုအၿမဲတမ္းလက္ကိုင္ထားပါ။

ျမန္မာေက်ာင္းမ်ားနဲ႔ႏုိင္ငံျခားေက်ာင္းမ်ားအၾကား ကဲြျပားျခားနားခ်က္မ်ားရွိေနၿပီး ႏိုင္ငံျခားေက်ာင္းမ်ားမွ နည္းစနစ္မ်ားက ျမန္မာေက်ာင္းမ်ား၌အဆင္ေျပႏုိင္မည္မဟုတ္ပါ။ ဘဝ၌ႀကံဳေတြ႕လာရသည့္ အေတြ႕အႀကံဳအားလံုးကို မိမိရဲ႕ပေရာ္ဖက္ရွင္နယ္နဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာကိစၥရပ္မ်ား၌ အသံုးခ်ႏုိင္သကဲ့သို႔ ဆရာ၊ ဆရာမတစ္ေယာက္အေနျဖင့္လည္း ကိုယ္က်င့္တရားနဲ႔ပတ္သက္၍ အၿမဲတမ္း  ေရွ႕ေဆာင္လမ္းျပျဖစ္သင့္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ဆရာ၊ ဆရာမအခ်ိဳ႕က စာေမးပဲြမေျဖခင္၌ Facebook မွတစ္ဆင့္ ေမးခြန္းမ်ားမွ်ေဝျခင္း၊ ငယ္ရြယ္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ Facebook ေပၚ၌ ရင္းရင္းႏီွးႏွီးရွိေနျခင္းကိစၥရပ္မ်ားအၾကား၌ မိမိကုိယ္ကို အေကာင္းဆံုးခ်ိန္ညိွၿပီး ေနထိုင္သင့္ပါတယ္။

 

၁၀။ ဘယ္အခ်ိန္မွာအလုပ္ထြက္ရမလဲ သိရိွပါေစ။

မိမိေက်ာင္းအတြက္ အေကာင္းဆံုးလုပ္ေဆာင္ထားသည့္တုိင္ေအာင္ ေက်ာင္းရဲ႕အုပ္ခ်ဳပ္သူမ်ားမွ မိမိအေပၚ မမွ်မတဆက္ဆံျခင္း၊ မလိုအပ္ဘဲေအာ္ဟစ္ေျပာဆိုျခင္းမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားအၾကား မိမိရဲ႕မဟုတ္မမွန္သတင္းမ်ားကို ျဖန္႔ေဝျခင္းမ်ားကို ျပဳလုပ္ေနပါက ထိုေနရာမွ ထြက္ခြာသင့္သည့္အခ်ိန္ကို  ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္း၌ ႏုိင္ငံျခားဆရာ၊ ဆရာမမ်ားအတြက္  ေကာင္းမြန္သည့္အလုပ္အကိုင္အခြင့္အလမ္းအမ်ားအျပားရွိၿပီး အလုပ္ထြက္ၿပီး ရက္ပိုင္းအတြင္းမွာပဲ အလုပ္သစ္တစ္ခုကိုရရွိႏုိင္ပါတယ္။ အလုပ္အကိုင္ဗီဇာက မိမိရဲ႕အခြင့္အလမ္းမ်ားကို တားဆီးပိတ္ပင္ႏုိင္ျခင္းမရွိဘဲ မိမိရဲ႕အရည္အခ်င္းနဲ႔ထိုက္တန္သည့္ေနရာကိုရွာေဖြႏိုင္မည္လည္းျဖစ္ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ငယ်စဉ်အခါက စာသင်ကျောင်းများမှာ မသင်ခဲ့ရတဲ့သိပ္ပံဆိုင်ရာ အချက်အလက်များ။

ကမ္ဘာပေါ်မှာရှိတဲ့ တချို့သောအရာတွေဟာ ထူးခြားဆန်းပြားပြီး မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်စေတဲ့အတွက် တစ်ခါတစ်လေမှာ ကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒါဆိုရင် ကမ္ဘာကြီးက ဘယ်လို ဘယ်ပုံတွေကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro