HomeEntertainmentအရှေ့သွားတွေ ပဲ့သွားခဲ့ရတဲ့ အဆိုတော် Jason Derulo

အရှေ့သွားတွေ ပဲ့သွားခဲ့ရတဲ့ အဆိုတော် Jason Derulo

- Advertisement -

လွန်ခဲ့တဲ့လအတွင်းမှာ တရုတ်ပြည်သားတစ်ယောက်က စက်တပ်ပြောင်းဖူးချွေစက်ကို အသုံးပြုပြီး ပြောင်းဖူးတစ်ဖူးလုံးကို တစ်ထိုင်ထဲမှာ စားပြသွားတဲ့ ဗီဒီယိုဟာ လူအများကို အံ့အားသင့်စေခဲ့ပြီး သူပြုလုပ်တဲ့အတိုင်း လိုက်လုပ်သူအများအပြားလည်း ရှိခဲ့ပါတယ်။

အဆိုပါတရုတ်ပြည်သားလိုမျိုး အရှိန်နဲ့လည်နေတဲ့ ပြောင်းဖူးချွေစက်မှာ တပ်ထားတဲ့ ပြောင်းဖူးတစ်ဖူးလုံးကို စားနိုင်ဖို့က ပါးစပ်ထဲကသွားတွေ အလွန်ကိုခိုင်မာနေမှဖြစ်မှာပါ။ သူ့လိုမျိုး လိုက်လုပ်သူအများအပြားဟာလည်း ပြောင်းဖူးချွေစက်ရဲ့ အရှိန်နဲ့လည်ပတ်နေမှုကို အကြောင်းပြုပြီး ပြောင်ဖူးတစ်ဖူးလုံးကို မစားနိုင်တဲ့အပြင် ပါးစပ်ထဲက သွားတွေပြုတ်ထွက်သူနဲ့ ဆံပင်တွေကျွတ်ထွက်သူ အများအပြားရှိခဲ့ပါတယ်။
https://www.instagram.com/p/B_IXk7MBBAR/?utm_source=ig_embed
Hollywood ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ Jason Derulo ဟာလည်း အခုလိုမျိုး အိမ်တွင်းအောင်းနေရတဲ့ အခိုက်အတန့်မှာ ပျင်းနေတာနဲ့ပဲ အရှိန်နဲ့လည်နေတဲ့ ပြောင်းဖူးချွေစက်ကို အသုံးပြုပြီး ပြောင်းဖူးစားပြခဲ့ပါတယ်။ Jason က ပြောင်းဖူးစားနေတာကို မှတ်တမ်းတင်ရိုက်ကူးထားပြီး TikTok မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။
Jason က ပြောင်းဖူးချွေစက်ကို ဖွင့်လိုက်ပြီး အရှိန်နဲ့လည်နေတဲ့ ပြောင်းဖူးချွေစက်မှာ တပ်ထားတဲ့ ပြောင်းဖူးကို စားနေရင်းနဲ့ အဆင်မပြေတာကြောင့် ချက်ချင်းရပ်လိုက်ပြီး ပဲ့ထွက်သွားတဲ့ သွားတွေကို စိတ်မကောင်းစွာနဲ့ ပြသခဲ့ပါတယ်။ အရှိန်နဲ့လည်နေတဲ့ ပြောင်းဖူးချွေစက်မှာတပ်ထားတဲ့ ပြောင်းဖူးကိုစားခြင်းကို “Life Hack” လို့ ပြောထားတဲ့ Jason တစ်ယောက် အခုတော့ အရှေ့သွားတွေပဲ့တာကို စိတ်မကောင်းစွာနဲ့ မြင်နေရပြီး နောင်တရလို့နေပါပြီ။
https://www.tiktok.com/@jasonderulo/video/6828457183580146949?referer_url=https%3A%2F%2Fwww.buzzfeed.com%2Fkristatorres%2Fjason-derulos-tried-to-eat-corn-off-a-power-drill&referer_video_id=6828457183580146949
ပထမကတော့ Jason ရဲ့ ပြောင်းဖူးစားလို့ အရှေ့သွားတွေပဲ့ထွက်သွားတဲ့ ဗီဒီယိုကိုကြည့်ပြီးနောက်မှာတော့ Jason ကနောက်ပြောင်နေတယ်လို့ထင်ခဲ့ပေမဲ့ အမှန်တကယ်မှာတော့ Jason ကနောက်နေတာမဟုတ်ဘဲ သူ့ရဲ့အရှေ့သွားတွေက တကယ်ကိုပဲ့ထွက်သွားတာပါ။
ဒါကြောင့် အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ ပျင်းရိနေတယ်ဆိုရင် Jason လိုမျိုး မလုပ်ကြဘဲ ယောဂလေးကျင့်ရင်း ဘုရားတရားလုပ်ရင်း တစ်နေ့အတာအချိန်တွေကို အကျိုးရှိရှိအသုံးချရအောင်နော်။

@jasonderulo

Gonna need a trip to the dentist 😷

♬ original sound – Jason Derulo


- Advertisement -

အေရွ႕သြားေတြ ပဲ့သြားခ့ဲရတ့ဲ အဆိုေတာ္ Jason Derulo
လြန္ခဲ့တဲ့လအတြင္းမွာ တ႐ုတ္ျပည္သားတစ္ေယာက္က စက္တပ္ေျပာင္းဖူးေခၽြစက္ကို အသံုးျပဳၿပီး ေျပာင္းဖူးတစ္ဖူးလံုးကို တစ္ထိုင္ထဲမွာ စားျပသြားတဲ့ ဗီဒီယိုဟာ လူအမ်ားကို အံ့အားသင့္ေစခဲ့ၿပီး သူျပဳလုပ္တဲ့အတိုင္း လိုက္လုပ္သူအမ်ားအျပားလည္း ရွိခဲ့ပါတယ္။

အဆိုပါတ႐ုတ္ျပည္သားလိုမ်ိဳး အရွိန္နဲ႔လည္ေနတဲ့ ေျပာင္းဖူးေခၽြစက္မွာ တပ္ထားတဲ့ ေျပာင္းဖူးတစ္ဖူးလံုးကို စားႏိုင္ဖို႔က ပါးစပ္ထဲကသြားေတြ အလြန္ကိုခိုင္မာေနမွျဖစ္မွာပါ။ သူ႔လိုမ်ိဳး လိုက္လုပ္သူအမ်ားအျပားဟာလည္း ေျပာင္းဖူးေခၽြစက္ရဲ႕ အရွိန္နဲ႔လည္ပတ္ေနမႈကို အေၾကာင္းျပဳၿပီး ေျပာင္ဖူးတစ္ဖူးလံုးကို မစားႏိုင္တဲ့အျပင္ ပါးစပ္ထဲက သြားေတြျပဳတ္ထြက္သူနဲ႔ ဆံပင္ေတြကၽြတ္ထြက္သူ အမ်ားအျပားရွိခဲ့ပါတယ္။
https://www.instagram.com/p/B_IXk7MBBAR/?utm_source=ig_embed
Hollywood ေပါ့ပ္စတားတစ္ဦးျဖစ္တဲ့ Jason Derulo ဟာလည္း အခုလိုမ်ိဳး အိမ္တြင္းေအာင္းေနရတဲ့ အခိုက္အတန္႔မွာ ပ်င္းေနတာနဲ႔ပဲ အရွိန္နဲ႔လည္ေနတဲ့ ေျပာင္းဖူးေခၽြစက္ကို အသံုးျပဳၿပီး ေျပာင္းဖူးစားျပခဲ့ပါတယ္။ Jason က ေျပာင္းဖူးစားေနတာကို မွတ္တမ္းတင္႐ိုက္ကူးထားၿပီး TikTok မွာ တင္ခဲ့တာပဲ ျဖစ္ပါတယ္။
Jason က ေျပာင္းဖူးေခၽြစက္ကို ဖြင့္လိုက္ၿပီး အရွိန္နဲ႔လည္ေနတဲ့ ေျပာင္းဖူးေခၽြစက္မွာ တပ္ထားတဲ့ ေျပာင္းဖူးကို စားေနရင္းနဲ႔ အဆင္မေျပတာေၾကာင့္ ခ်က္ခ်င္းရပ္လိုက္ၿပီး ပဲ့ထြက္သြားတဲ့ သြားေတြကို စိတ္မေကာင္းစြာနဲ႔ ျပသခဲ့ပါတယ္။ အရွိန္နဲ႔လည္ေနတဲ့ ေျပာင္းဖူးေခၽြစက္မွာတပ္ထားတဲ့ ေျပာင္းဖူးကိုစားျခင္းကို “Life Hack” လို႔ ေျပာထားတဲ့ Jason တစ္ေယာက္ အခုေတာ့ အေရွ႕သြားေတြပဲ့တာကို စိတ္မေကာင္းစြာနဲ႔ ျမင္ေနရၿပီး ေနာင္တရလို႔ေနပါၿပီ။
https://www.tiktok.com/@jasonderulo/video/6828457183580146949?referer_url=https%3A%2F%2Fwww.buzzfeed.com%2Fkristatorres%2Fjason-derulos-tried-to-eat-corn-off-a-power-drill&referer_video_id=6828457183580146949
ပထမကေတာ့ Jason ရဲ႕ ေျပာင္းဖူးစားလို႔ အေရွ႕သြားေတြပဲ့ထြက္သြားတဲ့ ဗီဒီယိုကိုၾကည့္ၿပီးေနာက္မွာေတာ့ Jason ကေနာက္ေျပာင္ေနတယ္လို႔ထင္ခဲ့ေပမဲ့ အမွန္တကယ္မွာေတာ့ Jason ကေနာက္ေနတာမဟုတ္ဘဲ သူ႔ရဲ႕အေရွ႕သြားေတြက တကယ္ကိုပဲ့ထြက္သြားတာပါ။
ဒါေၾကာင့္ အိမ္တြင္းေအာင္းေနရတဲ့အခ်ိန္မွာ ပ်င္းရိေနတယ္ဆိုရင္ Jason လိုမ်ိဳး မလုပ္ၾကဘဲ ေယာဂေလးက်င့္ရင္း ဘုရားတရားလုပ္ရင္း တစ္ေန႔အတာအခ်ိန္ေတြကို အက်ိဳးရွိရွိအသံုးခ်ရေအာင္ေနာ္။

@jasonderulo

Gonna need a trip to the dentist 😷

♬ original sound – Jason Derulo

- Advertisement -


- Advertisement -

Source ~ Buzzfeed
#SY(Soshwe)
#soshweentertaiment
#soshweforyourdailylife
#likeandshare

- Advertisement -

Must Read