HomeHome & PropertyCOVID-19 ကိုတိုက်ထုတ်နေရတဲ့ ကာလအတွင်း ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစျေးကွက်။

COVID-19 ကိုတိုက်ထုတ်နေရတဲ့ ကာလအတွင်း ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစျေးကွက်။

- Advertisement -

ရန်ကုန်မြို့အတွင်းရှိ နိုင်ငံတော်စီးပွားရေးဆိုင်ရာနဲ့ အိမ်ခြံမြေစျေးကွက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစျေးကွက်ကို စဉ်ဆက်မပြတ်လေ့လာနေတဲ့ Colliers International က စီးပွားရေးစျေးကွက်ဆိုင်ရာ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Paul Ryan Cuevas က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ စီးပွားရေးပိုင်ရှင်တွေကို COVID-19 ကြောင့် ရန်ကုန်မြို့အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုနှုန်းအားနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခုကို မျှဝေပေးခဲ့ပါတယ်။
Paul Ryan Cuevas ရဲ့အဆိုအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေ့လာသုံးသပ်ရမယ်ဆိုရင်တော့ နိုင်ငံအတွင်း ကုန်ပစ္စည်းရောင်းအားနဲ့ ဝယ်လိုအားဟာ သိသိသာသာ ကျဆင်းသွားတယ်ဆိုပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ လုပ်ငန်းကြီးတွေဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုနှုန်းက ရာခိုင်နှုန်းအများကြီး ကျဆင်းသွားခြင်းမရှိဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက Myanmar Times သတင်းဌာနမှာ စျေးကွက်မှာ ရောင်းချဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့ အိမ်ခြံမြေတွေကို ဝယ်ယူလိုသူတွေ အလွန်နည်းပါးနေကြောင်း နဲ့ အိမ်ခြံမြေငှားယူတဲ့ နှုန်းဟာလည်း ၁၀% သာရှိကြောင်း မျှဝေပြောပြခဲ့ပါတယ်။ COVID-19 ကြောင့် အခုလိုမျိုး နိုင်ငံရဲ့စီးပွားရေးစျေးကွက် မတည်ငြိမ်တဲ့အခြေအနေမျိုးမှာ အိမ်ခြံမြေစျေးကွက်ကို ဝယ်ယူလိုသူတွေ၊ ငှားယူလိုသူတွေနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက နိုးနိုးကြားကြားရှိနေတာကြောင့် အိမ်ခြံမြေစျေးကွက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှုန်းက ကျဆင်းသွားခြင်းမရှိကြောင်း သိရှိရပါတယ်။
ဆက်လက်ပြီးတော့ Paul Ryan က “COVID-19 ကပ်ရောဂါဆိုးကြီးကို အစွမ်းကုန်တိုက်ထုတ်နေရတဲ့ ကာလအတွင်းမှာ စီးပွားရေးလှုပ်ရှားမှုနှုန်းနဲ့ ကုန်စည်စီးဆင်းမှုနှုန်းဟာ သိသိသာသာ ကျဆင်းသွားပေမယ့်လည်း အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ အိမ်ခြံမြေငှားယူလိုသူတွေဟာလည်း ရန်ကုန်မြို့အတွင်း အိမ်ခြံမြေစျေးကွက်ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါသေးတယ်။”လို့ ဆိုခဲ့ပါတယ်။

COVID-19 ကိုတိုက်ထုတ်နေရတဲ့ ကာလအတွင်း ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဈေးကွက်။
ရန်ကုန်မြို့အတွင်းရှိ နိုင်ငံတော်စီးပွားရေးဆိုင်ရာနဲ့ အိမ်ခြံမြေဈေးကွက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဈေးကွက်ကို စဉ်ဆက်မပြတ်လေ့လာနေတဲ့ Colliers International က စီးပွားရေးဈေးကွက်ဆိုင်ရာ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Paul Ryan Cuevas က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ စီးပွားရေးပိုင်ရှင်တွေကို COVID-19 ကြောင့် ရန်ကုန်မြို့အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုနှုန်းအားနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခုကို မျှဝေပေးခဲ့ပါတယ်။
ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက Myanmar Times သတင်းဌာနမှာ ဈေးကွက်မှာ ရောင်းချဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့ အိမ်ခြံမြေတွေကို ဝယ်ယူလိုသူတွေ အလွန်နည်းပါးနေကြောင်း နဲ့ အိမ်ခြံမြေငှားယူတဲ့ နှုန်းဟာလည်း ၁၀% သာရှိကြောင်း မျှဝေပြောပြခဲ့ပါတယ်။ COVID-19 ကြောင့် အခုလိုမျိုး နိုင်ငံရဲ့စီးပွားရေးဈေးကွက် မတည်ငြိမ်တဲ့အခြေအနေမျိုးမှာ အိမ်ခြံမြေဈေးကွက်ကို ဝယ်ယူလိုသူတွေ၊ ငှားယူလိုသူတွေနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက နိုးနိုးကြားကြားရှိနေတာကြောင့် အိမ်ခြံမြေဈေးကွက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှုန်းက ကျဆင်းသွားခြင်းမရှိကြောင်း သိရှိရပါတယ်။
ဆက်လက်ပြီးတော့ Paul Ryan က “COVID-19 ကပ်ရောဂါဆိုးကြီးကို အစွမ်းကုန်တိုက်ထုတ်နေရတဲ့ ကာလအတွင်းမှာ စီးပွားရေးလှုပ်ရှားမှုနှုန်းနဲ့ ကုန်စည်စီးဆင်းမှုနှုန်းဟာ သိသိသာသာ ကျဆင်းသွားပေမယ့်လည်း အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ အိမ်ခြံမြေငှားယူလိုသူတွေဟာလည်း ရန်ကုန်မြို့အတွင်း အိမ်ခြံမြေဈေးကွက်ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါသေးတယ်။”လို့ ဆိုခဲ့ပါတယ်။

- Advertisement -

Source ~ Mingalarrealestate
#SY(Soshwe)
#soshwehomeandproperty
#soshwefoyourdailylife
#likeandshare

- Advertisement -

Must Read