HomeHealth & Beautyနွားနို့သောက်ခြင်းက COVID-19 ကို ကာကွယ်နိုင်သလား ? ? ?

နွားနို့သောက်ခြင်းက COVID-19 ကို ကာကွယ်နိုင်သလား ? ? ?

- Advertisement -

မကြာသေးခင်က လူမှုကွန်ရက် Facebook မှာ နွားနို့ထဲမှာ Vitamin C ၊ Zinc ဓါတ်နဲ့ Lactoferrin ပါဝင်တာကြောင့် နွားနို့သောက်ခြင်းအားဖြင့် COVID-19 ကို ကာကွယ်နိုင်တယ်လို့ ဆိုထားတဲ့ ဆောင်းပါးတစ်ပုဒ်ပျံ့နှံ့ခဲ့ပြီး အဆိုပါဆောင်းပါးကို ပြန်လည်မျှဝေသူ ၁၅၀၀ ကျော်ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ကျန်းမာရေးပညာရှင်တွေက နွားနို့သောက်ခြင်းက COVID-19 ကို မကာကွယ်နိုင်ကြောင်း အခိုင်အမာပြောဆိုလာပါတယ်။ ဆရာဝန်တွေရဲ့ပြောကြားချက်အရ နွားနို့ထဲမှာပါဝင်တဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်တဲ့ Lactoferrin ဟာ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ရာမှာ ကူညီပေးတယ်ဆိုတာ မှန်ကြောင်းနဲ့ နွားနို့ထဲမှာပါဝင်တဲ့ Vitamin C နဲ့ Zinc ဓါတ်ဟာလည်း ကိုယ်ခံအားကိုမြှင့်တင်ပေးတာကလည်း မှန်တယ်ဆိုတာကို ထောက်ပြပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးပညာရှင်တွေက နွားနို့သောက်ခြင်းတစ်မျိုးတည်းက COVID -19 ကို မကာကွယ်နိုင်ကြောင်း နဲ့ ရောဂါပိုးကူးစက်ခြင်းမခံရအောင် လက်ကိုမကြာခဏဆေးပေးပြီး နေမကောင်းဖြစ်နေတဲ့လူနာ အနားမှာမနေဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဒီရောဂါပိုးကိုတိုက်ထုတ်နိုင်ဖို့အတွက် ကိုယ်တွင်းခုခံအားတက်အောင် အခြားသော အဟာရရှိတဲ့ အစားအသောက်တွေဖြစ်တဲ့ ဆန်၊ ဂျုံနဲ့ Vitamin C ကြွယ်ဝတဲ့ အသီးအနှံတွေကို စားသင့်ကြောင်း ကြေငြာပြောဆိုခဲ့ပါတယ်။


Source ~ Sky News
#SY(Soshwe)
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

6 − 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...