တစ်ကမ္ဘာလုံးက သက်ရှိတွေရဲ့ အသက်ကိုနှုတ်ယူဖို့ ခြိမ်းခြောက်နေတဲ့ ကုသဆေးမရှိတဲ့ ကပ်ရောဂါဆိုးကြီး COVID-19 ကို တိုက်ထုတ်နိုင်ဖို့အတွက် လူသားအားလုံးက ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြပါတယ်။ အဆိုပါကပ်ရောဂါဆိုးကို ခံစားနေရတဲ့ ဝေဒနာရှင်တွေဟာ နေ့ချင်းညချင်း များပြားလာတာကြောင့် ဝေဒနာရှင်တွေကို အနီးကပ်ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လူနာကိုကုသပေးဖို့ ဆေးဝါးတွေ၊ အသက်ရှူစက်တွေ၊ ဆေးရုံသုံးမျက်နှာဖုံးတွေ လက်အိတ်တွေနဲ့ လက်သန့်ဆေးရည်တွေ အများအပြားလိုအပ်လာပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက လူချမ်းသာတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ အနုပညာရှင်တွေဟာ သူတို့တတ်နိုင်တဲ့နည်းလမ်းဖြစ်တဲ့ ငွေကြေးလှူဒါန်းပေးခြင်းအားဖြင့် ဆေးရုံတွေမှာလိုအပ်တဲ့ အခြေခံပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ကူညီပေးခဲ့ကြပါတယ်။
အီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီအချို့ဟာ ကျန်းမာရေးစင်တာတွေဖြစ်တဲ့ ဆေးရုံဆေးခန်းတွေမှာလိုအပ်တဲ့ မျက်နှာဖုံးတွေ၊ လက်အိတ်တွေ၊ လက်သန့်ဆေးရည်တွေနဲ့ အသက်ရှူစက်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရာ စက်ရုံတွေကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံအခြေစိုက် Samsung ကုမ္ပဏီဟာလည်း အခြားကုမ္ပဏီများနည်းတူ ကျန်းမာရေးစင်တာတွေမှာ လိုအပ်တဲ့ အခြေခံပစ္စည်းတွေကို ဒေါ်လာ ၂၉သန်းဖိုး လှူဒါန်းခဲ့တဲ့အပြင် COVID-19 ဝေဒနာရှင်တွေကို သူတို့ရဲ့မိသားစုနဲ့ အဆက်အသွယ်ပြုလုပ်နိုင်ဖို့အတွက် ဖုန်းတွေလှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် Samsung ကုမ္ပဏီဟာ စာသင်ကျောင်းကို မသွားရောက်နိုင်တဲ့ အင်တာနက်ကနေတဆင့် စာသင်နိုင်ဖို့အတွက် ဖုန်း (သို့) ကွန်ပြူတာမရှိတဲ့ ကျောင်းသူ/ကျောင်းသားတွေကိုလည်း Tablet တွေ လှူဒါန်းခဲ့ပါတယ်။
<Unicode Version>
COVID-19 ေဝဒနာရွင္ေတြကို ဖုန္းေတြလွဴဒါန္းခဲ့တဲ့ Samsung
တစ္ကမာၻလံုးက သက္ရွိေတြရဲ႕ အသက္ကိုႏႈတ္ယူဖို႔ ၿခိမ္းေျခာက္ေနတဲ့ ကုသေဆးမရွိတဲ့ ကပ္ေရာဂါဆိုးႀကီး COVID-19 ကို တိုက္ထုတ္ႏိုင္ဖို႔အတြက္ လူသားအားလံုးက ကိုယ္တတ္ႏိုင္တဲ့နည္းလမ္းနဲ႔ ပူးေပါင္းကူညီ ေဆာင္ရြက္ေပးေနၾကပါတယ္။ အဆိုပါကပ္ေရာဂါဆိုးကို ခံစားေနရတဲ့ ေဝဒနာရွင္ေတြဟာ ေန႔ခ်င္းညခ်င္း မ်ားျပားလာတာေၾကာင့္ ေဝဒနာရွင္ေတြကို အနီးကပ္ကုသေပးေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြဟာ လူနာကိုကုသေပးဖို႔ ေဆးဝါးေတြ၊ အသက္ရွဴစက္ေတြ၊ ေဆး႐ံုသံုးမ်က္ႏွာဖုံးေတြ လက္အိတ္ေတြနဲ႔ လက္သန္႔ေဆးရည္ေတြ အမ်ားအျပားလိုအပ္လာပါတယ္။
ဒါေၾကာင့္လည္း ကမာၻ႔ႏိုင္ငံအသီးသီးက လူခ်မ္းသာေတြနဲ႔ ခ်မ္းသာႂကြယ္ဝတဲ့ အႏုပညာရွင္ေတြဟာ သူတုိ႔တတ္ႏိုင္တဲ့နည္းလမ္းျဖစ္တဲ့ ေငြေၾကးလွဴဒါန္းေပးျခင္းအားျဖင့္ ေဆး႐ံုေတြမွာလိုအပ္တဲ့ အေျခခံပစၥည္းေတြ ဝယ္ယူႏိုင္ဖို႔ ကူညီေပးခဲ့ၾကပါတယ္။
အီလက္ထေရာနစ္ပစၥည္းေတြထုတ္လုပ္တဲ့ ကုမၸဏီအခ်ိဳ႕ဟာ က်န္းမာေရးစင္တာေတြျဖစ္တဲ့ ေဆး႐ံုေဆးခန္းေတြမွာလိုအပ္တဲ့ မ်က္ႏွာဖံုးေတြ၊ လက္အိတ္ေတြ၊ လက္သန္႔ေဆးရည္ေတြနဲ႔ အသက္ရွဴစက္ေတြကို ထုတ္လုပ္ႏိုင္ဖို႔အတြက္ အီလက္ထေရာနစ္ပစၥည္းထုတ္လုပ္ရာ စက္႐ုံေတြကို အသံုးျပဳခြင့္ေပးခဲ့ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံအေျခစိုက္ Samsung ကုမၸဏီဟာလည္း အျခားကုမၸဏီမ်ားနည္းတူ က်န္းမာေရးစင္တာေတြမွာ လိုအပ္တဲ့ အေျခခံပစၥည္းေတြကို ေဒၚလာ ၂၉သန္းဖိုး လွဴဒါန္းခဲ့တဲ့အျပင္ COVID-19 ေဝဒနာရွင္ေတြကို သူတို႔ရဲ႕မိသားစုနဲ႔ အဆက္အသြယ္ျပဳလုပ္ႏိုင္ဖို႔အတြက္ ဖုန္းေတြလွဴဒါန္းခဲ့ပါတယ္။
ဒါ့အျပင္ Samsung ကုမၸဏီဟာ စာသင္ေက်ာင္းကို မသြားေရာက္ႏိုင္တဲ့ အင္တာနက္ကေနတဆင့္ စာသင္ႏိုင္ဖို႔အတြက္ ဖုန္း (သို႔) ကြန္ျပဴတာမရွိတဲ့ ေက်ာင္းသူ/ေက်ာင္းသားေတြကိုလည္း Tablet ေတြ လွဴဒါန္းခဲ့ပါတယ္။
<Zawgyi Version>
Source ~ Cnet
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare