Breaking News

နိုင်ငံခြားတက္ကသိုလ်များနဲ့ပူးပေါင်းပြီး နည်းလမ်း (၅) မျိုးဖြင့် ပညာရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် အိန္ဒိယနိုင်ငံ။

အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုက စိတ်ဝင်စားစရာကောင်းလာခဲ့ပြီး နိုင်ငံတွင်းမှ တက္ကသိုလ်များကလည်း သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံလျက်ရှိပါတယ်။ အစိုးရကလည်း  ကျောင်းသားများအတွက် နိုင်ငံတကာနဲ့တန်းတူအဆင့်မြင့်ပညာရေးစနစ်ကို ဖန်တီးပေးနေပြီး နိုင်ငံခြားတက္ကသိုလ်များနဲ့ ပူးပေါင်းကာ ပညာရေးအတွက် အထောက်အကူဖြစ်စေရန် ဖန်တီးပေးနေပါတယ်။

(၂၀၁၆) ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်များနဲ့ မိတ်ဖက်ပြုလုပ်ခဲ့သည့် တက္ကသိုလ်များတိုးပွားလာခဲ့ပြီး ကနေဒါ၊ အင်္ဂလန်၊ သြစတြေးလျ၊ နယ်သာလန်နဲ့ အမေရိကန်နိုင်ငံတို့မှ တက္ကသိုလ်ကောလိပ်များနဲ့ အိန္ဒိယမှတက္ကသိုလ်များ မိတ်ဖက်အဖြစ်ပူးပေါင်းထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ကိုမြှင့်တင်နေသည့် နည်းလမ်း (၅) မျိုးကိုလည်းဖော်ပြပေးလိုက်ရပါတယ်။

 

၁။ နိုင်ငံခြားသင်ရိုးညွှန်းတမ်းများအတွက် ကုန်ကျစရိတ်သက်သာအောင်ပြုလုပ်ခြင်း။

MOOCs နဲ့ e- Learning စနစ်အတွက် နိုင်ငံခြားမိတ်ဖက်တက္ကသိုလ်များနဲ့ နိုင်ငံတွင်းရှိ ပုံမှန်သင်ရိုးညွှန်းတမ်းများကို ပူးပေါင်းကာ နိုင်ငံခြားသို့ကျောင်းသွားမတက်နိုင်သည့် ကျောင်းသားများအတွက် အကောင်းဆုံး အကူအညီပေးနေပါတယ်။ e- Learning စနစ်သည် အဆင့်မြင့်ပညာရေးစနစ်တစ်ခုဟုဆိုနိုင်ပြီး အလုပ်လုပ်နေရသူများအတွက် အလုပ်ပြီးချိန်၌ အိမ်မှတစ်ဆင့် သင်ယူနိုင်သည့် အကျိုးကျေးဇူးများလည်းရှိပါတယ်။

 

၂။ တစ်ကမ္ဘာလုံးနဲ့ထိတွေ့ခွင့်ရခြင်း။

တက္ကသိုလ်တော်တော်များများသည် ပညာရေးစနစ်များဖလှယ်ခြင်း၊ ပညာသင်ဆုပေးခြင်းတို့ကို  ဆောင်ရွက်လာခဲ့ပြီး အိန္ဒိယနိုင်ငံမှကျောင်းသားများအနေဖြင့်လည်း မတူညီသည့်ကမ္ဘာ့နိုင်ငံများသို့ သွားရောက်ကာ တစ်ကမ္ဘာလုံးနဲ့ ထိတွေ့နိုင်မည့် အခွင့်အရေးကို ရရှိနေပြီဖြစ်ပါတယ်။ ထိုကဲ့သို့သွားရောက်လေ့လာခွင့်ရခြင်းက အမြင်သစ်များကို ကျယ်ပြန့်စေပြီး ပုဂ္ဂိိုလ်ရေးအရသာမက ပညာရပ်ပိုင်းဆိုင်ရာအရပါ နောင်တစ်ချိန်၌ နှစ်ဦးနှစ်ဖက်အတွက် အလွန်အသုံးဝင်လာမည်ဖြစ်ပါတယ်။

 

၃။ သင်ရိုးညွှန်းတမ်းများကို လွတ်လပ်စွာ ရေးဆွဲနိုင်ခြင်း။

အိန္ဒိယနိုင်ငံမှ တက္ကသိုလ်တော်တော်များများသည် သူတို့ရဲ့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများကို လွတ်လပ်စွာရေးဆွဲခွင့်ရရှိနေခြင်းကြောင့် မတူညီသည့်အထူးပြုဘာသာရပ်များနဲ့ အခြားသောဘာသာရပ်များကို သင်ကြားခွင့်ရရှိနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားတက္ကသိုလ်များနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းထားခြင်းကြောင့်လည်း ကျောင်းသားများအတွက် ကမ္ဘာလုံးဆိုင်ရာစံနှုန်းသတ်မှတ်ချက်များနဲ့ ကိုက်ညီသည့် အဆင့်မြင့်သင်ရိုးညွှန်းတမ်းများကို သင်ယူခွင့်ရရှိမည်ဖြစ်ပါတယ်။

 

၄။ နိုင်ငံတကာမှသင်ကြားပို့ချသည့်အတန်းများတက်ရောက်နိုင်ခြင်း။

အိန္ဒိယနိုင်ငံ၌ သင်ခန်းစာများပို့ချရန်အတွက် နိုင်ငံတကာမှ ဆရာ၊ ဆရာမများကို ဖိတ်ကြားနိုင်ပြီး  ကျောင်းသားများအတွက်လည်း နိုင်ငံခြားပညာရေးဌာနများနဲ့ ဆက်သွယ်နိုင်သည့် အခွင့်အလမ်းများရရှိနေကာ သင်ခန်းစာများကို မတူညီသည့်ရှုထောင့်အမျိုးမျိုးမှတစ်ဆင့် သင်ကြားနိုင်ပါတယ်။

 

၅။ ဌာနဆိုင်ရာစွမ်းရည်မြင့်သင်တန်းများ။

နိုင်ငံတွင်းရှိ ဆရာ၊ ဆရာမများသည်လည်း သူတို့ရဲ့ စွမ်းဆောင်ရည်များ တိုးတက်စေရေးအတွက် နိုင်ငံခြားမှမိတ်ဖက်တက္ကသိုလ်များနဲ့ ပြုလုပ်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်နိုင်ပါတယ်။ ထိုအရာက အိန္ဒိယနိုင်ငံမှ ကျောင်းသားများအတွက်ပါ အကျိုးရှိနိုင်ပြီး  ကျောင်းသားများအပေါ် စာသင်ကြားမှု၌ အပေါင်းလက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံတွင်း မဟာတန်းဌာနမှ ဆရာ၊ ဆရာမများအနေဖြင့်လည်း နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက်ပို့ချခွင့်ရရှိမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ပညာရေးစနစ်ကို အိန္ဒိယအစိုးရက ကြိုးစားအကောင်အထည်ဖော်လျက်ရှိပါတယ်။

<Unicode Version>

 

 

 

ႏိုင္ငံျခားတကၠသိုလ္မ်ားနဲ႔ပူးေပါင္းၿပီး နည္းလမ္း (၅) မ်ိဳးျဖင့္ ပညာေရးစနစ္ကို အဆင့္ျမွင့္တင္ေနသည့္ အိႏၵိယႏိုင္ငံ။

အိႏၵိယႏုိင္ငံရဲ႕ ပညာေရးစနစ္ျပဳျပင္ေျပာင္းလဲမႈက စိတ္ဝင္စားစရာေကာင္းလာခဲ့ၿပီး ႏုိင္ငံတြင္းမွ တကၠသိုလ္မ်ားကလည္း သင္ရိုးညႊန္းတမ္းမ်ားကို ျပင္ဆင္မြမ္းမံလ်က္ရွိပါတယ္။ အစိုးရကလည္း  ေက်ာင္းသားမ်ားအတြက္ ႏိုင္ငံတကာနဲ႔တန္းတူအဆင့္ျမင့္ပညာေရးစနစ္ကို ဖန္တီးေပးေနၿပီး ႏိုင္ငံျခားတကၠသိုလ္မ်ားနဲ႔ ပူးေပါင္းကာ ပညာေရးအတြက္ အေထာက္အကူျဖစ္ေစရန္ ဖန္တီးေပးေနပါတယ္။

(၂၀၁၆) ခုႏွစ္မွစတင္ကာ အျပည္ျပည္ဆိုင္ရာတကၠသိုလ္မ်ားနဲ႔ မိတ္ဖက္ျပဳလုပ္ခဲ့သည့္ တကၠသိုလ္မ်ားတုိးပြားလာခဲ့ၿပီး ကေနဒါ၊ အဂၤလန္၊ ၾသစေၾတးလ်၊ နယ္သာလန္နဲ႔ အေမရိကန္ႏိုင္ငံတို႔မွ တကၠသိုလ္ေကာလိပ္မ်ားနဲ႔ အိႏၵိယမွတကၠသိုလ္မ်ား မိတ္ဖက္အျဖစ္ပူးေပါင္းထားပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ ပညာေရးစနစ္ကိုျမွင့္တင္ေနသည့္ နည္းလမ္း (၅) မ်ိဳးကိုလည္းေဖာ္ျပေပးလိုက္ရပါတယ္။

 

၁။ ႏိုင္ငံျခားသင္ရိုးညႊန္းတမ္းမ်ားအတြက္ ကုန္က်စရိတ္သက္သာေအာင္ျပဳလုပ္ျခင္း။

MOOCs နဲ႔ e- Learning စနစ္အတြက္ ႏိုင္ငံျခားမိတ္ဖက္တကၠသိုလ္မ်ားနဲ႔ ႏုိင္ငံတြင္းရွိ ပံုမွန္သင္ရိုးညႊန္းတမ္းမ်ားကို ပူးေပါင္းကာ ႏိုင္ငံျခားသို႔ ေက်ာင္းသြားမတက္ႏိုင္သည့္ ေက်ာင္းသားမ်ားအတြက္ အေကာင္းဆံုး အကူအညီေပးေနပါတယ္။ e- Learning စနစ္သည္ အဆင့္ျမင့္ပညာေရးစနစ္တစ္ခုဟု ဆိုႏိုင္ၿပီး အလုပ္လုပ္ေနရသူမ်ားအတြက္ အလုပ္ၿပီးခ်ိန္၌ အိမ္မွတစ္ဆင့္ သင္ယူႏုိင္သည့္ အက်ိဳးေက်းဇူးမ်ားလည္းရွိပါတယ္။

 

၂။ တစ္ကမာၻလံုးနဲ႔ထိေတြ႕ခြင့္ရျခင္း။

တကၠသိုလ္ေတာ္ေတာ္မ်ားမ်ားသည္ ပညာေရးစနစ္မ်ားဖလွယ္ျခင္း၊ ပညာသင္ဆုေပးျခင္းတုိ႔ကို  ေဆာင္ရြက္လာခဲ့ၿပီး အိႏၵိယႏိုင္ငံမွေက်ာင္းသားမ်ားအေနျဖင့္လည္း မတူညီသည့္ကမာၻ႕ႏိုင္ငံမ်ားသို႔ သြားေရာက္ကာ တစ္ကမာၻလံုးနဲ႔ ထိေတြ႕ႏုိင္မည့္ အခြင့္အေရးကို ရရွိေနၿပီျဖစ္ပါတယ္။ ထိုကဲ့သို႔သြားေရာက္ေလ့လာခြင့္ရျခင္းက အျမင္သစ္မ်ားကို က်ယ္ျပန္႔ေစၿပီး ပုဂိၢိဳလ္ေရးအရသာမက ပညာရပ္ပိုင္းဆုိင္ရာအရပါ ေနာင္တစ္ခ်ိန္၌ ႏွစ္ဦးႏွစ္ဖက္အတြက္ အလြန္အသံုးဝင္လာမည္ျဖစ္ပါတယ္။

 

၃။ သင္ရိုးညႊန္းတမ္းမ်ားကို လြတ္လပ္စြာ ေရးဆဲြႏိုင္ျခင္း။

အိႏၵိယႏုိင္ငံမွ တကၠသိုလ္ေတာ္ေတာ္မ်ားမ်ားသည္ သူတုိ႔ရဲ႕ ကိုယ္ပိုင္သင္ရိုးညႊန္းတမ္းမ်ားကို လြတ္လပ္စြာေရးဆဲြခြင့္ရရွိေနျခင္းေၾကာင့္ မတူညီသည့္ အထူးျပဳဘာသာရပ္မ်ားနဲ႔ အျခားေသာဘာသာရပ္မ်ားကို သင္ၾကားခြင့္ရရွိႏိုင္ပါတယ္။ ဒါ့အျပင္ ႏုိင္ငံျခားတကၠသိုလ္မ်ားနဲ႔ မိတ္ဖက္အျဖစ္ ပူးေပါင္းထားျခင္းေၾကာင့္လည္း ေက်ာင္းသားမ်ားအတြက္ ကမာၻလံုးဆိုင္ရာစံႏႈန္းသတ္မွတ္ခ်က္မ်ားနဲ႔ ကိုက္ညီသည့္ အဆင့္ျမင့္သင္ရိုးညႊန္းတမ္းမ်ားကို သင္ယူခြင့္ရရွိမည္ျဖစ္ပါတယ္။

 

၄။ ႏိုင္ငံတကာမွသင္ၾကားပို႔ခ်သည့္အတန္းမ်ားတက္ေရာက္ႏုိင္ျခင္း။

အိႏၵိယႏုိင္ငံ၌ သင္ခန္းစာမ်ားပို႔ခ်ရန္အတြက္ ႏုိင္ငံတကာမွ ဆရာ၊ ဆရာမမ်ားကို ဖိတ္ၾကားႏိုင္ၿပီး  ေက်ာင္းသားမ်ားအတြက္လည္း ႏိုင္ငံျခားပညာေရးဌာနမ်ားနဲ႔ ဆက္သြယ္ႏိုင္သည့္ အခြင့္အလမ္းမ်ားရရွိေနကာ သင္ခန္းစာမ်ားကို မတူညီသည့္ရႈေထာင့္အမ်ိဳးမ်ိဳးမွတစ္ဆင့္ သင္ၾကားႏိုင္ပါတယ္။

 

၅။ ဌာနဆိုင္ရာစြမ္းရည္ျမင့္သင္တန္းမ်ား။

ႏိုင္ငံတြင္းရွိ ဆရာ၊ ဆရာမမ်ားသည္လည္း သူတုိ႔ရဲ႕ စြမ္းေဆာင္ရည္မ်ား တိုးတက္ေစေရးအတြက္ ႏိုင္ငံျခားမွမိတ္ဖက္တကၠသိုလ္မ်ားနဲ႔ ျပဳလုပ္သည့္ သင္တန္းမ်ား၊ အလုပ္ရံုေဆြးေႏြးပဲြမ်ားသို႔ တက္ေရာက္ႏိုင္ပါတယ္။ ထိုအရာက အိႏၵိယႏုိင္ငံမွ ေက်ာင္းသားမ်ားအတြက္ပါ အက်ိဳးရွိႏုိင္ၿပီး  ေက်ာင္းသားမ်ားအေပၚ စာသင္ၾကားမႈ၌ အေပါင္းလကၡဏာေဆာင္သည့္ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေပၚေစပါတယ္။ ဒါ့အျပင္ အိႏၵိယႏုိင္ငံတြင္း မဟာတန္းဌာနမွ ဆရာ၊ ဆရာမမ်ားအေနျဖင့္လည္း ႏုိင္ငံျခားတကၠသိုလ္မ်ားသို႔ သြားေရာက္ပို႔ခ်ခြင့္ရရွိမည္ျဖစ္ၿပီး ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိသည့္ ပညာေရးစနစ္ကို အိႏိၵယအစိုးရက ႀကိဳးစားအေကာင္အထည္ေဖာ္လ်က္ရွိပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

ငယ်စဉ်အခါက စာသင်ကျောင်းများမှာ မသင်ခဲ့ရတဲ့သိပ္ပံဆိုင်ရာ အချက်အလက်များ။

ကမ္ဘာပေါ်မှာရှိတဲ့ တချို့သောအရာတွေဟာ ထူးခြားဆန်းပြားပြီး မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်စေတဲ့အတွက် တစ်ခါတစ်လေမှာ ကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒါဆိုရင် ကမ္ဘာကြီးက ဘယ်လို ဘယ်ပုံတွေကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro