Breaking News

ဘရူနိုဖာနန်ဒက်စ် အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ နည်းပြဟောင်း။

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနိုဖာနန်ဒက်စ်သည် သူ့ရဲ့ကစားသမားဘဝအစောပိုင်းကို ဗဟိုနောက်ခံလူတစ်ဦးအဖြစ် အစပြုခဲ့ရကြောင်း သူ့ရဲ့ဆရာဟောင်း အန်တိုနီယိုပီရက်စ်က ပြောကြားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်သည် အသက် (၁၅) နှစ်အရွယ်အထိ ဗဟိုနောက်ခံလူတစ်ယောက်အဖြစ်ကစားခဲ့ပြီး နောက်တန်း၌ ကစားရခြင်းအတွက် စိတ်ပျက်ကာ အငှားထွက်ကစားခွင့်တောင်းခံခဲ့ကြောင်းလည်း သိရှိရပါတယ်။

လက်ရှိအချိန်၌ အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းမှ ယူနိုက်တက်အသင်းဆီသို့ ပြောင်းရွှေ့ကြေးပေါင် (၆၇) သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်သည် သူ့ရဲ့ငယ်ဘဝ၌ ပက်စ်တဲလီရီရာအသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြီး ထိုစဉ်က အဆိုပါအသင်းကို ကိုင်တွယ်နေသည့် နည်းပြ အန်တိုနီယိုပီရက်စ်က “ကျွန်တော်တို့အနေနဲ့ ကစားသမားတွေရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်ကို လေ့လာခဲ့ရပြီး သူတို့ဘယ်လိုစွမ်းဆောင်နိုင်မလဲ၊ ဘယ်လိုနေရာမှာ ကစားသင့်လဲဆိုတာတွေကို စောင့်ကြည့်ခဲ့ရပါတယ်။ အဲ့ဒါက ဘောလုံးရာသီအစတိုင်း ကျွန်တော်တို့ လုပ်နေကျအရာတစ်ခုပါ။”

“တကယ်လို့အသင်းမှာသာ နံပါတ် (၁၀) နေရာအတွက် ကစားနိုင်တဲ့ကစားသမားရှိတယ်ဆိုရင် ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ရှေ့တက်ကစားခွင့်ရခဲ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ အဲ့ဒီလိုကစားသမားမရှိခဲ့တာကြောင့် သူ့အတွက် အခွင့်အရေးရခဲ့ပါတယ်။ သူ့အတွက်လည်း အချိန်အခါကောင်းဖြစ်ခဲ့တာပေါ့။ အဲ့ဒီနောက်တော့ သူပွဲတိုင်းနီးပါး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်သည် ယူနိုက်တက်အသင်းကိုမပြောင်းရွှေ့ခင်က စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ငယ်စဉ်တည်းက ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အသွေးများရှိခဲ့ကြောင်းလည်း ပီရက်စ်က ပြောကြားခဲ့ပါတယ်။ ပီရက်စ်က “အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ သူက တခြားသူတွေအတွက် အမြဲတမ်းပိုမိုကြိုးစားခဲ့တာပါ။ သူက လေ့ကျင့်ခန်းအစီအစဉ်တွေပြီးပြီဆိုတာနဲ့ ဖရီးကစ်ကန်တာ၊ ဂိုးပေါက်ကန်သွင်းတာ ဒီလိုကိုယ်ပိုင်လေ့ကျင့်ခန်းတွေကို ပြုလုပ်လေ့ရှိပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ငယ်ဘဝက ပင်ပန်းဆင်းရဲခဲ့သည်ကိုလည်း ပီရက်စ်က “ကျွန်တော်တို့ဆီက သူထွက်ခွာမသွားခင် သူ့အမေက လိုအပ်တာဝယ်ဖို့ သူ့အိပ်ကပ်ထဲ ယူရို (၅၀) ထည့်ပေးခဲ့ပေမယ့် သူ့အဲ့ဒါတွေ မသုံးခဲ့ပါဘူး။ အဲ့ဒီအချိန်က သူ့အမေ သူ့ကိုပေးနိုင်တဲ့ အများဆုံးငွေပမာဏက အဲ့ဒီလောက်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့် သူ အဲ့ဒီပိုက်ဆံတွေကိုမသုံးခဲ့ပါဘူး။ သူက ဖိုက်တာတစ်ယောက်ပါ။”

“သူ့ခေါင်းထဲမှာ Plan B ဆိုတာကို ဘယ်တော့မှမစဉ်းစားပါဘူး။ တစ်ခါတလေ သူက  လေ့ကျင့်ရေးကွင်းကိုသွားဖို့ တခြားသူတွေနဲ့စက်ဘီးကပ်စီးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိဘတွေက ကားမရှိလို့ပါ။ ဘရူနိုဖာနန်ဒက်စ်ရဲ့ရည်ရွယ်ချက်က သူ့မိဘတွေကို ပြုံးပျော်အောင်လုပ်ပေးနိုင်လို့ဖြစ်ပါတယ်။” ဟုဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

 

ဘရူႏိုဖာနန္ဒက္စ္ အေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာတ့ဲ နည္းျပေဟာင္း။

ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ဘရူႏိုဖာနန္ဒက္စ္သည္ သူ႔ရဲ႕ကစားသမားဘဝအေစာပိုင္းကို ဗဟိုေနာက္ခံလူတစ္ဦးအျဖစ္ အစျပဳခဲ့ရေၾကာင္း သူ႔ရဲ႕ဆရာေဟာင္း အန္တိုနီယိုပီရက္စ္က ေျပာၾကားခဲ့ပါတယ္။ ဘရူႏုိဖာနန္ဒက္စ္သည္ အသက္ (၁၅) ႏွစ္အရြယ္အထိ ဗဟိုေနာက္ခံလူတစ္ေယာက္အျဖစ္ကစားခဲ့ၿပီး ေနာက္တန္း၌ ကစားရျခင္းအတြက္ စိတ္ပ်က္ကာ အငွားထြက္ကစားခြင့္ေတာင္းခံခဲ့ေၾကာင္းလည္း သိရိွရပါတယ္။

လက္ရွိအခ်ိန္၌ အသက္ (၂၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ ဘရူႏိုဖာနန္ဒက္စ္သည္ စပို႔တင္းလစၥဘြန္းအသင္းမွ ယူႏုိက္တက္အသင္းဆီသို႔  ေျပာင္းေရႊ႕ေၾကးေပါင္ (၆၇) သန္းျဖင့္ ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ အေကာင္းဆံုးေျခစြမ္းျပေနသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဘရူႏိုဖာနန္ဒက္စ္သည္ သူ႔ရဲ႕ငယ္ဘဝ၌ ပက္စ္တဲလီရီရာအသင္းကို အငွားနဲ႔ေျပာင္းေရႊ႕ကစားခဲ့ၿပီး ထိုစဥ္က အဆိုပါအသင္းကို ကိုင္တြယ္ေနသည့္ နည္းျပ အန္တိုနီယိုပီရက္စ္က “ကြ်န္ေတာ္တို႔အေနနဲ႔ ကစားသမားေတြရဲ႕ တိုးတက္ေျပာင္းလဲမႈျဖစ္စဥ္ကို ေလ့လာခဲ့ရၿပီး သူတို႔ဘယ္လိုစြမ္းေဆာင္ႏုိင္မလဲ၊ ဘယ္လိုေနရာမွာ ကစားသင့္လဲဆုိတာေတြကို ေစာင့္ၾကည့္ခဲ့ရပါတယ္။ အဲ့ဒါက ေဘာလံုးရာသီအစတိုင္း ကြ်န္ေတာ္တုိ႔ လုပ္ေနက်အရာတစ္ခုပါ။”

“တကယ္လို႔အသင္းမွာသာ နံပါတ္ (၁၀) ေနရာအတြက္ ကစားႏိုင္တဲ့ကစားသမားရွိတယ္ဆိုရင္ ဘရူႏုိဖာနန္ဒက္စ္အေနနဲ႔ ေရွ႕တက္ကစားခြင့္ရခဲ့မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တို႔အသင္းမွာ အဲ့ဒီလိုကစားသမားမရွိခဲ့တာေၾကာင့္ သူ႔အတြက္ အခြင့္အေရးရခဲ့ပါတယ္။ သူ႔အတြက္လည္း အခ်ိန္အခါေကာင္းျဖစ္ခဲ့တာေပါ့။ အဲ့ဒီေနာက္ေတာ့ သူပဲြတိုင္းနီးပါး ဂုိးသြင္းယူႏိုင္ခဲ့ပါတယ္။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

ဘရူႏိုဖာနန္ဒက္စ္သည္ ယူႏိုက္တက္အသင္းကိုမေျပာင္းေရႊ႕ခင္က စပို႔တင္းလစၥဘြန္းအသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ေဆာင္ရြက္ခဲ့ၿပီး ငယ္စဥ္တည္းက ေခါင္းေဆာင္ေကာင္းတစ္ေယာက္ရဲ႕ အရည္အေသြးမ်ားရွိခဲ့ေၾကာင္းလည္း ပီရက္စ္က ေျပာၾကားခဲ့ပါတယ္။ ပီရက္စ္က “အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ သူက တျခားသူေတြအတြက္ အၿမဲတမ္းပိုမိုႀကိဳးစားခဲ့တာပါ။ သူက ေလ့က်င့္ခန္းအစီအစဥ္ေတြၿပီးၿပီဆုိတာနဲ႔ ဖရီးကစ္ကန္တာ၊ ဂိုးေပါက္ကန္သြင္းတာ ဒီလိုကိုယ္ပိုင္ေလ့က်င့္ခန္းေတြကို ျပဳလုပ္ေလ့ရိွပါတယ္။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဘရူႏုိဖာနန္ဒက္စ္ရဲ႕ ငယ္ဘဝက ပင္ပန္းဆင္းရဲခဲ့သည္ကိုလည္း ပီရက္စ္က “ကြ်န္ေတာ္တို႔ဆီက သူထြက္ခြာမသြားခင္ သူ႔အေမက လိုအပ္တာဝယ္ဖို႔ သူ႔အိပ္ကပ္ထဲ ယူရို (၅၀) ထည့္ေပးခဲ့ေပမယ့္ သူ႔အဲ့ဒါေတြ မသံုးခဲ့ပါဘူး။ အဲ့ဒီအခ်ိန္က သူ႔အေမ သူ႔ကိုေပးႏိုင္တဲ့ အမ်ားဆံုးေငြပမာဏက အဲ့ဒီေလာက္ပဲရွိခဲ့ပါတယ္။ ဒါေပမယ့္ သူ အဲ့ဒီပိုက္ဆံေတြကိုမသံုးခဲ့ပါဘူး။ သူက ဖိုက္တာတစ္ေယာက္ပါ။”

“သူ႔ေခါင္းထဲမွာ Plan B ဆိုတာကို ဘယ္ေတာ့မွမစဥ္းစားပါဘူး။ တစ္ခါတေလ သူက  ေလ့က်င့္ေရးကြင္းကိုသြားဖို႔ တျခားသူေတြနဲ႔စက္ဘီးကပ္စီးခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔မိဘေတြက ကားမရွိလို႔ပါ။ ဘရူႏိုဖာနန္ဒက္စ္ရဲ႕ရည္ရြယ္ခ်က္က သူ႔မိဘေတြကို ၿပံဳးေပ်ာ္ေအာင္လုပ္ေပးႏိုင္လို႔ျဖစ္ပါတယ္။” ဟုဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro