HomeOtherတရုတ်နိုင်ငံနှင့် လက်ရှိ ကိုရိုးနားဗိုင်းရပ်စ်အခြေအနေ။

တရုတ်နိုင်ငံနှင့် လက်ရှိ ကိုရိုးနားဗိုင်းရပ်စ်အခြေအနေ။

- Advertisement -

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုမရှိတော့ကြောင်း တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဆိုင်ရာ ကော်မရှင် (NHC) က ဧပြီလ (၇) ရက်နေ့၌ အတည်ပြုကြေညာခဲ့ပါတယ်။ ဧပြီလ (၆) ရက်နေ့က တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း (၃၂) ယောက် ထပ်မံတွေ့ရှိိခဲ့ရပြီး (၁၂) ယောက်ကို သံသယလူနာအဖြစ် စောင့်ကြည့်နေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုမရှိခဲ့ခြင်းလည်း  ဖြစ်ပါတယ်။ အဆိုပါကူးစက်ခံရသူများနဲ့ သံသယလူနာအားလုံးသည်လည်း နိုင်ငံရပ်ခြားမှ တရုတ်နိုင်ငံတွင်း ဝင်ရောက်လာသူများဖြစ်ကြောင်း NHC က ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ အစပြုခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာအနှံ့ကူးစက်နေပြီး အမေရိကနဲ့ အနောက်နိုင်ငံများမှာမူ တရုတ်နိုင်ငံအနေဖြင့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းများအတွက် အနောက်နိုင်ငံများကိုဇီဝလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယူဆနေကြပါတယ်။ လက်ရှိအချိန်အထိ အမေရိကအပါအဝင် ဥရောပနိုင်ငံများက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ခက်ခက်ခဲခဲရင်ဆိုင်နေရပေမယ့် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းလျော့ကျသွားခြင်းကလည်း သံသယဝင်စရာကောင်းနေပါတယ်။

- Advertisement -

- Advertisement -

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၈၁,၇၄၀) ယောက်ရှိနေပြီး သေဆုံးသူအရေအတွက် (၃,၃၃၁) ယောက်အထိရှိခဲ့ပေမယ့် လက်ရှိအချိန်တွင် ဗိုင်းရပ်စ်အစပြုရာဝူဟန်မြို့၌စျေးများဖွင့်လှစ်ကာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၌ ပြည်ပမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလာရသူပေါင်း (၉၈၃) ယောက်အထိရှိပြီး တရုတ်အာဏာပိုင်များကမူ နိုင်ငံတွင်း၌ ဒုတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်မှုမဖြစ်ပေါ်အောင် ထိန်းချုပ်နေသည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

- Advertisement -

လေကြောင်းလိုင်းတစ်ခုစီမှ တရုတ်နိုင်ငံသို့ တစ်ပတ်လျှင်လေယာဉ်တစ်စင်း ဆင်းသက်ခွင့်ရရှိထားပြီး သတ်မှတ်ထားသောစည်းမျဉ်းသစ်များအရ အဆိုပါလေယာဉ်၌ ခရီးသည်ဦးရေကို (၇၅) ရာခိုင်နှုန်းထက်ကျော်လွန်ကာ တင်ဆောင်ခွင့်မပြုထားကြောင်း သိရပါတယ်။ ဝူဟန်မြို့၌ နေထိုင်သူများသည်လည်း ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်  ပြည်ပခရီး စတင်သွားလာခွင့်ရရှိတော့မည်လည်းဖြစ်ပါတယ်။

<Unicode Version>

 

 

တရုတ္ႏုိင္ငံႏွင့္ လက္ရွိ ကိုရိုးနားဗိုင္းရပ္စ္အေျခအေန။

တရုတ္ႏိုင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ လူေသဆံုးမႈမရွိေတာ့ေၾကာင္း တရုတ္ႏိုင္ငံရဲ႕ အမ်ိဳးသားက်န္းမာေရးဆုိင္ရာ ေကာ္မရွင္ (NHC) က ဧၿပီလ (၇) ရက္ေန႔၌ အတည္ျပဳေၾကညာခဲ့ပါတယ္။ ဧၿပီလ (၆) ရက္ေန႔က တရုတ္ႏုိင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း (၃၂) ေယာက္ ထပ္မံေတြ႕ရိွိခဲ့ရၿပီး (၁၂) ေယာက္ကို သံသယလူနာအျဖစ္ ေစာင့္ၾကည့္ေနေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ လူေသဆံုးမႈမရွိခဲ့ျခင္းလည္း  ျဖစ္ပါတယ္။ အဆိုပါကူးစက္ခံရသူမ်ားနဲ႔ သံသယလူနာအားလံုးသည္လည္း ႏိုင္ငံရပ္ျခားမွ တရုတ္ႏုိင္ငံတြင္း ဝင္ေရာက္လာသူမ်ားျဖစ္ေၾကာင္း NHC က ေၾကညာခဲ့ပါတယ္။

တရုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ အစျပဳခဲ့သည့္ ကိုရိုနာဗုိင္းရပ္စ္သည္ ကမာၻအႏွံ႔ကူးစက္ေနၿပီး အေမရိကနဲ႔ အေနာက္ႏိုင္ငံမ်ားမွာမူ တရုတ္ႏုိင္ငံအေနျဖင့္ သူတုိ႔ရဲ႕စီးပြားေရးလုပ္ငန္းမ်ားအတြက္ အေနာက္ႏိုင္ငံမ်ားကိုဇီဝလက္နက္ျဖင့္ တိုက္ခိုက္ခဲ့သည္ဟု ယူဆေနၾကပါတယ္။ လက္ရွိအခ်ိန္အထိ အေမရိကအပါအဝင္ ဥေရာပႏိုင္ငံမ်ားက ကိုရိုနာဗုိင္းရပ္စ္အႏၱရာယ္ကို ခက္ခက္ခဲခဲရင္ဆိုင္ေနရေပမယ့္ တရုတ္ႏိုင္ငံ၌ ဗိုင္းရပ္စ္ကူးစက္မႈႏႈန္းေလ်ာ့က်သြားျခင္းကလည္း သံသယဝင္စရာေကာင္းေနပါတယ္။

တရုတ္ႏိုင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း (၈၁,၇၄၀) ေယာက္ရွိေနၿပီး ေသဆံုးသူအေရအတြက္ (၃,၃၃၁) ေယာက္အထိရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္တြင္ ဗိုင္းရပ္စ္အစျပဳရာဝူဟန္ၿမိဳ႕၌ေစ်းမ်ားဖြင့္လွစ္ကာ ပံုမွန္အတိုင္း ျပန္လည္သြားလာေနၾကၿပီလည္းျဖစ္ပါတယ္။ တရုတ္ႏုိင္ငံ၌ ျပည္ပမွ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံလာရသူေပါင္း (၉၈၃) ေယာက္အထိရွိၿပီး တရုတ္အာဏာပိုင္မ်ားကမူ ႏုိင္ငံတြင္း၌ ဒုတိယအႀကိမ္ေျမာက္ ကိုရိုနာဗိုင္းရပ္စ္ အႀကီးအက်ယ္ကူးစက္မႈမျဖစ္ေပၚေအာင္ ထိန္းခ်ဳပ္ေနသည္ဟု BBC သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ေလေၾကာင္းလိုင္းတစ္ခုစီမွ တရုတ္ႏိုင္ငံသုိ႔ တစ္ပတ္လွ်င္ေလယာဥ္တစ္စင္း ဆင္းသက္ခြင့္ရရွိထားၿပီး သတ္မွတ္ထားေသာစည္းမ်ဥ္းသစ္မ်ားအရ အဆုိပါေလယာဥ္၌ ခရီးသည္ဦးေရကို (၇၅) ရာခိုင္ႏႈန္းထက္ေက်ာ္လြန္ကာ တင္ေဆာင္ခြင့္မျပဳထားေၾကာင္း သိရပါတယ္။ ဝူဟန္ၿမိဳ႕၌ ေနထိုင္သူမ်ားသည္လည္း ကိုရိုနာဗုိင္းရပ္စ္ စတင္ပ်ံ႕ႏံွ႔ၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္  ျပည္ပခရီး စတင္သြားလာခြင့္ရရွိေတာ့မည္လည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Mirror

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read