Breaking News

ကိုရိုနာဗိုင်းရပ်စ်နဲ့ အမေရိကန်ဒေါ်လာအခြေအနေ။

အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းက အဆိုးရွားဆုံးဖြစ်လာခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးရသူပေါင်း သန်းနဲ့ချီရှိလာခဲ့ကာ စီးပွားရေးပြိုလဲမှုများဖြစ်ပေါ်နေခဲ့ပေမယ့် အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးအပေါ် အကျိုးသက်ရောက်မှုမရှိခဲ့ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကလည်း ယခုနှစ်မတ်လအစောပိုင်းကရောက်ရှိခဲ့သည့် အနိမ့်ဆုံးတန်ဖိုးထက် (၆) ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုကဲ့သို့မြင့်တက်ရသည့်အကြောင်းရင်းကလည်း ကမ္ဘာ့အရံငွေကြေး အင်အားတောင့်တင်းမှုရှိခြင်းကြောင့် ဖြစ်ပါတယ်။

ထိုကဲ့သို့ဖြစ်ရခြင်းမှာလည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြဿနာများရှိနေသည့်ကြားထဲ၌ပင် သူတို့ရဲ့ငွေကြေးများကို လုံခြုံစိတ်ချရသည့်နေရာများ၌ ရင်းနှီးမြှုပ်နှံလိုပြီး Societe Generale မှ နိုင်ငံတကာငွေကြေးလဲလှယ်မှုဆိုင်ရာ မဟာဗျူဟာအကြီးအကဲ Kit Juckes က “ဒါက အမေရိကန်ဒေါ်လာတန်ဖိုးရဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး လူတော်တော်များများက အချိန်တိုင်းမှာ ဒေါ်လာတွေကို လိုချင်နေကြလို့ပါ။” ဟုဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့သည့်ရက်သတ္တပတ်များကလည်း အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးကို လျော့ကျမသွားအောင် အမေရိကန်ဗဟိုဘဏ်က ဒေါ်လာထရီလျံပေါင်းများစွာကို ဘဏ္ဍာရေးစနစ်များအတွင်းသို့ ထည့်သွင်းစီးဆင်းစေခဲ့ပါတယ်။ ကနဦး၌ဒေါ်လာတန်ဖိုးလျော့ကျခဲ့ရသည့်အကြောင်းရင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အခက်အခဲများနဲ့ ရင်ဆိုင်နေရသည့် ကုမ္ပဏီများက  ငွေကြေးအများအပြား လိုအပ်လာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါတယ်။ ဒါပေမယ့်နိုင်ငံခြားငွေလဲလှယ်သည့်စျေးကွက်၌ ဒေါ်လာလဲလှယ်မှုနှုန်းက အများဆုံးဖြစ်ပြီး ယူရိုနဲ့နှိုှုင်းယှဉ်လိုက်ပါက ဇန်နဝါရီလ (၁) ရက်နေ့နောက်ပိုင်း ဒေါ်လာတန်ဖိုးက (၃.၅) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ရေနံစျေးကွက်ပြိုလဲသွားခြင်းကလည်း အဆိုပါစျေးကွက်ကို အမှီပြုထားသည့် ရုရှားရူဘယ်လ်၊ ကနေဒါဒေါ်လာ၊  နော်ဝေ Krone တို့နဲ့နှိုင်းယှဉ်လိုက်ပါက ဒေါ်လာတန်ဖိုးကိုပိုမိုမြင့်တက်လာစေခဲ့ပါတယ်။ စီးပွားရေးအကျပ်အတည်းများနဲ့ ကုမ္ပဏီကြီးများပိတ်ပင်လိုက်ခြင်းကြောင့် ပြီးခဲ့သည့်လ၌ ဗဟိုဘဏ်က အတိုးနှုန်းကို သုညအထိလျှော့ချပေးခဲ့ပြီး လေ့လာသူအချို့ကမူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များက ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး (၂) ခု နဲ့ ဒေါ်လာတန်ဖိုးကို ရိုက်ခတ်နိုင်ကြောင်း ယုံကြည်နေကြပါတယ်။

ဒါ့အပြင်ရင်းနှီးမြှုပ်နှံသူများကလည်း ကမ္ဘာ့စီးပွားရေးကျဆင်းမှုက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုထက် ပိုမိုကြီးမားနက်ရှိုင်းပြီး အခြားသောနိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံကဲ့သို့ လျင်မြန်စွာ ပြန်လည်ဦးမော့လာမည်မဟုတ်ကြောင်း ဆိုထားပါတယ်။ မတ်လအတွင်း အလုပ်လက်မဲ့ဖြစ်သည့် ရာခိုင်နှုန်းကလည်း (၄.၄) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး တစ်လအတွင်း ဖျက်သိမ်းသွားခဲ့သည့် ကုမ္ပဏီများကိုလည်း စာရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်၌ အမေရိကန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းက ကမ္ဘာ့အဆိုးရွားဆုံးဖြစ်နေပြီး မတ်လဒုတိယပတ်အတွင်း အလုပ်လက်မဲ့ဖြစ်သူပေါင်း (၁၀) သန်းအထိ ရှိလာကြောင်းသိရှိရပါတယ်။

<Unicode Version>

 

 

 

ကိုရိုနာဗိုင္းရပ္စ္နဲ႕ အေမရိကန္ေဒၚလာအေျခအေန။

အေမရိကန္ႏုိင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္းက အဆိုးရြားဆံုးျဖစ္လာခဲ့ၿပီး အလုပ္အကိုင္အခြင့္အလမ္း ဆံုးရံႈးရသူေပါင္း သန္းနဲ႔ခ်ီရွိလာခဲ့ကာ စီးပြားေရးၿပိဳလဲမႈမ်ားျဖစ္ေပၚေနခဲ့ေပမယ့္ အေမရိကန္ေဒၚလာရဲ႕ တန္ဖိုးအေပၚ အက်ိဳးသက္ေရာက္မႈမရွိခဲ့ေၾကာင္းသိရွိရပါတယ္။ ဒါ့အျပင္ အေမရိကန္ေဒၚလာရဲ႕တန္ဖိုးကလည္း ယခုႏွစ္မတ္လအေစာပိုင္းကေရာက္ရွိခဲ့သည့္ အနိမ့္ဆံုးတန္ဖိုးထက္ (၆) ရာခိုင္ႏႈန္း ျပန္လည္ျမင့္တက္လာခဲ့ၿပီး ယခုကဲ့သို႔ျမင့္တက္ရသည့္အေၾကာင္းရင္းကလည္း ကမာၻ႕အရံေငြေၾကး အင္အားေတာင့္တင္းမႈရွိျခင္းေၾကာင့္ ျဖစ္ပါတယ္။

ထိုကဲ့သုိ႔ျဖစ္ရျခင္းမွာလည္း ရင္းႏီွးျမွဳပ္ႏွံသူမ်ားအေနျဖင့္ ျပႆနာမ်ားရွိေနသည့္ၾကားထဲ၌ပင္ သူတို႔ရဲ႕ေငြေၾကးမ်ားကို လံုၿခံဳစိတ္ခ်ရသည့္ေနရာမ်ား၌ ရင္းႏွီးျမွဳပ္ႏွံလိုၿပီး Societe Generale မွ ႏိုင္ငံတကာေငြေၾကးလဲလွယ္မႈဆုိင္ရာ မဟာဗ်ဴဟာအႀကီးအကဲ Kit Juckes က “ဒါက အေမရိကန္ေဒၚလာတန္ဖိုးရဲ႕ အခြင့္အေရးေကာင္းတစ္ခုျဖစ္ၿပီး လူေတာ္ေတာ္မ်ားမ်ားက အခ်ိန္တိုင္းမွာ ေဒၚလာေတြကို လိုခ်င္ေနၾကလို႔ပါ။” ဟုဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

ၿပီးခဲ့သည့္ရက္သတၱပတ္မ်ားကလည္း အေမရိကန္ေဒၚလာရဲ႕ တန္ဖိုးကို ေလ်ာ့က်မသြားေအာင္ အေမရိကန္ဗဟိုဘဏ္က ေဒၚလာထရီလ်ံေပါင္းမ်ားစြာကို ဘ႑ာေရးစနစ္မ်ားအတြင္းသို႔ ထည့္သြင္းစီးဆင္းေစခဲ့ပါတယ္။ ကနဦး၌ေဒၚလာတန္ဖိုးေလ်ာ့က်ခဲ့ရသည့္အေၾကာင္းရင္းမွာလည္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေၾကာင့္ အခက္အခဲမ်ားနဲ႔ ရင္ဆိုင္ေနရသည့္ ကုမၸဏီမ်ားက  ေငြေၾကးအမ်ားအျပား လိုအပ္လာျခင္းေၾကာင့္ျဖစ္သည္ဟု သိရွိရပါတယ္။ ဒါေပမယ့္ႏိုင္ငံျခားေငြလဲလွယ္သည့္ေစ်းကြက္၌ ေဒၚလာလဲလွယ္မႈႏႈန္းက အမ်ားဆံုးျဖစ္ၿပီး ယူရိုနဲ႔ႏိႈႈင္းယွဥ္လိုက္ပါက ဇန္နဝါရီလ (၁) ရက္ေန႔ေနာက္ပိုင္း ေဒၚလာတန္ဖိုးက (၃.၅) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။

ေရနံေစ်းကြက္ၿပိဳလဲသြားျခင္းကလည္း အဆုိပါေစ်းကြက္ကို အမွီျပဳထားသည့္ ရုရွားရူဘယ္လ္၊ ကေနဒါေဒၚလာ၊  ေနာ္ေဝ Krone တို႔နဲ႔ႏိႈင္းယွဥ္လိုက္ပါက ေဒၚလာတန္ဖိုးကိုပိုမိုျမင့္တက္လာေစခဲ့ပါတယ္။ စီးပြားေရးအက်ပ္အတည္းမ်ားနဲ႔ ကုမၸဏီႀကီးမ်ားပိတ္ပင္လိုက္ျခင္းေၾကာင့္ ၿပီးခဲ့သည့္လ၌ ဗဟိုဘဏ္က အတုိးႏႈန္းကို သုညအထိေလွ်ာ့ခ်ေပးခဲ့ၿပီး ေလ့လာသူအခ်ိဳ႕ကမူ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ျဖစ္ေပၚလာသည့္ အက်ိဳးဆက္မ်ားက ကမာၻ႕အႀကီးမားဆံုး စီးပြားေရး (၂) ခု နဲ႔ ေဒၚလာတန္ဖိုးကို ရိုက္ခတ္ႏိုင္ေၾကာင္း ယံုၾကည္ေနၾကပါတယ္။

ဒါ့အျပင္ရင္းႏွီးျမွဳပ္ႏွံသူမ်ားကလည္း ကမာၻ႕စီးပြားေရးက်ဆင္းမႈက အေမရိကန္ႏုိင္ငံရဲ႕ စီးပြားေရးက်ဆင္းမႈထက္ ပိုမိုႀကီးမားနက္ရိႈင္းၿပီး အျခားေသာႏုိင္ငံမ်ားအေနျဖင့္ အေမရိကန္ႏိုင္ငံကဲ့သို႔ လ်င္ျမန္စြာ ျပန္လည္ဦးေမာ့လာမည္မဟုတ္ေၾကာင္း ဆိုထားပါတယ္။ မတ္လအတြင္း အလုပ္လက္မဲ့ျဖစ္သည့္ ရာခိုင္ႏႈန္းကလည္း (၄.၄) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ၿပီး တစ္လအတြင္း ဖ်က္သိမ္းသြားခဲ့သည့္ ကုမၸဏီမ်ားကိုလည္း စာရင္းေကာက္ယူႏိုင္ခဲ့ျခင္း မရွိေၾကာင္း သိရွိရပါတယ္။ လက္ရွိအခ်ိန္၌ အေမရိကန္ႏိုင္ငံတြင္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈႏႈန္းက ကမာၻ႕အဆိုးရြားဆံုးျဖစ္ေနၿပီး မတ္လဒုတိယပတ္အတြင္း အလုပ္လက္မဲ့ျဖစ္သူေပါင္း (၁၀) သန္းအထိ ရွိလာေၾကာင္းသိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Businesstimes

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro