Breaking News

ရော်နယ်ဒိုနဲ့ ရီးရဲယ်မက်ဒရစ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်း။

ရီးရဲယ်မက်ဒရစ်အသင်းသည် သူတို့ရဲ့ကစားသမားဟောင်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီးသည် အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ရီးရဲယ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း (၄၃၈) ပွဲကစား၊ သွင်းဂိုး (၄၅၀) သွင်းယူနိုင်ခဲ့ကာ အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေကို ခက်ခက်ခဲခဲ ထိန်းညှိနေရပြီး လာမယ့်အပြောင်းအရွှေ့၌ ရော်နယ်ဒိုကဲ့သို့ နာမည်ကျော်ကစားသမားကို ရောင်းချရန်အထိ စဉ်းစားနေကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။   ရော်နယ်ဒိုရဲ့အသင်းဟောင်း ရီးရဲယ်မက်ဒရစ်အသင်းကလည်း ရော်နယ်ဒိုသာ လစာငွေလျှော့ယူမည်ဆိုပါက ပြန်လည်ခေါ်ယူရန်ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် စပိန်နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်သည့် မာကာရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုနဲ့ ရီးရဲယ်မက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ်တို့အကြား ရင်းနှီးသည့်ဆက်ဆံရေးရှိနေဆဲဖြစ်ပေမယ့် ရီးရဲယ်မက်ဒရစ်အသင်းက ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် စိတ်ကူးမရှိကြောင်း ဖော်ပြခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ် ရော်နယ်ဒိုရဲ့တစ်နှစ်လုပ်ခက ယူရိုသန်း (၅၀) အထက်၌ ရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ရင်ဆိုင်နေရသည့် ကာလအတွင်း ရော်နယ်ဒိုအပါအဝင် ဂျူဗင်တပ်စ်ကစားသမားများအနေဖြင့် မူလရရှိနေသည့် လစာကို လျှော့ယူသွားရမည်ဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ေရာ္နယ္ဒိုနဲ႔ ရီးရဲယ္မက္ဒရစ္အသင္းတို႔ရဲ႕ အေျပာင္းအေရႊ႕ဇာတ္လမ္း။

ရီးရဲယ္မက္ဒရစ္အသင္းသည္ သူတုိ႔ရဲ႕ကစားသမားေဟာင္း ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူမည္ဟု သတင္းမ်ားထြက္ေပၚေနသည့္အေပၚ ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရွိရပါတယ္။ အဆိုပါ ေပၚတူဂီလက္ေရြးစင္ အသင္းေခါင္းေဆာင္ႀကီးသည္ အသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး ရီးရဲယ္မက္ဒရစ္အသင္းအတြက္ ပဲြေပါင္း (၄၃၈) ပဲြကစား၊ သြင္းဂိုး (၄၅၀) သြင္းယူႏိုင္ခဲ့ကာ အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းသည္ လက္ရွိအခ်ိန္၌ ကိုရိုနာဗုိင္းရပ္စ္အႏၱရာယ္ေၾကာင့္ အသင္းရဲ႕ဘ႑ာေရး အေျခအေနကို ခက္ခက္ခဲခဲ ထိန္းညိွေနရၿပီး လာမယ့္အေျပာင္းအေရႊ႕၌ ေရာ္နယ္ဒိုကဲ့သို႔ နာမည္ေက်ာ္ကစားသမားကို ေရာင္းခ်ရန္အထိ စဥ္းစားေနေၾကာင္း သတင္းမ်ားကေဖာ္ျပခဲ့ပါတယ္။   ေရာ္နယ္ဒိုရဲ႕အသင္းေဟာင္း ရီးရဲယ္မက္ဒရစ္အသင္းကလည္း ေရာ္နယ္ဒိုသာ လစာေငြေလွ်ာ့ယူမည္ဆိုပါက ျပန္လည္ေခၚယူရန္ဆႏၵရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။

ဒါေပမယ့္ စပိန္နာမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္သည့္ မာကာရဲ႕ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုနဲ႔ ရီးရဲယ္မက္ဒရစ္အသင္းဥကၠဌ ပီရက္ဇ္တို႔အၾကား ရင္းႏီွးသည့္ဆက္ဆံေရးရွိေနဆဲျဖစ္ေပမယ့္ ရီးရဲယ္မက္ဒရစ္အသင္းက ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူရန္ စိတ္ကူးမရွိေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ အသက္ (၃၅) ႏွစ္အရြယ္ ေရာ္နယ္ဒိုရဲ႕တစ္ႏွစ္လုပ္ခက ယူရိုသန္း (၅၀) အထက္၌ ရွိေနေပမယ့္ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ရင္ဆိုင္ေနရသည့္ ကာလအတြင္း ေရာ္နယ္ဒိုအပါအဝင္ ဂ်ဴဗင္တပ္စ္ကစားသမားမ်ားအေနျဖင့္ မူလရရွိေနသည့္ လစာကို ေလွ်ာ့ယူသြားရမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချယ်ဆီးအသင်းပိုင်ရှင်အသစ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလေဟာ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုတာကို ဆွေးနွေးခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro