Breaking News

COVID-19 အတွက် Apple ကုမ္ပဏီ CEO ဆီက အလှူငွေတောင်းခံခဲ့တဲ့ Lady Gaga

Lady Gaga ဟာ ကမ္ဘာအနှံ့မှာဖြစ်ပေါ်နေတဲ့ COVID-19 ကို တိုက်ထုတ်နိုင်ဖို့အတွက် ‘One World: Together at Home” လို့ အမည်ပေးထားတဲ့ ရန်ပုံငွေရှာဖွေပွဲ အစီအစဉ်ကို ဦးဆောင်နေပါတယ်။ အဆိုပါ အစီအစဉ်ကနေ ရရှိလာမယ့် ရန်ပုံငွေတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Jimmy Fallon ရဲ့ “The Tonight Show” ကို ကျန်းမာရေးကို အထူးဂရုပြုတဲ့အနေနဲ့ လူကိုယ်တိုင်တက်ရောက်ခွင့်မရှိတာကြောင့် Lady Gaga နဲ့ Jimmy Fallon တို့ဟာ အင်တာနက်ကနေတဆင့် Video Call ခေါ်ပြီး “The Tonight Show” လေးကို ပူးပေါင်းကျင်းပခဲ့ရပါတယ်။

အဆိုပါအစီအစဉ်အတွင်းမှာ Lady Gaga က Apple ကုမ္ပဏီရဲ CEO ဖြစ်သူ Cook ကို FaceTime ခေါ်ပြီး သူ့ရဲ့ရန်ပုံငွေရှာဖွေပွဲအစီအစဉ်ကို ပြောပြခဲ့ပြီး Cook အနေနဲ့ အလှူငွေလှူဒါန်းနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ Cook ကလည်း Lady Gaga ရဲ့ COVID-19 ကိုတိုက်ထုတ်နိုင်ဖို့အတွက် ရန်ပုံငွေရှာပွဲအစီအစဉ်မှာ အလှူငွေလှူဒါန်းခွင့်ရတာကြောင့် သဘောကျကြည်နူးကြောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Jimmy Fallon ရဲ့ပြောကြားချက်အရ Apple ကုမ္ပဏီရဲ့ CEO ဖြစ်သူ Tim Cook ဟာ ဒေါ်လာ၁ဝသန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Lady Gaga ဟာ ဂီတပါရမီရှိတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် စိတ်ထားကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ Gaga ဟာ ချို့တဲ့နေတဲ့သူတွေကို ကူညီပေးတတ်တဲ့ အမျိုးသမီး ၊ အမှန်ဖက်ကနေ ရပ်တည်ဖို့ဝန်မလေးတဲ့ အမျိုးသမီး ၊ အားနည်းသူကို ကာကွယ်ပံ့ပိုးပေးတတ်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။

ဧပြီ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ WHO သတင်းစာရှင်းလင်းပွဲမှာ Lady Gaga က ကျန်းမာရေးဝန်ထမ်းတွေကို  လေးစားကြောင်းနဲ့ သူတို့တွေဘေးကင်းဖို့အတွက် ဆုတောင်းပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လိုအပ်တဲ့ ဆေးအထောက်အကူပစ္စည်းတွေကို လှူဒါန်းပေးနိုင်ဖို့ ကြိုးစားပေးနေကြောင်း  ပြောပြခဲ့ပါတယ်။

Lady Gaga ဟာ အင်တာနက်ကနေတဆင့် “One World: Together at Home” လို့ အမည်ရတဲ့ သီချင်းဖျော်ဖြေမှုကို ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါဖျော်ဖြေမှုမှာ Billie Eilish ၊ Lizzo ၊ Elton John ၊ Paul McCartney ၊ Stevie Wonder နဲ့ Chris Martin တို့ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

<Unicode Version>

 

 

 

COVID-19 အတြက္ Apple ကုမၸဏီ CEO ဆီက အလွဴေငြေတာင္းခံခ့ဲတ့ဲ Lady Gaga

Lady Gaga ဟာ ကမာၻအႏွံ႔မွာျဖစ္ေပၚေနတဲ့ COVID-19 ကို တိုက္ထုတ္ႏိုင္ဖို႔အတြက္ ‘One World: Together at Home” လို႔ အမည္ေပးထားတဲ့ ရန္ပံုေငြရွာေဖြပြဲ အစီအစဥ္ကို ဦးေဆာင္ေနပါတယ္။ အဆိုပါ အစီအစဥ္ကေန ရရွိလာမယ့္ ရန္ပံုေငြေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းကို လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

Jimmy Fallon ရဲ႕ “The Tonight Show” ကို က်န္းမာေရးကို အထူးဂ႐ုျပဳတဲ့အေနနဲ႔ လူကိုယ္တိုင္တက္ေရာက္ခြင့္မရွိတာေၾကာင့္ Lady Gaga နဲ႔ Jimmy Fallon တို႔ဟာ အင္တာနက္ကေနတဆင့္ Video Call ေခၚၿပီး “The Tonight Show” ေလးကို ပူးေပါင္းက်င္းပခဲ့ရပါတယ္။

အဆိုပါအစီအစဥ္အတြင္းမွာ Lady Gaga က Apple ကုမၸဏီရဲ CEO ျဖစ္သူ Cook ကို FaceTime ေခၚၿပီး သူ႔ရဲ႕ရန္ပံုေငြရွာေဖြပြဲအစီအစဥ္ကို ေျပာျပခဲ့ၿပီး Cook အေနနဲ႔ အလွဴေငြလွဴဒါန္းႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ Cook ကလည္း Lady Gaga ရဲ႕ COVID-19 ကိုတိုက္ထုတ္ႏိုင္ဖို႔အတြက္ ရန္ပံုေငြရွာပြဲအစီအစဥ္မွာ အလွဴေငြလွဴဒါန္းခြင့္ရတာေၾကာင့္ သေဘာက်ၾကည္ႏူးေၾကာင္းဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Jimmy Fallon ရဲ႕ေျပာၾကားခ်က္အရ Apple ကုမၸဏီရဲ႕ CEO ျဖစ္သူ Tim Cook ဟာ ေဒၚလာ၁၀သန္းလွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။

Lady Gaga ဟာ ဂီတပါရမီရွိတဲ့ အဆိုေတာ္တစ္ဦးျဖစ္တဲ့အျပင္ စိတ္ထားေကာင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ပါတယ္။ Gaga ဟာ ခ်ိဳ႕တဲ့ေနတဲ့သူေတြကို ကူညီေပးတတ္တဲ့ အမ်ိဳးသမီး ၊ အမွန္ဖက္ကေန ရပ္တည္ဖို႔ဝန္မေလးတဲ့ အမ်ိဳးသမီး ၊ အားနည္းသူကို ကာကြယ္ပံ့ပိုးေပးတတ္တဲ့ အမ်ိဳးသမီး ျဖစ္ပါတယ္။

ဧၿပီ ၆ ရက္ေန႔မွာ က်င္းပခဲ့တဲ့ WHO သတင္းစာရွင္းလင္းပြဲမွာ Lady Gaga က က်န္းမာေရးဝန္ထမ္းေတြကို  ေလးစားေၾကာင္းနဲ႔ သူတို႔ေတြေဘးကင္းဖို႔အတြက္ ဆုေတာင္းေပးေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ က်န္းမာေရးအတြက္လိုအပ္တဲ့ ေဆးအေထာက္အကူပစၥည္းေတြကို လွဴဒါန္းေပးႏိုင္ဖို႔ ႀကိဳးစားေပးေနေၾကာင္း  ေျပာျပခဲ့ပါတယ္။

Lady Gaga ဟာ အင္တာနက္ကေနတဆင့္ “One World: Together at Home” လို႔ အမည္ရတဲ့ သီခ်င္းေဖ်ာ္ေျဖမႈကို ျပဳလုပ္သြားမွာျဖစ္ၿပီး အဆိုပါေဖ်ာ္ေျဖမႈမွာ Billie Eilish ၊ Lizzo ၊ Elton John ၊ Paul McCartney ၊ Stevie Wonder နဲ႔ Chris Martin တို႔ ပါဝင္ေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ LADBible

#SY(Soshwe)

#soshweentertianment

#soshweforyourdailylife

#likeandshare

 

 

 

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro