အနောက် Sussex ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် Kate Mitchell ဆိုသူမှာ British Bulldog အမျိုးအစား Sheldon လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိပါတယ်။ Kate Michelle ကတော့ Worthing မှာ Kate Mitchell Makeup Studio ဖွင့်ထားပါတယ်။
LADbible နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ Kate Mitchell က သူ့ရဲ့ခွေးလေး Sheldon ဟာ Kate ရဲ့ အလှပြင်ဆိုင်ကို လိုက်လာတတ်ပြီး ဆိုင်ကဝန်ထမ်းတွေနဲ့ အလှလာပြင်တဲ့သူတွေကို နှုတ်ဆက်တတ်ကြောင်း ဆိုပါတယ်။ ကိုယ်ကအလှပြင်ဆိုင်ထဲကို ဝင်သွားတဲ့အချိန်မှာ အလှပြင်ဆိုင်က ဝန်ထမ်းတွေအပြင် ခွေးလေးတစ်ကောင်ကပါ ကိုယ့်ကိုနှုတ်ဆက်တယ်ဆိုတာ ဘယ်လောက်တောင်မှ ချစ်စရာကောင်းလိုက်မလဲနော်။
Sheldon ဟာ သခင်မ Kate ရဲ့ အလှပြင်ဆိုင်ကို လိုက်သွားပြီး အလှပြင်ဆိုင်က ဝန်ထမ်းတွေနဲ့ ရံဖန်ရံခါ ဆော့ကစားလိုက် ၊ အလှလာပြင်တဲ့သူတွေကို နှုတ်ဆက်လိုက်လုပ်နေခဲ့တာမို့ အခုလိုမျိုး အိမ်တွင်းအောင်းနေရတဲ့အခါမှာ နေ့စဉ်လုပ်နေကြ အလုပ်လေးမလုပ်ရတော့ Sheldon လေးက ပျင်းလို့နေပါတယ်။
ဒါကြောင့်လည်း Sheldon လေး အပျင်းပြေစေဖို့အရေး Kate တစ်ယောက် ကွတ်ကီးတွေလုပ်ပြီး အိမ်နီးနားချင်းတွေကို Sheldon နဲ့ အတူတူလိုက်ပို့ပါတော့တယ်။ Kate ကတော့ အိမ်အပြင်မှာရပ်နေခဲ့ပြီး Sheldon လေးကတော့ အိမ်နီးနားချင်းတွေရဲ့ အိမ်ထဲထိ ကွတ်ကီးလေးတွေ ပို့ပေးပါတော့တယ်။
Kate ရဲ့ကွတ်ကီးလုပ်တာက အိမ်နီးနားချင်းတွေကို ပျော်ရွှင်စေရုံသာမက Sheldon လေးကိုလည်း အပျင်းပြေစေပါတယ်။ Kate က Sheldon ဟာ စိတ်ထားနူးညံ့ပြီး ချစ်တတ်တဲ့ခွေးလေးတစ်ကောင် ဖြစ်တယ်လို့လည်းဆိုပါတယ်။ Sheldon ကို Kate ရဲ့အလှပြင်ဆိုင်ကိုလာတဲ့ အလှလာပြင်တဲ့သူတွေရော Kate အလှပြင်ဆိုင်က ဝန်ထမ်းတွေကပါ ချစ်ကြတယ်လို့လည်း သိရပါတယ်။
<Unicode Version>
အိမ်နီးနားချင်းတွေကို မုန့်လိုက်ပို့ပေးခဲ့တဲ့ ခွေးလေး Sheldon
<Zawgyi Version>
Source ~ Ladbible
#SY(Soshwe)
#soshweanimal
#soshweforyourdailylife
#likeandshare