HomeLifeStyleဖခင်ဖြစ်သူရဲ့မွေးနေ့ပွဲအတွက် ထူးထူးဆန်းဆန်း ပြင်ဆင်ပေးခဲ့တဲ့ မောင်နှမနှစ်ယောက်။

ဖခင်ဖြစ်သူရဲ့မွေးနေ့ပွဲအတွက် ထူးထူးဆန်းဆန်း ပြင်ဆင်ပေးခဲ့တဲ့ မောင်နှမနှစ်ယောက်။

- Advertisement -

ကပ်ရောဂါဆိုးကြီးကိုမကူးစက်စေဖို့အတွက် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း အိမ်အတွင်းမှာပဲနေရမှာ ဖြစ်တာကြောင့် လန်ဒန်မြို့နေ မောင်နှမနှစ်ယောက်ဟာ ဖခင်ရဲ့မွေးနေ့ပွဲကို ကျင်းပနိုင်ဖို့အတွက် သူတို့တတ်နိုင်တဲ့ဖက်ကနေ အကောင်းဆုံးကြိုးစားပေးခဲ့တာကို ဖတ်ကြည့်ရအောင်ပါနော်။

အသက်၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lottie Hiscox နဲ့ Jamie တို့ဟာ အဖေဖြစ်သူရဲ့ မွေးနေ့ကို အိမ်မှာပဲကျင်းပနိုင်ဖို့အတွက် အိမ်ဥယျာဉ်ထဲမှာပဲ အရက်ဆိုင်ဆောက်လုပ်ပေးခဲ့ပါတယ်။ အဖေဖြစ်သူရဲ့ အရက်ဆိုင်နာမည်ကတော့ “The Lord Ravensbourne” ပဲဖြစ်ပါတယ်။

- Advertisement -

LADbible နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ Lottie က “အဖေ့မွေးနေ့ကို မြို့တွင်းက ယာမကာဆိုင်မှာ သွားရောက်ကျင်းပဖို့အတွက် မတတ်နိုင်တာကြောင့် ကျွန်မတို့တွေက ဝမ်းနည်းနေတာပါ။ ဒါပေမယ့်လည်း အိမ်မှာရှိနေတဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပရိဘောကပစ္စည်းအဟောင်းတွေကို အသုံးပြုပြီး အဖေတန်ဖိုးထားတဲ့ အိမ်တွင်းဥယျာဉ်ထဲမှာပဲ အရက်ဆိုင်သေးသေးလေး ဆောက်လုပ်ပေးဖို့ အကြံရတာနဲ့ မောင်ဖြစ်သူရဲ့ အကူအညီနဲ့ ပြုလုပ်ပေးဖြစ်ခဲ့တယ်။”လို့ ဆိုပါတယ်။

- Advertisement -

Lottie က အဖေ့ရဲ့အရက်ဆိုင်လေးကို ဆေးရောင်လှလှခြယ်ပေးဖို့အတွက် ငယ်စဉ်က သူနေခဲ့တဲ့ အိပ်ခန်းထဲမှာရှိနေတဲ့ ဆေးပုံးတွေ ၊ ရောင်စုံခဲတံတွေကို အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။ အရက်ဆိုင်နာမည်ကို “The Lord Ravensbourne” လို့အမည်ပေးတာကလည်း Ravensbourne မြစ်က Lottie တို့ရဲ့ဥယျာဉ်ထဲမှာ စီးဆင်းနေတယ်ဆိုတဲ့ သဘောမျိုးကို ဆိုလိုကြောင်း Lottie က ရှင်းပြခဲ့ပါတယ်။

Hiscox မောင်နှမနှစ်ယောက်ရဲ့ တီထွင်ဆန်းသစ်မှုကို မြင်ရတဲ့ ဆွေမျိုးသားချင်း နဲ့ သူငယ်ချင်းတွေကလည်း “The Lord Ravensbourne” အရက်ဆိုင်ကို လာဖို့အတွက် ရင်ခုန်နေကြကြောင်းကိုလည်း Lottie က  ပြောပြခဲ့ပါတယ်။

<Unicode Version>

 

 

 

- Advertisement -

ဖခင္ျဖစ္သူရဲ႕ေမြးေန႕ပြဲအတြက္ ထူးထူးဆန္းဆန္း ျပင္ဆင္ေပးခ့ဲတ့ဲ ေမာင္ႏွမႏွစ္ေယာက္။

ကပ္ေရာဂါဆိုးႀကီးကိုမကူးစက္ေစဖို႔အတြက္ အစိုးရအဖြဲ႔ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း အိမ္အတြင္းမွာပဲေနရမွာ ျဖစ္တာေၾကာင့္ လန္ဒန္ၿမိဳ႕ေန ေမာင္ႏွမႏွစ္ေယာက္ဟာ ဖခင္ရဲ႕ေမြးေန႔ပြဲကို က်င္းပႏိုင္ဖို႔အတြက္ သူတို႔တတ္ႏိုင္တဲ့ဖက္ကေန အေကာင္းဆံုးႀကိဳးစားေပးခဲ့တာကို ဖတ္ၾကည့္ရေအာင္ပါေနာ္။

အသက္၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Lottie Hiscox နဲ႔ Jamie တို႔ဟာ အေဖျဖစ္သူရဲ႕ ေမြးေန႔ကို အိမ္မွာပဲက်င္းပႏိုင္ဖို႔အတြက္ အိမ္ဥယ်ာဥ္ထဲမွာပဲ အရက္ဆိုင္ေဆာက္လုပ္ေပးခဲ့ပါတယ္။ အေဖျဖစ္သူရဲ႕ အရက္ဆိုင္နာမည္ကေတာ့ “The Lord Ravensbourne” ပဲျဖစ္ပါတယ္။

LADbible နဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ Lottie က “အေဖ့ေမြးေန႔ကို ၿမိဳ႕တြင္းက ယာမကာဆိုင္မွာ သြားေရာက္က်င္းပဖို႔အတြက္ မတတ္ႏိုင္တာေၾကာင့္ ကၽြန္မတို႔ေတြက ဝမ္းနည္းေနတာပါ။ ဒါေပမယ့္လည္း အိမ္မွာရွိေနတဲ့ ျပန္လည္အသံုးျပဳလို႔ရတဲ့ ပရိေဘာကပစၥည္းအေဟာင္းေတြကို အသံုးျပဳၿပီး အေဖတန္ဖိုးထားတဲ့ အိမ္တြင္းဥယ်ာဥ္ထဲမွာပဲ အရက္ဆိုင္ေသးေသးေလး ေဆာက္လုပ္ေပးဖို႔ အၾကံရတာနဲ႔ ေမာင္ျဖစ္သူရဲ႕ အကူအညီနဲ႔ ျပဳလုပ္ေပးျဖစ္ခဲ့တယ္။”လို႔ ဆိုပါတယ္။

Lottie က အေဖ့ရဲ႕အရက္ဆိုင္ေလးကို ေဆးေရာင္လွလွျခယ္ေပးဖို႔အတြက္ ငယ္စဥ္က သူေနခဲ့တဲ့ အိပ္ခန္းထဲမွာရွိေနတဲ့ ေဆးပံုးေတြ ၊ ေရာင္စံုခဲတံေတြကို အသံုးျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ အရက္ဆိုင္နာမည္ကို “The Lord Ravensbourne” လို႔အမည္ေပးတာကလည္း Ravensbourne ျမစ္က Lottie တို႔ရဲ႕ဥယ်ာဥ္ထဲမွာ စီးဆင္းေနတယ္ဆိုတဲ့ သေဘာမ်ိဳးကို ဆိုလိုေၾကာင္း Lottie က ရွင္းျပခဲ့ပါတယ္။

Hiscox ေမာင္ႏွမႏွစ္ေယာက္ရဲ႕ တီထြင္ဆန္းသစ္မႈကို ျမင္ရတဲ့ ေဆြမ်ိဳးသားခ်င္း နဲ႔ သူငယ္ခ်င္းေတြကလည္း “The Lord Ravensbourne” အရက္ဆိုင္ကို လာဖို႔အတြက္ ရင္ခုန္ေနၾကေၾကာင္းကိုလည္း Lottie က  ေျပာျပခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ Ladbible

#SY(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

 

 

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 + one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...