HomeHome & PropertyCOVID-19 အချိန်မှာ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ဆောင်ရန်ရှောင်ရန်များ။

COVID-19 အချိန်မှာ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ဆောင်ရန်ရှောင်ရန်များ။

- Advertisement -

COVID-19 ကူးစက်မှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာက ကုမ္ပဏီတွေက ဝန်ထမ်းတွေကို  လုပ်ငန်းခွင်ဝင်ရောက်မှု ခေတ္တရပ်ဆိုင်းထားရတာကြောင့် အိမ်ကနေပဲ ကိုယ့်ရဲ့အလုပ်တာဝန်တွေကို ပြီးမြောက်အောင်ဆောင်ရွက်နေကြရတာပဲ ဖြစ်ပါတယ်။

ကုန်စည်စီးဆင်းမှုတွေ နှေးကွေးလာခြင်းက စီးပွားရေးလှုပ်ရှားမှုကို  နှောင့်နှေးစေတာပဲဖြစ်ပြီး  ဒီလိုအချိန်မျိုးမှာလည်း လက်ထဲမှာငွေတွေစုမိထားတဲ့ အိမ်ခြံမြေဝယ်ယူလိုသူတွေ ရှိနေသေးတာမို့ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ အိမ်ခြံမြေဝယ်ယူလိုသူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်  အောက်ပါဆောင်ရန်ရှောင်ရန်တွေကို သတိထားသင့်ပါတယ်။

 

- Advertisement -

ရောင်းဝယ်ဖောက်ကားမှုကို စဉ်ဆက်မပြတ်ဆက်လက်လုပ်ဆောင်နေပါ။

- Advertisement -

ယခုချိန်မှာ ဝင်ငွေနည်းပါးပေမယ့်လည်း ဝယ်ယူလိုသူတွေကို ဆက်လက်ဝန်ဆောင်မှုပေးနိုင်ဖို့ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ရောင်းဝယ်ဖောက်ကားမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အိမ်ခြံမြေအကျိုးဆောင်တွေက ဝယ်ယူလိုသူတွေကို  အရေးကြီးတဲ့အချက်အလက်များ သိစေဖို့အတွက် အိမ်ခြံမြေရောင်းဝယ်မှုကို အကောင်းဆုံး သတင်းပါးပေးနိုင်တဲ့ လုံခြုံစိတ်ချရတဲ့ သတင်းမီဒီယာကို အသုံးပြုသင့်ပါတယ်။

 

ကိုယ့်အကျိုးကိုသာ ကိုယ်ကြည့်တတ်တဲ့ သတင်းမီဒီယာတွေနဲ့ လက်တွဲခြင်းကို ရှောင်ကျဉ်ပါ။

အခုအချိန်မျိုးမှာ တချို့သောကုမ္ပဏီတွေက တခြားသောကုမ္ပဏီတွေထက် သက်သာတဲ့ စျေးနှုန်းတွေနဲ့ သူတို့အမှန်တကယ် မလုပ်ပေးနိုင်တဲ့ ကမ်းလှမ်းမှုတွေကို  မက်လုံးပေးပြီး  အိမ်ခြံမြေအကျိုးဆောင်တွေအပေါ်  အမြတ်ထုတ်တတ်တဲ့ သဘောမျိုးတွေ တွေ့ရတာကြောင့် အိမ်ခြံအကျိုးဆောင်တွေအနေနဲ့ အထူးသတိထားသင့်ပါတယ်။

 

အသစ်အဆန်းတွေကို လေ့လာကြည့်ပါ။

အခုလိုမျိုး အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ လူမှုကွန်ရက်ကို အကျိုးရှိစွာအသုံးချပြီး ကိုယ့်ရဲ့လုပ်ငန်းကို ရေရှည်အတွက် အကျိုးပြုနိုင်မယ့် နည်းလမ်းတွေကို လေ့လာပါ။

 

- Advertisement -

ဝယ်သူတွေကို ဖိအားမပေးပါနဲ့။

ဝယ်ယူသူတွေကို ဝယ်ယူဖို့ဖိအားပေးမယ့်အစား သူတို့ကိုသိစေလိုတဲ့ အသေးစိတ်အချက်အလက်တွေကို  မျှဝေပေးပါ။ ဒါမှလည်း ဝယ်ယူသူတွေဟာ အိမ်ခြံမြေအကျိုးဆောင်က ကိုယ့်ရဲ့ဝယ်ယူမှုကို စေတနာရှိတဲ့ ကူညီပေးနိုင်သူဖြစ်တာကို လက်ခံလာနိုင်မှာဖြစ်ပါတယ်။

<Unicode Version>

 

 

 

COVID-19 အခ်ိန္မွာ အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေနနဲ႔ ေဆာင္ရန္ေရွာင္ရန္မ်ား။

COVID-19 ကူးစက္မႈကို ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ႏိုင္ငံတကာက ကုမၸဏီေတြက ဝန္ထမ္းေတြကို  လုပ္ငန္းခြင္ဝင္ေရာက္မႈ ေခတၱရပ္ဆိုင္းထားရတာေၾကာင့္ အိမ္ကေနပဲ ကိုယ့္ရဲ႕အလုပ္တာဝန္ေတြကို ၿပီးေျမာက္ေအာင္ေဆာင္ရြက္ေနၾကရတာပဲ ျဖစ္ပါတယ္။

ကုန္စည္စီးဆင္းမႈေတြ ေႏွးေကြးလာျခင္းက စီးပြားေရးလႈပ္ရွားမႈကို  ေႏွာင့္ေႏွးေစတာပဲျဖစ္ၿပီး  ဒီလိုအခ်ိန္မ်ိဳးမွာလည္း လက္ထဲမွာေငြေတြစုမိထားတဲ့ အိမ္ျခံေျမဝယ္ယူလိုသူေတြ ရွိေနေသးတာမို႔ အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေနနဲ႔ အိမ္ျခံေျမဝယ္ယူလိုသူေတြကို ဝန္ေဆာင္မႈေပးႏိုင္ဖို႔အတြက္  ေအာက္ပါေဆာင္ရန္ေရွာင္ရန္ေတြကို သတိထားသင့္ပါတယ္။

 

ေရာင္းဝယ္ေဖာက္ကားမႈကို စဥ္ဆက္မျပတ္ဆက္လက္လုပ္ေဆာင္ေနပါ။

ယခုခ်ိန္မွာ ဝင္ေငြနည္းပါးေပမယ့္လည္း ဝယ္ယူလိုသူေတြကို ဆက္လက္ဝန္ေဆာင္မႈေပးႏိုင္ဖို႔ အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေနနဲ႔ ေရာင္းဝယ္ေဖာက္ကားမႈကို စဥ္ဆက္မျပတ္ လုပ္ေဆာင္ေနဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ အိမ္ျခံေျမအက်ိဳးေဆာင္ေတြက ဝယ္ယူလိုသူေတြကို  အေရးႀကီးတဲ့အခ်က္အလက္မ်ား သိေစဖို႔အတြက္ အိမ္ျခံေျမေရာင္းဝယ္မႈကို အေကာင္းဆံုး သတင္းပါးေပးႏိုင္တဲ့ လံုျခံဳစိတ္ခ်ရတဲ့ သတင္းမီဒီယာကို အသံုးျပဳသင့္ပါတယ္။

 

ကိုယ့္အက်ိဳးကိုသာ ကိုယ္ၾကည့္တတ္တဲ့ သတင္းမီဒီယာေတြနဲ႔ လက္တြဲျခင္းကို ေရွာင္က်ဥ္ပါ။

အခုအခ်ိန္မ်ိဳးမွာ တခ်ိဳ႕ေသာကုမၸဏီေတြက တျခားေသာကုမၸဏီေတြထက္ သက္သာတဲ့ ေစ်းႏႈန္းေတြနဲ႔ သူတို႔အမွန္တကယ္ မလုပ္ေပးႏိုင္တဲ့ ကမ္းလွမ္းမႈေတြကို  မက္လံုးေပးၿပီး  အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေပၚ  အျမတ္ထုတ္တတ္တဲ့ သေဘာမ်ိဳးေတြ ေတြ႕ရတာေၾကာင့္ အိမ္ျခံအက်ိဳးေဆာင္ေတြအေနနဲ႔ အထူးသတိထားသင့္ပါတယ္။

 

အသစ္အဆန္းေတြကို ေလ့လာၾကည့္ပါ။

အခုလိုမ်ိဳး အိမ္တြင္းေအာင္းေနရတဲ့အခ်ိန္မွာ အိမ္ျခံေျမအက်ိဳးေဆာင္ေတြအေနနဲ႔ လူမႈကြန္ရက္ကို အက်ိဳးရွိစြာအသံုးခ်ၿပီး ကိုယ့္ရဲ႕လုပ္ငန္းကို ေရရွည္အတြက္ အက်ိဳးျပဳႏိုင္မယ့္ နည္းလမ္းေတြကို ေလ့လာပါ။

 

ဝယ္သူေတြကို ဖိအားမေပးပါနဲ႔။

ဝယ္ယူသူေတြကို ဝယ္ယူဖို႔ဖိအားေပးမယ့္အစား သူတို႔ကိုသိေစလိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို  မွ်ေဝေပးပါ။ ဒါမွလည္း ဝယ္ယူသူေတြဟာ အိမ္ျခံေျမအက်ိဳးေဆာင္က ကိုယ့္ရဲ႕ဝယ္ယူမႈကို ေစတနာရွိတဲ့ ကူညီေပးႏိုင္သူျဖစ္တာကို လက္ခံလာႏိုင္မွာျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Dotproperty

#SY(Soshwe)

#soshweproperty

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × 5 =

Must Read

အမျိုးသားများနဲ့ အမျိုးသမီးများကို တန်းတူညီမျှ အခွင့်အရေးပေးသော နိုင်ငံများအကြောင်း။

ကမ္ဘာကြီးမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ တန်းတူညီမျှ ရင်ဘောင်တန်းပြီး သွားလာလှုပ်ရှားနေကြပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမျိုးသားနဲ့ အမျိုးသမီးတွေအကြား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ မတူညီကြပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ နိုင်ငံ ၆ နိုင်ငံတည်းကသာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ တူညီတဲ့ရပိုင်ခွင့်တွေ သတ်မှတ်ပေးထားကြောင်း လေ့လာတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့...