HomeOtherကူးသန်းသွားလာခွင့် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်တဲ့ ဝူဟန်မြို့။

ကူးသန်းသွားလာခွင့် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်တဲ့ ဝူဟန်မြို့။

- Advertisement -

တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ပျံ့နှံ့ခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးကို ကူးစက်ခံရသူအများအပြားရှိလာပြီး သေဆုံးသူတွေလဲ ရှိခဲ့တာကြောင့် ဝူဟန်မြို့ကိုဝင်ခွင့်ထွက်ခွင့် ပိတ်သိမ်းလိုက်တာကြောင့် ဝူဟန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေဟာလည်း မွေးရပ်မြေကို ပြန်ခွင့်မရှိခဲ့ပါဘူး။

ရောဂါပိုးကိုတိုက်ထုတ်နိုင်ပြီးတဲ့နောက်မှာတော့ ဝူဟန်မြို့အစိုးရအဖွဲ့က ဝူဟန်မြို့အတွင်းမှာနေထိုင်နေတဲ့ မြို့သူမြို့သားတွေကို ဝင်ခွင့်ထွက်ခွင့်ပေးလိုက်ပြီး ကြိုက်တဲ့နေရာကို ကြိုက်တဲ့ယာဉ်စီးပြီး ခရီးသွားခွင့်တွေ  ပေးထားလိုက်ပြီဖြစ်ပါတယ်။ ဒါဆိုရင် ဝူဟန်မြို့ရဲ့ လေယာဉ်ကွင်းမှာ စုပြုံပြီးရောက်ရှိနေတဲ့ သူတွေက ဝူဟန်မြို့သားတွေလား (သို့) အခြားမြို့/နိုင်ငံက သူတွေလား? ဆိုတာကတော့ မေးခွန်းကောင်းပါပဲ။

- Advertisement -

ဝူဟန်မြို့အစိုးရအဖွဲ့ကလည်း ဝူဟန်မြို့ကနေထွက်သွားသူ ထောင်ချီရှိတာကြောင့် လေယာဉ်ခရီးကိုရွေးချယ်ပြီး ထွက်သွားသူတွေရဲ့ ရောက်လိုရာအရပ်ကို ဧပြီလ၈ရက်နေ့ကနေစပြီး ၁၅ရက်နေ့ထိ မနားတမ်းပျံသန်းပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

- Advertisement -

ဝူဟန်မြို့ပင်မသတင်းဌာနရဲ့ ပြောကြားချက်အရ မည်သည့်သယ်ယူပို့ဆောင်ရေးယာဉ်ကိုမဆို စီးနင်းလိုက်ပါသူတွေအနေနဲ့ ယာဉ်ပေါ်တတ်တဲ့အခါမှာပဲဖြစ်ဖြစ် ယာဉ်ပေါ်ကနေဆင်းတဲ့အခါမှာပဲဖြစ်ဖြစ် ပိုးသတ်ဆေးဖြန်းသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

CNN သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ဝူဟန်မြို့ကနေထွက်လာတဲ့သူအများစုဟာ ဝူဟန်မြို့ကို သွားရောက်လည်ပတ်စဉ် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ဝူဟန်မြို့အဝင်အထွက်ကို ပိတ်သိမ်းလိုက်တဲ့အချိန်မှာ ဝူဟန်မြို့ထဲမှာ ပိတ်နေမိတဲ့ နိုင်ငံရပ်ခြား (သို့) ဒေသခြားမှ ဝူဟန်သို့ လာရောက်လည်ပတ်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

<Unicode Version>

 

 

 



- Advertisement -





<Zawgyi Version>

 

Source ~ Elite

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − twelve =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...