အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Twitter လူမှုကွန်ယက်ကုမ္ပဏီပိုင်ရှင် Jack Dorsey ဟာ ဒေါ်လာ ၁ ဘီလျံ (ယူရိုသန်း၈၀၀) ကို COVID-19 တိုက်ထုတ်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့နဲ့ ရောဂါပျံ့ပွါးမှုကို ရပ်တန့်နိုင်ဖို့ရည်ရွယ်ပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
FORBES မဂ္ဂဇင်းရဲ့ တွေ့ရှိချက်အရ Twitter လူမှုကွန်ယက်ကုမ္ပဏီပိုင်ရှင် Jack Dorsey ရဲ့ အသားတင်ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ၃.၃ဘီလျံရှိပါတယ်။ COVID-19 အတွက် လှူဒါန်းလိုက်တဲ့ ဒေါ်လာ၁ဘီလျံဆိုတာ Jack Dorsey အသားတင်ပိုင်ဆိုင်မှုတန်ဖိုးရဲ့ ၂၈% ဖြစ်တယ်လို့လည်း သိရပါတယ်။
Jack Dorsey ဟာ စီးပွားရေးတစ်ခုကို စတင်ထူထောင်သူတွေကို ဦးစားပေးငွေချေးပေးတဲ့ ငွေချေးလုပ်ငန်း Square ကုမ္ပဏီရဲ့ CEO လည်းဖြစ်ပါတယ်။ Jack ဟာ အဆိုပါငွေချေးလုပ်ငန်းမှာ ပါဝင်ထားတဲ့ ရှယ်ယာတွေကို နောင်လာနောက်သားတွေအတွက် ချန်ရစ်ပေးခဲ့မှာဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ဖူးပါတယ်။
I’m moving $1B of my Square equity (~28% of my wealth) to #startsmall LLC to fund global COVID-19 relief. After we disarm this pandemic, the focus will shift to girl’s health and education, and UBI. It will operate transparently, all flows tracked here: https://t.co/hVkUczDQmz
— jack (@jack) April 7, 2020
Jack Dorsey ဟာ ကိုယ်ပိုင်ရန်ပုံငွေအသင်းကို ဖွဲ့စည်းထားပြီး အဆိုပါရန်ပုံငွေအဖွဲ့အစည်းကတဆင့် လက်ခံရရှိထားတဲ့ ရန်ပုံငွေတွေကို အကူအညီလိုအပ်တဲ့ ဒေသတွေနဲ့ အဖွဲ့အစည်းအတွေအတွက် လှူဒါန်းလေ့ရှိပါတယ်။ ဒါပေမယ့်လည်း Jack က သူ့ရဲ့လှူဒါန်းမှုတွေကို သတင်းမီဒီယာကနေတဆင့် ထုတ်ဖော်ပြောပြလေ့မရှိပါဘူး။
ဒါပေမယ့် တစ်ကမ္ဘာလုံးဟာ ကပ်ရောဂါဆိုးကြီးကို ကြုံတွေ့နေရတဲ့ အခုလိုအချိန်မျိုးမှာတော့ Jack Dorsey က သူ့ရဲ့လှူဒါန်းမှုဟာ ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်ရာမှာ အနည်းငယ်အထောက်အကူဖြစ်ဖို့အတွက် ရည်ရွယ်ထားကြောင်းကို Google Doc ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။
Jack Dorsey က “ကျွန်ုပ်တို့အားလုံး COVID-19ကို အပြတ်ရှင်းပြီးတဲ့အချိန်မှာတော့ ရန်ပုံငွေအဖွဲ့အစည်းမှာ ကျန်ရှိနေသေးတဲ့ အလှူငွေတွေကို အမျိုးသမီးတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုပေးမယ့် ပစ္စည်းတွေဝယ်ယူလှူဒါန်းပေးနိုင်ဖို့ နဲ့ တက္ကသိုလ်ကျောင်းတွေက သုတေသနဌာနတွေကို လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။”လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
Bill & Melinda Gates ရန်ပုံငွေအဖွဲ့အစည်းရဲ့ ငွေကြေးထောက်ပံ့မှုကြောင့် Inovio ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဟာ COVID-19 ရောဂါပိုးကို နှိမ်နင်းနိုင်ချေများတဲ့ INO-4800 ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ အပြီးသတ်နှိမ်နင်းနိုင်မယ့် ဆေးဝါးကိုဖော်စပ်နိုင်ဖို့ ဇီဝဆေးဖော်စပ်သူတွေက ကြိုးစားနေဆဲဖြစ်ပါတယ်။
<Unicode Version>
COVID-19 အတြက္ ေဒၚလာ ၁ ဘီလ်ံလွဴဒါန္းခဲ့တဲ့ နည္းပညာကုမၸဏီပိုင္ရွင္ႀကီးတစ္ဦး။
အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္တဲ့ Twitter လူမႈကြန္ယက္ကုမၸဏီပိုင္ရွင္ Jack Dorsey ဟာ ေဒၚလာ ၁ ဘီလ်ံ (ယူ႐ိုသန္း၈၀၀) ကို COVID-19 တိုက္ထုတ္ဖို႔အတြက္ လိုအပ္တဲ့ က်န္းမာေရးပစၥည္းေတြ ဝယ္ယူႏိုင္ဖို႔နဲ႔ ေရာဂါပ်ံ႕ပြါးမႈကို ရပ္တန္႔ႏိုင္ဖို႔ရည္ရြယ္ၿပီး လွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။
FORBES မဂၢဇင္းရဲ႕ ေတြ႕ရွိခ်က္အရ Twitter လူမႈကြန္ယက္ကုမၸဏီပိုင္ရွင္ Jack Dorsey ရဲ႕ အသားတင္ပိုင္ဆိုင္မႈတန္ဖိုးဟာ ေဒၚလာ၃.၃ဘီလ်ံရွိပါတယ္။ COVID-19 အတြက္ လွဴဒါန္းလိုက္တဲ့ ေဒၚလာ၁ဘီလ်ံဆိုတာ Jack Dorsey အသားတင္ပိုင္ဆိုင္မႈတန္ဖိုးရဲ႕ ၂၈% ျဖစ္တယ္လို႔လည္း သိရပါတယ္။
Jack Dorsey ဟာ စီးပြားေရးတစ္ခုကို စတင္ထူေထာင္သူေတြကို ဦးစားေပးေငြေခ်းေပးတဲ့ ေငြေခ်းလုပ္ငန္း Square ကုမၸဏီရဲ႕ CEO လည္းျဖစ္ပါတယ္။ Jack ဟာ အဆိုပါေငြေခ်းလုပ္ငန္းမွာ ပါဝင္ထားတဲ့ ရွယ္ယာေတြကို ေနာင္လာေနာက္သားေတြအတြက္ ခ်န္ရစ္ေပးခဲ့မွာျဖစ္ေၾကာင္းကိုလည္း ေျပာျပခဲ့ဖူးပါတယ္။
I’m moving $1B of my Square equity (~28% of my wealth) to #startsmall LLC to fund global COVID-19 relief. After we disarm this pandemic, the focus will shift to girl’s health and education, and UBI. It will operate transparently, all flows tracked here: https://t.co/hVkUczDQmz
— jack (@jack) April 7, 2020
Jack Dorsey ဟာ ကိုယ္ပိုင္ရန္ပံုေငြအသင္းကို ဖြဲ႔စည္းထားၿပီး အဆိုပါရန္ပံုေငြအဖြဲ႔အစည္းကတဆင့္ လက္ခံရရွိထားတဲ့ ရန္ပံုေငြေတြကို အကူအညီလိုအပ္တဲ့ ေဒသေတြနဲ႔ အဖြဲ႔အစည္းအေတြအတြက္ လွဴဒါန္းေလ့ရွိပါတယ္။ ဒါေပမယ့္လည္း Jack က သူ႔ရဲ႕လွဴဒါန္းမႈေတြကို သတင္းမီဒီယာကေနတဆင့္ ထုတ္ေဖာ္ေျပာျပေလ့မရွိပါဘူး။
ဒါေပမယ့္ တစ္ကမာၻလံုးဟာ ကပ္ေရာဂါဆိုးႀကီးကို ၾကံဳေတြ႔ေနရတဲ့ အခုလိုအခ်ိန္မ်ိဳးမွာေတာ့ Jack Dorsey က သူ႔ရဲ႕လွဴဒါန္းမႈဟာ ကပ္ေရာဂါဆိုးႀကီးကို တိုက္ထုတ္ရာမွာ အနည္းငယ္အေထာက္အကူျဖစ္ဖို႔အတြက္ ရည္ရြယ္ထားေၾကာင္းကို Google Doc ေဆာင္းပါးတစ္ခုမွာ ေဖာ္ျပထားပါတယ္။
Jack Dorsey က “ကၽြႏ္ုပ္တို႔အားလံုး COVID-19ကို အျပတ္ရွင္းၿပီးတဲ့အခ်ိန္မွာေတာ့ ရန္ပံုေငြအဖြဲ႔အစည္းမွာ က်န္ရွိေနေသးတဲ့ အလွဴေငြေတြကို အမ်ိဳးသမီးေတြရဲ႕က်န္းမာေရးကို အေထာက္အကူျပဳေပးမယ့္ ပစၥည္းေတြဝယ္ယူလွဴဒါန္းေပးႏိုင္ဖို႔ နဲ႔ တကၠသိုလ္ေက်ာင္းေတြက သုေတသနဌာနေတြကို လွဴဒါန္းေပးသြားမွာ ျဖစ္ပါတယ္။”လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
Bill & Melinda Gates ရန္ပံုေငြအဖြဲ႔အစည္းရဲ႕ ေငြေၾကးေထာက္ပံ့မႈေၾကာင့္ Inovio ေဆးဝါးထုတ္လုပ္ေရး ကုမၸဏီဟာ COVID-19 ေရာဂါပိုးကို ႏွိမ္နင္းႏိုင္ေခ်မ်ားတဲ့ INO-4800 ကာကြယ္ေဆးကို တီထြင္ႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္ထိ အၿပီးသတ္ႏွိမ္နင္းႏိုင္မယ့္ ေဆးဝါးကိုေဖာ္စပ္ႏိုင္ဖို႔ ဇီဝေဆးေဖာ္စပ္သူေတြက ႀကိဳးစားေနဆဲျဖစ္ပါတယ္။
<Zawgyi Version>
Source ~ E&T
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare