Breaking News

ဒီမိုကရေစီ လွှတ်တော်အမတ်များ၏ စုံစမ်းစစ်ဆေးခြင်း ခံနေရသည့် Zoom

COVID-19 ကြောင့် လူတွေဟာ လုပ်ငန်းခွင်ကို ကိုယ်တိုင်တက်ရောက်ခွင့် မရှိတော့ဘဲ အိမ်ကနေပြီး အလုပ်လုပ်ကြရတာမို့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံစကားပြောလိုတဲ့အခါ (သို့) အစည်းအဝေးပွဲပြုလုပ်တဲ့အခါမှာ ရုပ်မြင်သံကြား (ဗီဒီယို)ဆက်သွယ်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Zoom App ကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။

အဆိုပါဝန်ဆောင်မှုကို ကုမ္ပဏီဝန်ထမ်းတွေသာမက အစိုးရအဖွဲ့အစည်းက အစိုးရဝန်ထမ်းတွေဟာလည်း တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ ဒီလိုမျိုး တွင်ကျယ်စွာအသုံးပြုလာကြတယ်ဆိုတာကလည်း Zoom App ဟာ လုပ်ငန်းခွင်မှာ သုံးဖို့အတွက် အဓိကပြုလုပ်ထားတာဖြစ်လို့ပါပဲ။

မကြာသေးခင်မှာ အဆိုပါ ရုပ်မြင်သံကြားဆက်သွယ်ရေး ဝန်ဆောင်မှုဟာ အမေရိကန်ပြည်ထောင်စု လွတ်တော်အမတ်များရဲ့ သံသယဝင်မှုကြောင့် အကြပ်ရိုက်လာပါတယ်။ အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီဝါဒီ လွှတ်တော်အမတ် Richard Blumenthalက Zoom App ဟာ အသုံးပြုသူများရဲ့ ကိုယ်ပိုင်အချက်အလက်ကို လုံခြုံစွာသိမ်းဆည်းပေးဖို့ ပျက်ကွက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်ကုန်သွယ်မှုအဖွဲ့အစည်းကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သင့်ကြောင်း ဖိအားပေးလာပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လွှတ်တော်အမတ်က ဖယ်ဒရယ်ကုန်သွယ်မှုအဖွဲ့အစည်းကို  တောင်းဆိုရခြင်းကတော့ Zoom ကုမ္ပဏီက Zoom App ကိုအသုံးပြုတဲ့သူတွေရဲ့ ဗီဒီယိုဆက်သွယ်မှု အစအဆုံးကို လုံခြုံစွာသိမ်းဆည်းထားတယ်လို့ အခိုင်အမာပြောဆိုထားပေမယ့် ဆက်သွယ်မှုလမ်းစဉ်တွေကို   ပြန်ပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့ Zoom ကုမ္ပဏီက အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုသလိုအသုံးချထားတယ်လို့ သံသယဝင်ရခြင်းကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်ကုန်သွယ်အဖွဲ့အစည်းက ရုပ်မြင်သံကြား (ဗီဒီယို) ဆက်သွယ်ရေး ဝန်ဆောင်မှုဖြစ်တဲ့ Zoom ကုမ္ပဏီကို အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို လွဲမှားစွာအသုံးပြုမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ဒါ့အပြင် ထိုင်ဝမ်အစိုးကလည်း ဝန်ထမ်းများကို အဆိုပါဝန်ဆောင်မှုကို အသုံးပြုခွင့် တားမြစ်လိုက်ပါတယ်။

<Unicode Version>

 

 

 

ဒီမိုကေရစီ လႊတ္ေတာ္အမတ္မ်ား၏ စံုစမ္းစစ္ေဆးျခင္း ခံေနရသည့္ Zoom

COVID-19 ေၾကာင့္ လူေတြဟာ လုပ္ငန္းခြင္ကို ကိုယ္တိုင္တက္ေရာက္ခြင့္ မရွိေတာ့ဘဲ အိမ္ကေနၿပီး အလုပ္လုပ္ၾကရတာမို႔ လုပ္ငန္းခြင္က လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေတြ႕ဆံုစကားေျပာလိုတဲ့အခါ (သို႔) အစည္းအေဝးပြဲျပဳလုပ္တဲ့အခါမွာ ႐ုပ္ျမင္သံၾကား (ဗီဒီယို)ဆက္သြယ္ေရး ဝန္ေဆာင္မႈတစ္ခုျဖစ္တဲ့ Zoom App ကို တြင္က်ယ္စြာ အသံုးျပဳလာၾကပါတယ္။

အဆိုပါဝန္ေဆာင္မႈကို ကုမၸဏီဝန္ထမ္းေတြသာမက အစိုးရအဖြဲ႔အစည္းက အစိုးရဝန္ထမ္းေတြဟာလည္း တြင္က်ယ္စြာအသံုးျပဳလာၾကပါတယ္။ ဒီလိုမ်ိဳး တြင္က်ယ္စြာအသံုးျပဳလာၾကတယ္ဆိုတာကလည္း Zoom App ဟာ လုပ္ငန္းခြင္မွာ သံုးဖို႔အတြက္ အဓိကျပဳလုပ္ထားတာျဖစ္လို႔ပါပဲ။

မၾကာေသးခင္မွာ အဆိုပါ ႐ုပ္ျမင္သံၾကားဆက္သြယ္ေရး ဝန္ေဆာင္မႈဟာ အေမရိကန္ျပည္ေထာင္စု လြတ္ေတာ္အမတ္မ်ားရဲ႕ သံသယဝင္မႈေၾကာင့္ အၾကပ္႐ိုက္လာပါတယ္။ အေမရိကန္ျပည္ေထာင္စု ဒီမိုကေရစီဝါဒီ လႊတ္ေတာ္အမတ္ Richard Blumenthalက Zoom App ဟာ အသံုးျပဳသူမ်ားရဲ႕ ကိုယ္ပိုင္အခ်က္အလက္ကို လံုျခံဳစြာသိမ္းဆည္းေပးဖို႔ ပ်က္ကြက္ျခင္းေၾကာင့္ အေမရိကန္ျပည္ေထာင္စု ဖယ္ဒရယ္ကုန္သြယ္မႈအဖြဲ႔အစည္းကို အေသးစိတ္ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္သင့္ေၾကာင္း ဖိအားေပးလာပါတယ္။

စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ လႊတ္ေတာ္အမတ္က ဖယ္ဒရယ္ကုန္သြယ္မႈအဖြဲ႔အစည္းကို  ေတာင္းဆိုရျခင္းကေတာ့ Zoom ကုမၸဏီက Zoom App ကိုအသံုးျပဳတဲ့သူေတြရဲ႕ ဗီဒီယိုဆက္သြယ္မႈ အစအဆံုးကို လံုျခံဳစြာသိမ္းဆည္းထားတယ္လို႔ အခိုင္အမာေျပာဆိုထားေပမယ့္ ဆက္သြယ္မႈလမ္းစဥ္ေတြကို   ျပန္ၿပီးစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ Zoom ကုမၸဏီက အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို လိုသလိုအသံုးခ်ထားတယ္လို႔ သံသယဝင္ရျခင္းေၾကာင့္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

အေမရိကန္ျပည္ေထာင္စု ဖယ္ဒရယ္ကုန္သြယ္အဖြဲ႔အစည္းက ႐ုပ္ျမင္သံၾကား (ဗီဒီယို) ဆက္သြယ္ေရး ဝန္ေဆာင္မႈျဖစ္တဲ့ Zoom ကုမၸဏီကို အသံုးျပဳသူမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားကို လြဲမွားစြာအသံုးျပဳမႈနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေနပါတယ္။ ဒါ့အျပင္ ထိုင္ဝမ္အစိုးကလည္း ဝန္ထမ္းမ်ားကို အဆိုပါဝန္ေဆာင္မႈကို အသံုးျပဳခြင့္ တားျမစ္လိုက္ပါတယ္။

<Zawgyi Version>

 

 

Source ~ theiet

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

 

 

About So Shwe

Check Also

YouTube သုံးစွဲခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ။

YouTube ဆိုတာ ကမ္ဘာတစ်လွှား လူသုံးအများဆုံး ဖျော်ဖြေရေးအရင်းအမြစ်ကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ YouTube ပေါ်မှာ ဗဟုသုတရစရာတွေ ၊ ပညာရေးဆိုင်ရာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ Video Contents တွေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro