HomeSportဥရောပရဲ့ထိပ်သီးနှစ်သင်းအကြား ဗျာများရမည့်ဒေါ့မွန်ကစားသမားလေး ဆန်ချို။

ဥရောပရဲ့ထိပ်သီးနှစ်သင်းအကြား ဗျာများရမည့်ဒေါ့မွန်ကစားသမားလေး ဆန်ချို။

- Advertisement -

ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမားလေး ဆန်ချိုသည် လာမယ့်နွေရာသီ အပြောင်းအရွှေ့၌ ရီးရဲယ်မက်ဒရစ်နဲ့ ယူနိုက်တက်နှစ်သင်းအနက် တစ်သင်းသင်းကို ရွေးချယ်ရမည်ဖြစ်ကြောင်း သတင်းများက  ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအကယ်ဒမီထွက်ကစားသမားလေးတစ်ဦးဖြစ်သည့် ဆန်ချိုသည်  ဒေါ့မွန်အသင်းကို  ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဥရောပရဲ့တောက်ပသည့် လူငယ်ကစားသမားများထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီး  ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၉၀) ကစား၊ သွင်းဂိုး (၃၁) ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားလည်းဖြစ်ပါတယ်။

စပိန်သတင်းစာရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းအနေနဲ့ (၂၀၂၁) ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် သူတို့ရဲ့အဓိက ကစားသမား ဆန်ချိုကို လာမယ့်အပြောင်းအရွှေ့ရာသီ၌ လက်လွှတ်ခံရမည်ကို လက်ခံထားပြီး အသက် (၂၀) အရွယ်ဆန်ချိုအတွက် ယူနိုက်တက်အသင်းရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို လက်ခံတော့မည်ဟုလည်း သိရပါတယ်။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်အသင်းကလည်း ဆန်ချိုအတွက် မက်မောဖွယ်ရာပြောင်းရွှေ့ကြေးနဲ့ ကြားဖြတ်ကမ်းလှမ်းလာဖွယ်ရှိပြီး ဆန်ချိုအနေနဲ့ ယူနိုက်တက်နဲ့ ရီးရဲယ်မက်ဒရစ်အသင်းတို့အနက် မည်သည့်အသင်းကို ရွေးချယ်ရမည်ဆိုခြင်းကို ဝေခွဲရခက်ဖွယ်ရှိနေပါတယ်။

ဆန်ချိုကို ခေါ်ယူရန်အတွက် ပရီးမီးယားလိဂ်မှ ထိပ်သီးအသင်းများဖြစ်သည့် ယူနိုက်တက်၊ ချဲလ်ဆီး၊ လီဗာပူးတို့က အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ပြီး လီဗာပူးအသင်းက ဆန်ချိုအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ခြင်းမရှိသောကြောင့် နောက်ဆုတ်သွားခဲ့သလို ချဲလ်ဆီးအသင်းကိုလည်း ဆန်ချိုက ငြင်းပယ်ခဲ့ပြီးနောက် ယူနိိုက်တက်အသင်းကသာ ဆန်ချိုကိုခေါ်ယူရန်အတွက် ထိပ်ဆုံးမှဦးဆောင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌မူ ရီးရဲယ်မက်ဒရစ်အသင်းကလည်း ယူနိုက်တက်အသင်းနဲ့အပြိုင် ဆန်ချိုကို ခေါ်ယူရန် ကြိုးစားလာတော့မည်ဖြစ်ပါတယ်။

<Unicode Version>

- Advertisement -

 

 

- Advertisement -

 

ဥေရာပရဲ႕ထိပ္သီးႏွစ္သင္းအၾကား ဗ်ာမ်ားရမည့္ေဒါ့မြန္ကစားသမားေလး ဆန္ခ်ိဳ။

ေဒါ့မြန္အသင္းရဲ႕ ညာေတာင္ပံကစားသမားေလး ဆန္ခ်ိဳသည္ လာမယ့္ေႏြရာသီ အေျပာင္းအေရႊ႕၌ ရီးရဲယ္မက္ဒရစ္နဲ႔ ယူႏုိက္တက္ႏွစ္သင္းအနက္ တစ္သင္းသင္းကို ေရြးခ်ယ္ရမည္ျဖစ္ေၾကာင္း သတင္းမ်ားက  ေဖာ္ျပခဲ့ပါတယ္။ မန္စီးတီးအကယ္ဒမီထြက္ကစားသမားေလးတစ္ဦးျဖစ္သည့္ ဆန္ခ်ိဳသည္  ေဒါ့မြန္အသင္းကို  ေျပာင္းေရႊ႕သြားခဲ့ၿပီးေနာက္ ဥေရာပရဲ႕ေတာက္ပသည့္ လူငယ္ကစားသမားမ်ားထဲမွ တစ္ေယာက္ျဖစ္လာခဲ့ၿပီး  ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပဲြစံု ပဲြေပါင္း (၉၀) ကစား၊ သြင္းဂိုး (၃၁) ဂိုး သြင္းယူေပးထားႏိုင္သည့္ ကစားသမားလည္းျဖစ္ပါတယ္။

စပိန္သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းအေနနဲ႔ (၂၀၂၁) ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ သူတုိ႔ရဲ႕အဓိက ကစားသမား ဆန္ခ်ိဳကို လာမယ့္အေျပာင္းအေရႊ႕ရာသီ၌ လက္လႊတ္ခံရမည္ကို လက္ခံထားၿပီး အသက္ (၂၀) အရြယ္ဆန္ခ်ိဳအတြက္ ယူႏိုက္တက္အသင္းရဲ႕ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၀၀) ဝန္းက်င္နဲ႔ ကမ္းလွမ္းမႈကို လက္ခံေတာ့မည္ဟုလည္း သိရပါတယ္။ ဒါေပမယ့္ ရီးရဲယ္မက္ဒရစ္အသင္းကလည္း ဆန္ခ်ိဳအတြက္ မက္ေမာဖြယ္ရာေျပာင္းေရႊ႕ေၾကးနဲ႔ ၾကားျဖတ္ကမ္းလွမ္းလာဖြယ္ရွိၿပီး ဆန္ခ်ိဳအေနနဲ႔ ယူႏိုက္တက္နဲ႔ ရီးရဲယ္မက္ဒရစ္အသင္းတို႔အနက္ မည္သည့္အသင္းကို ေရြးခ်ယ္ရမည္ဆိုျခင္းကို ေဝခဲြရခက္ဖြယ္ရွိေနပါတယ္။

ဆန္ခ်ိဳကို ေခၚယူရန္အတြက္ ပရီးမီးယားလိဂ္မွ ထိပ္သီးအသင္းမ်ားျဖစ္သည့္ ယူႏိုက္တက္၊ ခ်ဲလ္ဆီး၊ လီဗာပူးတုိ႔က အၿပိဳင္အဆိုင္ စိတ္ဝင္စားခဲ့ၿပီး လီဗာပူးအသင္းက ဆန္ခ်ိဳအတြက္ ျမင့္မားသည့္ေျပာင္းေရႊ႕ေၾကးကို ေပးေခ်ႏိုင္ျခင္းမရွိေသာေၾကာင့္ ေနာက္ဆုတ္သြားခဲ့သလို ခ်ဲလ္ဆီးအသင္းကိုလည္း ဆန္ခ်ိဳက ျငင္းပယ္ခဲ့ၿပီးေနာက္ ယူႏိုိက္တက္အသင္းကသာ ဆန္ခ်ိဳကိုေခၚယူရန္အတြက္ ထိပ္ဆံုးမွဦးေဆာင္လာခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္၌မူ ရီးရဲယ္မက္ဒရစ္အသင္းကလည္း ယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ ဆန္ခ်ိဳကို ေခၚယူရန္ ႀကိဳးစားလာေတာ့မည္ျဖစ္ပါတယ္။

<Zawgyi Version>

 

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

15 − 11 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...