HomeSportယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရန် တံခါးဖွင့်ထားသည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး။

ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရန် တံခါးဖွင့်ထားသည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး။

- Advertisement -

စပါးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် ယူနိုက်တက်အသင်းကို  ပြောင်းရွှေ့ရန်အတွက် တံခါးဖွင့်ထားကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ် အဆိုပါတိုက်စစ်မှူးသည် ဆုဖလားအောင်မြင်မှုအတွက် စပါးအသင်းကို စွန့်ခွာဖွယ်ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟပြောကြားခဲ့ဖူးပြီး Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းကလည်း ဟာရီကိန်းကို ခေါ်ယူရန်ကြိုးစားသည့်နေရာ၌ ထိပ်ဆုံးမှဦးဆောင်လျက်ရှိကြောင်း သိရှိရပါတယ်။

ဆုဖလားအောင်မြင်မှုများလိုချင်ပါက စပါးအသင်းကို စွန့်ခွာရန် ယူနိုက်တက်ကစားသမားဟောင်းများဖြစ်သည့် ဘာဘာတော့ဗ်နဲ့ဖာဒီနန်တို့က ဟာရီကိန်းကိုတိုက်တွန်းခဲ့ဖူးပြီး စပါးအသင်းကမူ ဟာရီကိန်းကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်လိုသည့် ဆန္ဒမရှိခြင်းကြောင့် ကစားသမားအတွက်  ပြောင်းရွှေ့ကြေးကို  ပေါင်သန်း (၂၀၀) သတ်မှတ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလပ်အသင်းများရဲ့ ဘဏ္ဍာရေးအခြေအနေ ထိခိုက်နေမည်ကို တွက်ဆပြီး စပါးအသင်းက မြင့်မားသည့်စျေးသတ်မှတ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းသာ အမှန်တကယ်အလိုရှိိပါက အဆိုပါ ပမာဏကို မပေးချေနိုင်စရာအကြောင်းမရှိကြောင်း သတင်းများက ဖော်ပြနေပါတယ်။

- Advertisement -

နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့အပြောင်းအရွှေ့ကိစ္စရပ်များကို ထိခိုက်နိုင်မည်မဟုတ်ကြောင်း၊ လိုချင်သည့်ကစားသမားကို ကြိုက်စျေးပေးခေါ်ယူနိုင်မည့် ဘဏ္ဍာရေးအင်အားကို ပိုင်ဆိုင်ထားကြောင်းလည်း ကြုံးဝါးပြောဆိုထားပါတယ်။ ဟာရီကိန်းသည် လက်ရှိဘောလုံးရာသီ၌ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀) ကစား၊ သွင်းဂိုး (၁၁) ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ (၁) ရက်နေ့ကစပြီး တံကောက်ကြောဒဏ်ရာကြောင့် စပါးအသင်းရဲ့ ပွဲစဉ်များကိုလွဲချော်ခဲ့သည့် ကစားသမားလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းသည် ဟာရီကိန်းအပြင်  ဒေါ့မွန်အသင်းက အင်္ဂလန်လက်ရွေးစင် ညာတောင်ပံကစားသမားလေး ဆန်ချိုကိုခေါ်ယူရန်အတွက်လည်း အပူတပြင်းကြိုးစားလျက်ရှိပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

 

ယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕ရန္ တံခါးဖြင့္ထားသည့္ အဂၤလန္လက္ေရြးစင္တုိက္စစ္မွဴး။

စပါးအသင္းရဲ႕ အဂၤလန္လက္ေရြးစင္တုိက္စစ္မွဴး ဟာရီကိန္းသည္ ယူႏိုက္တက္အသင္းကို  ေျပာင္းေရႊ႕ရန္အတြက္ တံခါးဖြင့္ထားေၾကာင္း သတင္းမ်ားကေဖာ္ျပခဲ့ပါတယ္။ အသက္ (၂၆) ႏွစ္အရြယ္ အဆိုပါတိုက္စစ္မွဴးသည္ ဆုဖလားေအာင္ျမင္မႈအတြက္ စပါးအသင္းကို စြန္႔ခြာဖြယ္ရွိေၾကာင္း အရိပ္အျမြက္ ဖြင့္ဟေျပာၾကားခဲ့ဖူးၿပီး Daily Mail သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းကလည္း ဟာရီကိန္းကို ေခၚယူရန္ႀကိဳးစားသည့္ေနရာ၌ ထိပ္ဆံုးမွဦးေဆာင္လ်က္ရွိေၾကာင္း သိရွိရပါတယ္။

ဆုဖလားေအာင္ျမင္မႈမ်ားလုိခ်င္ပါက စပါးအသင္းကို စြန္႔ခြာရန္ ယူႏိုက္တက္ကစားသမားေဟာင္းမ်ားျဖစ္သည့္ ဘာဘာေတာ့ဗ္နဲ႔ဖာဒီနန္တို႔က ဟာရီကိန္းကိုတိုက္တြန္းခဲ့ဖူးၿပီး စပါးအသင္းကမူ ဟာရီကိန္းကို လြယ္လြယ္ကူကူနဲ႔ လက္လႊတ္လုိသည့္ ဆႏၵမရွိျခင္းေၾကာင့္ ကစားသမားအတြက္  ေျပာင္းေရႊ႕ေၾကးကို  ေပါင္သန္း (၂၀၀) သတ္မွတ္ထားပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ကလပ္အသင္းမ်ားရဲ႕ ဘ႑ာေရးအေျခအေန ထိခိုက္ေနမည္ကို တြက္ဆၿပီး စပါးအသင္းက ျမင့္မားသည့္ေစ်းသတ္မွတ္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းသာ အမွန္တကယ္အလိုရွိိပါက အဆုိပါ ပမာဏကို မေပးေခ်ႏိုင္စရာအေၾကာင္းမရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပေနပါတယ္။

နည္းျပဆိုးလ္ရွားကိုယ္တိုင္ကလည္း ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အသင္းရဲ႕အေျပာင္းအေရႊ႕ကိစၥရပ္မ်ားကို ထိခိုက္ႏိုင္မည္မဟုတ္ေၾကာင္း၊ လိုခ်င္သည့္ကစားသမားကို ႀကိဳက္ေစ်းေပးေခၚယူႏိုင္မည့္ ဘ႑ာေရးအင္အားကို ပိုင္ဆိုင္ထားေၾကာင္းလည္း ႀကံဳးဝါးေျပာဆိုထားပါတယ္။ ဟာရီကိန္းသည္ လက္ရွိေဘာလံုးရာသီ၌ ပရီးမီးယားလိဂ္ပဲြေပါင္း (၂၀) ကစား၊ သြင္းဂိုး (၁၁) ဂိုး သြင္းယူေပးထားႏိုင္သည့္ ကစားသမားတစ္ဦးျဖစ္ၿပီး ဇန္နဝါရီလ (၁) ရက္ေန႔ကစၿပီး တံေကာက္ေၾကာဒဏ္ရာေၾကာင့္ စပါးအသင္းရဲ႕ ပဲြစဥ္မ်ားကိုလဲြေခ်ာ္ခဲ့သည့္ ကစားသမားလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းသည္ ဟာရီကိန္းအျပင္  ေဒါ့မြန္အသင္းက အဂၤလန္လက္ေရြးစင္ ညာေတာင္ပံကစားသမားေလး ဆန္ခ်ိဳကိုေခၚယူရန္အတြက္လည္း အပူတျပင္းႀကိဳးစားလ်က္ရိွပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read