HomeSportယူနိုက်တက်အသင်း၌ ဟာရီကိန်းဝတ်ဆင်ဖွယ်ရှိသည့် ကျောနံပါတ်များ။

ယူနိုက်တက်အသင်း၌ ဟာရီကိန်းဝတ်ဆင်ဖွယ်ရှိသည့် ကျောနံပါတ်များ။

- Advertisement -

စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းသည် လာမယ့်အပြောင်းအရွှေ့ရာသီ၌ အသင်းပြောင်းဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ထိပ်သီးကလပ် ယူနိုက်တက်အသင်းက ဟာရီကိန်းကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ဟာရီကိန်းအတွက် စပါးအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) သတ််မှတ်ထားပေမယ့် ယူနိုက်တက်အသင်းအတွက် အဆိုပါပမာဏက ခက်ခဲသည့်ငွေကြေးပမာဏမဟုတ်ဘဲ ဟာရီကိန်းကိုခေါ်ယူနိုင်မည်ဟု သတင်းများကျယ်လောင်စွာထွက်ပေါ်လျက်ရှိပါတယ်။

ဒါပေမယ့် ဟာရီကိန်းအနေဖြင့် ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပါက ကျောနံပါတ်ရွေးချယ်သည့်နေရာ၌ အခက်အခဲများနဲ့ တွေ့ကြုံရဖွယ်ရှိနေပါတယ်။ လက်ရှိစပါးအသင်း၌ ဟာရီကိန်းဝတ်ဆင်နေသော ကျောနံပါတ် (၁၀) ကို ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူးလည်းဖြစ်၊ အကယ်ဒမီထွက်ကစားသမားလည်း တစ်ဦးဖြစ်သည့် ရပ်ရှ်ဖို့ဒ်က ဝတ်ဆင်ထားပြီး စပါးအသင်းကြီးကို စတင်ရောက်ရှိချိန်၌ ဟာရီကိန်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ် (၁၈) ကိုလည်း ပြီးခဲ့သည့်ဆောင်းရာသီအပြောင်းအရွှေ့ကမှ ယူနိုက်တက်အသင်းကို ရောက်ရှိလာသည့် ဘရူနိုဖာနန်ဒက်စ်က ဝတ်ဆင်ထားပါတယ်။

- Advertisement -

ဟာရီကိန်းအတွက် ကျောနံပါတ် (၉) ကို ဝတ်ဆင်ခွင့်ရဖို့က ပိုမိုနီးစပ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ အဆိုပါနံပါတ်ကို ပြင်သစ်လူမျိုးတိုက်စစ်မှူး မာစီရယ်လ်က ဝတ်ဆင်လျက်ရှိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်၌ မာစီရယ်လ်ရဲ့ကျောနံပါတ် (၉) ကို ဟာရီကိန်းထံ ထပ်မံပေးလိုက်မည်ဆိုပါက အီဘရာဟီမိုဗစ်ကို ခေါ်ယူခဲ့စဉ်ကအတိုင်း မာစီရယ်လ်နဲ့ ယူနိုက်တက်အသင်းတို့အကြား တင်းမာမှုများရှိလာနိုင်ပြီး မာစီရယ်လ်တစ်ယောက် အသင်းကထွက်ခွာသွားနိုင်ပါတယ်။ ဟာရီကိန်း ခဏတာဝတ်ဆင်ခဲ့ဖူးသည့်   ကျောနံပါတ် (၃၇) ကိုမူ လက်ရှိအချိန်၌ ယူနိုက်တက်အသင်းရဲ့အကယ်ဒမီထွက် ကွင်းလယ်လူ ဂျိမ်းစ်ဂါနာက ဝတ်ဆင်လျက်ရှိပါတယ်။

- Advertisement -

အင်တာမီလန်အသင်းသို့ အငှားနဲ့သွားရောက်ကစားလျက်ရှိသည့် ဆန်းချက်ဇ်ဝတ်ဆင်ခဲ့သော ကျောနံပါတ် (၇) က ပိုင်ရှင်လစ်လပ်နေပေမယ့် ဟာရီကိန်းတစ်ယောက် အဆိုပါနံပါတ်ကို ရွေးချယ်ဖွယ်မရှိကြောင်း ယူဆရပါတယ်။ ယူနိုက်တက်အသင်းနဲ့ အနာဂတ်မသေချာတော့သည့် ကစားသမားများဖြစ်ကြသည့် စမောလင်း၊ လင်ဂတ်နဲ့ပါရဲရားတို့ရဲ့ ကျောနံပါတ် (၁၂)၊ (၁၄) နဲ့ (၁၅) တို့ လာမယ့်နွေရာသီ၌ အသီးသီးလစ်လပ်လာဖွယ်ရှိရာ ဟာရီကိန်းတစ်ယောက် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ပါက မည်သည့်ကျောနံပါတ်ဝတ်ဆင်ရမည်ဆိုခြင်းကို ခက်ခက်ခဲခဲ ရွေးချယ်ရဖွယ်ရှိပါတယ်။

- Advertisement -

<Unicode Version>

 

 

ယူႏိုက္တက္အသင္း၌ ဟာရီကိန္းဝတ္ဆင္ဖြယ္ရွိသည့္ ေက်ာနံပါတ္မ်ား။

စပါးအသင္းရဲ႕တုိက္စစ္မွဴး ဟာရီကိန္းသည္ လာမယ့္အေျပာင္းအေရႊ႕ရာသီ၌ အသင္းေျပာင္းဖြယ္ရွိေနၿပီး ပရီးမီးယားလိဂ္ရဲ႕ထိပ္သီးကလပ္ ယူႏုိက္တက္အသင္းက ဟာရီကိန္းကို ေခၚယူရန္ စိတ္ဝင္စားလ်က္ရွိပါတယ္။ ဟာရီကိန္းအတြက္ စပါးအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၂၀၀) သတ္္မွတ္ထားေပမယ့္ ယူႏိုက္တက္အသင္းအတြက္ အဆိုပါပမာဏက ခက္ခဲသည့္ေငြေၾကးပမာဏမဟုတ္ဘဲ ဟာရီကိန္းကိုေခၚယူႏိုင္မည္ဟု သတင္းမ်ားက်ယ္ေလာင္စြာထြက္ေပၚလ်က္ရွိပါတယ္။

ဒါေပမယ့္ ဟာရီကိန္းအေနျဖင့္ ယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့ပါက ေက်ာနံပါတ္ေရြးခ်ယ္သည့္ေနရာ၌ အခက္အခဲမ်ားနဲ႔ ေတြ႕ႀကံဳရဖြယ္ရွိေနပါတယ္။ လက္ရွိစပါးအသင္း၌ ဟာရီကိန္းဝတ္ဆင္ေနေသာ ေက်ာနံပါတ္ (၁၀) ကို ယူႏိုက္တက္အသင္းရဲ႕ အဓိကတိုက္စစ္မွဴးလည္းျဖစ္၊ အကယ္ဒမီထြက္ကစားသမားလည္း တစ္ဦးျဖစ္သည့္ ရပ္ရွ္ဖုိ႔ဒ္က ဝတ္ဆင္ထားၿပီး စပါးအသင္းႀကီးကုိ စတင္ေရာက္ရွိခ်ိန္၌ ဟာရီကိန္းဝတ္ဆင္ခဲ့သည့္ ေက်ာနံပါတ္ (၁၈) ကိုလည္း ၿပီးခဲ့သည့္ေဆာင္းရာသီအေျပာင္းအေရႊ႕ကမွ ယူႏိုက္တက္အသင္းကို ေရာက္ရွိလာသည့္ ဘရူႏိုဖာနန္ဒက္စ္က ဝတ္ဆင္ထားပါတယ္။

ဟာရီကိန္းအတြက္ ေက်ာနံပါတ္ (၉) ကို ဝတ္ဆင္ခြင့္ရဖို႔က ပိုမိုနီးစပ္ႏုိင္မည္ျဖစ္ၿပီး လက္ရွိအခ်ိန္၌ အဆုိပါနံပါတ္ကို ျပင္သစ္လူမ်ိဳးတိုက္စစ္မွဴး မာစီရယ္လ္က ဝတ္ဆင္လ်က္ရွိပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္၌ မာစီရယ္လ္ရဲ႕ေက်ာနံပါတ္ (၉) ကို ဟာရီကိန္းထံ ထပ္မံေပးလိုက္မည္ဆုိပါက အီဘရာဟီမိုဗစ္ကို ေခၚယူခဲ့စဥ္ကအတိုင္း မာစီရယ္လ္နဲ႔ ယူႏုိက္တက္အသင္းတို႔အၾကား တင္းမာမႈမ်ားရွိလာႏုိင္ၿပီး မာစီရယ္လ္တစ္ေယာက္ အသင္းကထြက္ခြာသြားႏိုင္ပါတယ္။ ဟာရီကိန္း ခဏတာဝတ္ဆင္ခဲ့ဖူးသည့္   ေက်ာနံပါတ္ (၃၇) ကိုမူ လက္ရွိအခ်ိန္၌ ယူႏိုက္တက္အသင္းရဲ႕အကယ္ဒမီထြက္ ကြင္းလယ္လူ ဂ်ိမ္းစ္ဂါနာက ဝတ္ဆင္လ်က္ရွိပါတယ္။

အင္တာမီလန္အသင္းသို႔ အငွားနဲ႔သြားေရာက္ကစားလ်က္ရွိသည့္ ဆန္းခ်က္ဇ္ဝတ္ဆင္ခဲ့ေသာ ေက်ာနံပါတ္ (၇) က ပိုင္ရွင္လစ္လပ္ေနေပမယ့္ ဟာရီကိန္းတစ္ေယာက္ အဆိုပါနံပါတ္ကို ေရြးခ်ယ္ဖြယ္မရွိေၾကာင္း ယူဆရပါတယ္။ ယူႏိုက္တက္အသင္းနဲ႔ အနာဂတ္မေသခ်ာေတာ့သည့္ ကစားသမားမ်ားျဖစ္ၾကသည့္ စေမာလင္း၊ လင္ဂတ္နဲ႔ပါရဲရားတုိ႔ရဲ႕ ေက်ာနံပါတ္ (၁၂)၊ (၁၄) နဲ႔ (၁၅) တို႔ လာမယ့္ေႏြရာသီ၌ အသီးသီးလစ္လပ္လာဖြယ္ရွိရာ ဟာရီကိန္းတစ္ေယာက္ ယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕ျဖစ္ခဲ့ပါက မည္သည့္ေက်ာနံပါတ္ဝတ္ဆင္ရမည္ဆုိျခင္းကို ခက္ခက္ခဲခဲ ေရြးခ်ယ္ရဖြယ္ရွိပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read