HomeOtherလူသေအလောင်းမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပထမဆုံးအကြိမ်ဖြစ်ပွား။

လူသေအလောင်းမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပထမဆုံးအကြိမ်ဖြစ်ပွား။

- Advertisement -

ကမ္ဘာတစ်ဝှမ်းဆိုးဆိုးရွားရွားကူးစက်လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိအချိန်၌ လူသေအလောင်းမှတစ်ဆင့် ရင်ခွဲစစ်ဆေးသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းထံသို့ ပထမဆုံးအကြိမ်အဖြစ် ကူးစက်ခဲ့ကြောင်း ထိုင်းနိုင်ငံမှသတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခုထုတ်ပြန်ချက်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ဆေးဘက်ဆိုင်ရာဝန်ထမ်းများသေဆုံးခြင်း၊ အချင်းချင်းကူးစက်ခြင်းများနဲ့ပတ်သက်၍ ပထမဆုံး အစီရင်ခံစာဖြစ်သည်ဟု Forensic and Legal Medicine ဂျာနယ်၌ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။

သို့ရာတွင်ထိုင်းနိုင်ငံ၌ လူသေအလောင်းများကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးလေ့မရှိခြင်းကြောင့် အချက်အလက်နဲ့ အရေအတွက် အတိအကျမရှိကြောင်းလည်း သိရှိရပါတယ်။ တနလာင်္နေ့က ရရှိထားသောအချက်အလက်များအရ ကမ္ဘာတစ်ဝှမ်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၁.၉) သန်းနီးပါး ရှိလာခဲ့ပြီး ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၂,၅၇၉) ဦးရှိထားကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ ထိုင်းနိုင်ငံ၌ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရခြင်းက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ရာဇဝတ်မှုနဲ့တရားမျှတမှုဆိုင်ရာကောလိပ်ရဲ့ ရောဂါဗေဒပါမောက္ခဖြစ်သူ Angelique Corthals က “အခုချိန်က ရင်ခွဲစစ်ဆေးသူတွေတင်မဟုတ်ပါဘူး။ အသုဘအိမ်မှာရှိနေခဲ့သူတွေအတွက်ပါ ပိုပြီးဂရုစိုက်ရတော့မှာဖြစ်ပြီး တကယ်ကို စိုးရိမ်စရာကောင်းတဲ့ကိစ္စပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သည် လူသေအလောင်းများ၌ မည်မျှကြာကြာရှင်သန်နိုင်သည် သို့မဟုတ် လူသေအလာင်းများကို ကိုင်တွယ်သူများထံမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သလားဆိုခြင်းကိုမူ သိရှိရခြင်းမရှိသေးပေ။

- Advertisement -

အီဘိုလာရောဂါသည် လူသေအလောင်းမှတစ်ဆင့် ကူးစက်နိုင်သော ဗိုင်းရပ်စ်တစ်မျိုးအဖြစ် လူသိများပြီး ကိုရိုနာဗိုင်းရပ်စ်မှာမူ လူသေအလောင်းများမှတစ်ဆင့် ကူးစက်နိုင်ခြင်းမရှိကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်မတ်လ (၂၅) ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်း၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမြင့်တက်လာလေ၊ လုံလောက်သည့် အကာအကွယ်မပါဘဲ အသုဘချပေးနေရသည့် ဝန်ထမ်းများအတွက်လည်း ပိုမိုစိုးရိမ်စရာကောင်းလာခဲ့ပါတယ်။

- Advertisement -

NewVaven တက္ကသိုလ်မှ ကျန်းမာရေးမူဝါဒကျွမ်းကျင်သူ Summer Johnson McGee က အီးမေးလ်ဖြင့် အကြောင်းကြားရာ၌ “ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူရဲ့ ခန္ဓာကိုယ်ကို ကိုင်တွယ်မယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမဆို လိုအပ်တဲ့အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ထားသင့်ကြောင်း”  ပြောကြားခဲ့ပါတယ်။ လူသေအလောင်းများကို ကိုင်တွယ်နေရသည့် ဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်းများ လုံလောက်စွာထားရှိရန်ကိစ္စကို ဦးစားပေးလုပ်ဆောင်ရန်လိုအပ်သည်ကိုလည်း Corthals က “လူသေအလောင်းတွေကို ဂရုတစိုက် ကိုင်တွယ်ပေးနေတဲ့သူတွေကို ကျွန်တော်တို့က ပြန်ပြီးဂရုစိုက်ဖို့လိိုအပ်ပါတယ်။” ဟု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

 

 

လူေသအေလာင္းမွတစ္ဆင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ပထမဆံုးအႀကိမ္ျဖစ္ပြား။

ကမာၻတစ္ဝွမ္းဆုိးဆိုးရြားရြားကူးစက္လ်က္ရွိေသာ ကိုရိုနာဗုိင္းရပ္စ္သည္ လက္ရွိအခ်ိန္၌ လူေသအေလာင္းမွတစ္ဆင့္ ရင္ခဲြစစ္ေဆးသည့္ ေဆးဘက္ဆိုင္ရာဝန္ထမ္းထံသို႔ ပထမဆံုးအႀကိမ္အျဖစ္ ကူးစက္ခဲ့ေၾကာင္း ထိုင္းႏိုင္ငံမွသတင္းထုတ္ျပန္ခဲ့ပါတယ္။ ယခုထုတ္ျပန္ခ်က္သည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္  ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ားေသဆံုးျခင္း၊ အခ်င္းခ်င္းကူးစက္ျခင္းမ်ားနဲ႔ပတ္သက္၍ ပထမဆံုး အစီရင္ခံစာျဖစ္သည္ဟု Forensic and Legal Medicine ဂ်ာနယ္၌ ၿပီးခဲ့သည့္တနဂၤေႏြေန႔က ေဖာ္ျပခဲ့ပါတယ္။

သို႔ရာတြင္ထိုင္းႏုိင္ငံ၌ လူေသအေလာင္းမ်ားကို ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရျခင္းရွိ၊ မရွိ စစ္ေဆးေလ့မရွိျခင္းေၾကာင့္ အခ်က္အလက္နဲ႔ အေရအတြက္ အတိအက်မရွိေၾကာင္းလည္း သိရွိရပါတယ္။ တနလာၤေန႔က ရရွိထားေသာအခ်က္အလက္မ်ားအရ ကမာၻတစ္ဝွမ္းကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း (၁.၉) သန္းနီးပါး ရိွလာခဲ့ၿပီး ထိုင္းႏုိင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း (၂,၅၇၉) ဦးရွိထားေၾကာင္း သိရွိရပါတယ္။ ယခုကဲ့သုိ႔ ထိုင္းႏိုင္ငံ၌ေဆးဘက္ဆိုင္ရာဝန္ထမ္းတစ္ဦး ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆံုးရျခင္းက ဒုတိယအႀကိမ္ျဖစ္ပါတယ္။ ရာဇဝတ္မႈနဲ႔တရားမွ်တမႈဆိုင္ရာေကာလိပ္ရဲ႕ ေရာဂါေဗဒပါေမာကၡျဖစ္သူ Angelique Corthals က “အခုခ်ိန္က ရင္ခဲြစစ္ေဆးသူေတြတင္မဟုတ္ပါဘူး။ အသုဘအိမ္မွာရွိေနခဲ့သူေတြအတြက္ပါ ပိုၿပီးဂရုစိုက္ရေတာ့မွာျဖစ္ၿပီး တကယ္ကို စိုးရိမ္စရာေကာင္းတဲ့ကိစၥပါ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ ကိုရိုနာဗုိင္းရပ္စ္သည္ လူေသအေလာင္းမ်ား၌ မည္မွ်ၾကာၾကာရွင္သန္ႏုိင္သည္ သို႔မဟုတ္ လူေသအလာင္းမ်ားကို ကိုင္တြယ္သူမ်ားထံမွတစ္ဆင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ႏုိင္သလားဆိုျခင္းကိုမူ သိရွိရျခင္းမရွိေသးေပ။

အီဘိုလာေရာဂါသည္ လူေသအေလာင္းမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ဗုိင္းရပ္စ္တစ္မ်ိဳးအျဖစ္ လူသိမ်ားၿပီး ကိုရိုနာဗိုင္းရပ္စ္မွာမူ လူေသအေလာင္းမ်ားမွတစ္ဆင့္ ကူးစက္ႏုိင္ျခင္းမရွိေၾကာင္း ထိုင္းႏုိင္ငံက်န္းမာေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္မတ္လ (၂၅) ရက္ေန႔၌ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ ကမာၻတစ္ဝွမ္း၌ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆံုးသူဦးေရျမင့္တက္လာေလ၊ လံုေလာက္သည့္ အကာအကြယ္မပါဘဲ အသုဘခ်ေပးေနရသည့္ ဝန္ထမ္းမ်ားအတြက္လည္း ပိုမိုစိုးရိမ္စရာေကာင္းလာခဲ့ပါတယ္။

NewVaven တကၠသိုလ္မွ က်န္းမာေရးမူဝါဒကြ်မ္းက်င္သူ Summer Johnson McGee က အီးေမးလ္ျဖင့္ အေၾကာင္းၾကားရာ၌ “ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူရဲ႕ ခႏၶာကိုယ္ကို ကိုင္တြယ္မယ္ဆိုရင္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆုိ လိုအပ္တဲ့အကာအကြယ္ပစၥည္းမ်ားကို ဝတ္ဆင္ထားသင့္ေၾကာင္း”  ေျပာၾကားခဲ့ပါတယ္။ လူေသအေလာင္းမ်ားကို ကိုင္တြယ္ေနရသည့္ ဝန္ထမ္းမ်ားအတြက္ အကာအကြယ္ပစၥည္းမ်ား လံုေလာက္စြာထားရွိရန္ကိစၥကို ဦးစားေပးလုပ္ေဆာင္ရန္လိုအပ္သည္ကိုလည္း Corthals က “လူေသအေလာင္းေတြကို ဂရုတစိုက္ ကိုင္တြယ္ေပးေနတဲ့သူေတြကို ကြ်န္ေတာ္တို႔က ျပန္ၿပီးဂရုစိုက္ဖို႔လိုိအပ္ပါတယ္။” ဟု ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Buzzfeed

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read