HomeBanking & Financeချေးငွေထုတ်ပေးရန်အတွက် အစိုးရထံမှထောက်ခံချက်တောင်းခံသွားမည့် ဘဏ်များ။

ချေးငွေထုတ်ပေးရန်အတွက် အစိုးရထံမှထောက်ခံချက်တောင်းခံသွားမည့် ဘဏ်များ။

- Advertisement -

State Bank of India (SBI) ရဲ့ ဥက္ကဌဖြစ်သူ Rajnish Kumar က ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ကျနေသည့်ကာလအတွင်း ဘဏ်များအနေဖြင့် အချို့သောကဏ္ဍများ၌ ချေးငွေများထုတ်ပေးရန်အတွက် အစိုးရရဲ့ထောက်ခံချက်ကို တောင်းဆိုထားကြောင်း၊ ထိုကဲ့သို့ ချေးငွေများလွယ်လင့်တကူ မထုတ်ပေးခြင်းကြောင့် ဘဏ်များအတွက် အသက်ရှူချောင်နိုင်ကြောင်း ပြီးခဲ့သည့်စနေနေ့က  ပြောကြားသွားခဲ့ပါတယ်။

အိမ်ခြံမြေကိုယ်စားလှယ်များနဲ့ဗီဒီယိုကွန်ဖရင့်တစ်ခုမှတစ်ဆင့် ဆွေးနွေးခန်း၌ Kumar က “ဒီအချိန်မှာ အစိုးရက စွန့်စားပေးရမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့အရံဘဏ်တွေကတစ်ဆင့် ကြားဝင်ဆောင်ရွက်ပေးရမှာပါ။ အဲ့ဒါကပိုမိုအလုပ်ဖြစ်နိုင်ပြီး ဘဏ်တွေအတွက်လည်း အန္တရာယ်လျော့ပါးသွားနိုင်ပါတယ်။ အစိုးရအနေနဲ့ ဘဏ်တွေဆီက ပြည်သူတွေချေးတဲ့ချေးငွေကို ကန့်သတ်ပေးဖို့ ဒါမှမဟုတ် ဘဏ်တွေအတွက် အာမခံချက်ပေးဖို့လိုအပ်ပြီး စက်မှုလုပ်ငန်းတွေရဲ့ချေးငွေကို တားဆီးပေးနိုင်မယ်ဆိုရင်တောင် ဒီအချက်က အတော်လေး အထောက်အကူဖြစ်စေပါလိမ့်မယ်။”

- Advertisement -

“ဒီကိစ္စအတွက် အစိုးရဆီမှာ အကြံဉာဏ်အများအပြားရှိမယ်လို့ ယုံကြည်ပြီး သူတို့အနေနဲ့ အချက်အလက်တွေကို စုစည်းမယ်၊ ခွဲခြမ်းစိတ်ဖြာသွားမယ်ဆိုရင် အဖြေတစ်ခုခုကို မျှော်လင့်နိုင်ပြီး Lockdown ကနေ ရုန်းထွက်ဖို့လည်း မျှော်လင့်နိုင်ပါလိမ့်မယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။ ဒ့ါအပြင် Kumar က ဗဟိုဘဏ်အနေဖြင့် ချေးငွေသက်တမ်းနဲ့ အရင်းအနှီးလည်ပတ်ငွေအတွက် (၃) လ သက်တမ်းတိုးပေးရန်   မျှော်လင့်နေပေမယ့် အရံဘဏ်ကမူ နောက်ထပ် (၁) လ သို့မဟုတ် (၂) လခန့်အထိ ဆိုင်းငံ့ထားရန်  မျှော်လင့်နေဆဲဖြစ်ပါတယ်။ Kumar က “အခြေအနေပေါ်မူတည်ပြီး အရံဘဏ်က ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း သူတို့ကို အရမ်းအန္တရာယ်များတဲ့ အနေအထားအထိ တွန်းပို့လို့မရပါဘူး။ ကိုဗစ်ကာလမတိုင်ခင်က ဆုံးရှုံးမှုတွေအတွက် အခုချိန်မှာပြန်လည်တည်ဆောက်ခွင့်ပေးနိုင်မှာမဟုတ်ပါဘူး။” ဟုထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

 

ေခ်းေငြထုတ္ေပးရန္အတြက္ အစိုးရထံမွေထာက္ခံခ်က္ေတာင္းခံသြားမည့္ ဘဏ္မ်ား။

State Bank of India (SBI) ရဲ႕ ဥကၠဌျဖစ္သူ Rajnish Kumar က ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ Lockdown က်ေနသည့္ကာလအတြင္း ဘဏ္မ်ားအေနျဖင့္ အခ်ိဳ႕ေသာက႑မ်ား၌ ေခ်းေငြမ်ားထုတ္ေပးရန္အတြက္ အစိုးရရဲ႕ေထာက္ခံခ်က္ကို ေတာင္းဆိုထားေၾကာင္း၊ ထိုကဲ့သို႔ ေခ်းေငြမ်ားလြယ္လင့္တကူ မထုတ္ေပးျခင္းေၾကာင့္ ဘဏ္မ်ားအတြက္ အသက္ရွဴေခ်ာင္ႏုိင္ေၾကာင္း ၿပီးခဲ့သည့္စေနေန႔က  ေျပာၾကားသြားခဲ့ပါတယ္။

အိမ္ၿခံေျမကိုယ္စားလွယ္မ်ားနဲ႔ဗီဒီယိုကြန္ဖရင့္တစ္ခုမွတစ္ဆင့္ ေဆြးေႏြးခန္း၌ Kumar က “ဒီအခ်ိန္မွာ အစိုးရက စြန္႔စားေပးရမွာျဖစ္ၿပီး အိႏိၵယႏုိင္ငံရဲ႕အရံဘဏ္ေတြကတစ္ဆင့္ ၾကားဝင္ေဆာင္ရြက္ေပးရမွာပါ။ အဲ့ဒါကပိုမိုအလုပ္ျဖစ္ႏုိင္ၿပီး ဘဏ္ေတြအတြက္လည္း အႏၱရာယ္ေလ်ာ့ပါးသြားႏိုင္ပါတယ္။ အစိုးရအေနနဲ႔ ဘဏ္ေတြဆီက ျပည္သူေတြေခ်းတဲ့ေခ်းေငြကို ကန္႔သတ္ေပးဖို႔ ဒါမွမဟုတ္ ဘဏ္ေတြအတြက္ အာမခံခ်က္ေပးဖို႔လိုအပ္ၿပီး စက္မႈလုပ္ငန္းေတြရဲ႕ေခ်းေငြကို တားဆီးေပးႏိုင္မယ္ဆိုရင္ေတာင္ ဒီအခ်က္က အေတာ္ေလး အေထာက္အကူျဖစ္ေစပါလိမ့္မယ္။”

“ဒီကိစၥအတြက္ အစိုးရဆီမွာ အႀကံဥာဏ္အမ်ားအျပားရွိမယ္လို႔ ယံုၾကည္ၿပီး သူတုိ႔အေနနဲ႔ အခ်က္အလက္ေတြကို စုစည္းမယ္၊ ခဲြျခမ္းစိတ္ျဖာသြားမယ္ဆုိရင္ အေျဖတစ္ခုခုကို ေမွ်ာ္လင့္ႏိုင္ၿပီး Lockdown ကေန ရုန္းထြက္ဖုိ႔လည္း ေမွ်ာ္လင့္ႏိုင္ပါလိမ့္မယ္။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ ဒ့ါအျပင္ Kumar က ဗဟိုဘဏ္အေနျဖင့္ ေခ်းေငြသက္တမ္းနဲ႔ အရင္းအႏွီးလည္ပတ္ေငြအတြက္ (၃) လ သက္တမ္းတိုးေပးရန္   ေမွ်ာ္လင့္ေနေပမယ့္ အရံဘဏ္ကမူ ေနာက္ထပ္ (၁) လ သို႔မဟုတ္ (၂) လခန္႔အထိ ဆုိင္းငံ့ထားရန္  ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။ Kumar က “အေျခအေနေပၚမူတည္ၿပီး အရံဘဏ္က ဆံုးျဖတ္ပါလိမ့္မယ္။ ကြ်န္ေတာ္တုိ႔ကလည္း သူတို႔ကို အရမ္းအႏၱရာယ္မ်ားတဲ့ အေနအထားအထိ တြန္းပို႔လို႔မရပါဘူး။ ကိုဗစ္ကာလမတိုင္ခင္က ဆံုးရံႈးမႈေတြအတြက္ အခုခ်ိန္မွာျပန္လည္တည္ေဆာက္ခြင့္ေပးႏိုင္မွာမဟုတ္ပါဘူး။” ဟုထပ္ေလာင္း ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ Financialexpress

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read