Breaking News

အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတိုင်း COVID – 19 ကာလအတွင်း လေ့လာထားသင့်တဲ့ အချက် ၅ ချက်။

ကပ်ရောဂါဆိုး COVID-19 ကြောင့် အပန်းဖြေအိမ်ခြံမြေ ရောင်းဝယ်ရေးစျေးကွက်ဟာ အနေအေးသွားတဲ့အပြင် အပန်းဖြေအိမ်ခြံမြေတည်ဆောက်ရေး လုပ်ငန်းလည်ပတ်မှုဟာလည်း  သိသိသာသာ နှေးကွေးသွားတာကို မြင်တွေ့ရပါတယ်။

၂၀၀၈ ခုနှစ် Caribbean ကမ်းခြေမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုရဲ့  ဖျက်ဆီးမှုကြောင့် အပန်းဖြေအိမ်ခြံမြေတည်ဆောက်ရေး စီမံကိန်းကြီးတစ်ခုလုံး ပျက်စီးခဲ့ရပြီး  အဆိုပါစီမံကိန်းကို  အကောင်အထည်ဖော်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တွေအပြင် အဆိုပါစီမံကိန်းကြီး အောင်မြင်စွာပြီးမြောက်ဖို့အတွက် ရင်းနှီးမြုပ်နှံငွေထည့်ထားတဲ့ သူဌေးတွေဟာလည်း ငွေပမာဏအများကြီးကို  ဆုံးရှုံးခဲ့ရပါတယ်။

အဆိုပါဆုံးရှုံးမှုကြီးဟာ နောင်လာနောက်သား ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တွေကို အပန်းဖြေအိမ်ခြံမြေ  ဆောက်လုပ်ရာမှာ အထက်မှာဖော်ပြထားသလို မမျှော်လင့်ထားဘဲ ကျရောက်လာတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့လာခဲ့ရရင် ဆောက်လုပ်ရေးပညာရှင်တွေ ၊ လုပ်ငန်းပိုင်ရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဘယ်လိုမျိုးပြင်ဆင်ထားသင့်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

 

၁။ အချက်အလက်များကို မှန်ကန်စွာတင်ပြပါ။

ကိုယ်တာဝန်ယူပြီး တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းစဉ်မှာ အမှားအယွင်းရှိနေတယ်ဆိုရင် ကုမ္ပဏီကဝန်ထမ်းတွေ ၊ ရင်းနှီးမြှုပ်နှံသူတွေ ၊ ဝယ်ယူသူတွေအနေနဲ့  သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို မထိမ်ချန်ထားဘဲ မှန်ကန်ပြည့်စုံစွာတင်ပြပါ။

 

၂။ ရင်းနှီးမြှုပ်နှံသူတွေ နဲ့ ဝယ်ယူသူတွေဆီကနေ အကူအညီတောင်းပါ။

ဆောက်လုပ်ရေးလုပ်ငန်းစဉ်မှာရှိနေတဲ့ အမှားအယွင်းတွေကို ပြင်ဆင်ဖို့ (သို့) ကူညီအဖြေရှာပေးဖို့  ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဝယ်ယူသူတွေဆီကနေ အကူအညီတောင်းခံပါ။ သေချာတာကတော့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဝယ်ယူသူဖောက်သည်တွေဟာ အသင့်လျော်ဆုံးသော အဖြေတစ်ခုကို ရှာဖွေပေးနိုင်မှာပဲဖြစ်ပါတယ်။

 

၃။ ဝန်ထမ်းအင်အား နဲ့ အကုန်အကျစရိတ်ကို ကိုက်ညီအောင် ဆောင်ရွက်ပါ။

အခက်အခဲကြုံတွေ့လာရတဲ့အချိန်မှာ ဝန်ထမ်းအသစ်တွေကို ရှာဖွေခြင်းထက် အရည်အချင်းပြည့်မှီပြီး  စိတ်ချယုံကြည်ရတဲ့ ဝန်ထမ်းတွေကို သူတို့ကိုအရင်ကပေးအပ်ထားတဲ့ တာဝန်တွေအပြင်  သူတို့စွမ်းဆောင်နိုင်မယ့် တာဝန်အသစ်တွေကို  ပေးအပ်ခြင်းဖြင့် လုပ်အားခစရိတ်ကို သင့်လျော်ကိုက်ညီအောင် ဆောင်ရွက်ပေးပါ။

 

၄။ ရောင်းဝယ်ဖောက်ကားမှုကို ဗဟိုပြုပြီး စိန်ခေါ်မှုတွေကို ကျော်လွှားပါ။

ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ အိမ်ခြံမြေစျေးကွက်မှာ  ရောင်းဝယ်ဖောက်ကားမှု  စည်ကားနေစေဖို့အတွက် ဆန်းသစ်တဲ့ စျေးကွက်ချဲ့ထွင်ရေးနည်းလမ်းတွေကို အမြဲတမ်းလေ့လာနေပါ။  ဒါ့အပြင် ကုမ္ပဏီဝန်ထမ်းတွေ ၊ ဝယ်ယူသူတွေ ၊ အကြွေးရှင်တွေနဲ့  လက်တွဲလုပ်ကိုင်မယ့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ အပေါ်ကိုလည်း အာရုံထား အလေးပေးဖို့အရေးကြီးပါတယ်။

 

၅။ ပြဿနာတိုင်းမှာ အဖြေရှိတယ်။

လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပြီဆိုရင်တော့ အဆိုပါပြဿနာကို  ဖြေရှင်းပေးနိုင်မယ့်  အဖြေကို အဆိုပါပြဿနာထဲမှာပဲ ရှာရပါမယ်။ ဘာလို့လည်းဆိုတော့ ပြဿနာအရင်းအမြစ်ကို ရှုထောင့်ပေါင်းစုံကနေ  လေ့လာထားပြီးတဲ့အချိန်မှာတော့ ပြဿနာဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းကို  သိရှိပြီး အဖြေထုတ်လို့ရမှာပဲဖြစ်ပါတယ်။

 

အကျဉ်းချုပ်ရမယ်ဆိုရင်တော့ အခြေအနေအရပ်ရပ်ဟာ မတူကွဲပြားခြားနားနေတတ်ပါတယ်။  ကိုယ့်ရဲ့ပြိုင်ဖက်တွေဟာလည်း ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာမျိုး ကြုံတွေ့နေရတတ်ပါတယ်။ ဒါကြောင့် အများနဲ့မတူဘဲ တစ်မူထူးခြားစွာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ခေတ်အလိုက်ဖြစ်ပေါ်နေတဲ့  သဘောတွေကို လေ့လာထားဖို့ လိုပါတယ်။

<Unicode Version>

 

 

အိမ္ျခံေျမလုပ္ငန္း လုပ္ကိုင္ေနသူတိုင္း COVID – 19 ကာလအတြင္း  ေလ့လာထားသင့္တဲ့  အခ်က္ ၅ ခ်က္။

ကပ္ေရာဂါဆိုး COVID-19 ေၾကာင့္ အပန္းေျဖအိမ္ျခံေျမ ေရာင္းဝယ္ေရးေစ်းကြက္ဟာ အေနေအးသြားတဲ့အျပင္ အပန္းေျဖအိမ္ျခံေျမတည္ေဆာက္ေရး လုပ္ငန္းလည္ပတ္မႈဟာလည္း  သိသိသာသာ ေႏွးေကြးသြားတာကို ျမင္ေတြ႕ရပါတယ္။

၂၀၀၈ ခုႏွစ္ Caribbean ကမ္းေျခမွာ ျဖစ္ေပၚခဲ့တဲ့ သဘာဝေဘးအႏၲရာယ္တစ္ခုရဲ႕  ဖ်က္ဆီးမႈေၾကာင့္ အပန္းေျဖအိမ္ျခံေျမတည္ေဆာက္ေရး စီမံကိန္းႀကီးတစ္ခုလံုး ပ်က္စီးခဲ့ရၿပီး  အဆိုပါစီမံကိန္းကို  အေကာင္အထည္ေဖာ္ခဲ့တဲ့ ေဆာက္လုပ္ေရးကုမၸဏီပိုင္ရွင္ေတြအျပင္ အဆိုပါစီမံကိန္းႀကီး ေအာင္ျမင္စြာၿပီးေျမာက္ဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံေငြထည့္ထားတဲ့ သူေဌးေတြဟာလည္း ေငြပမာဏအမ်ားႀကီးကို  ဆံုးရႈံးခဲ့ရပါတယ္။

အဆိုပါဆံုး႐ႈံးမႈႀကီးဟာ ေနာင္လာေနာက္သား ေဆာက္လုပ္ေရးလုပ္ငန္းပိုင္ရွင္ေတြကို အပန္းေျဖအိမ္ျခံေျမ  ေဆာက္လုပ္ရာမွာ အထက္မွာေဖာ္ျပထားသလို မေမွ်ာ္လင့္ထားဘဲ က်ေရာက္လာတဲ့ သဘာဝေဘးအႏၲရာယ္နဲ႔ ၾကံဳေတြ႕လာခဲ့ရရင္ ေဆာက္လုပ္ေရးပညာရွင္ေတြ ၊ လုပ္ငန္းပိုင္ရွင္ေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြအေနနဲ႔ ဘယ္လိုမ်ိဳးျပင္ဆင္ထားသင့္ေၾကာင္း မီးေမာင္းထိုးျပခဲ့ပါတယ္။

 

၁။ အခ်က္အလက္မ်ားကို မွန္ကန္စြာတင္ျပပါ။

ကိုယ္တာဝန္ယူၿပီး တည္ေဆာက္ေနတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းစဥ္မွာ အမွားအယြင္းရွိေနတယ္ဆိုရင္ ကုမၸဏီကဝန္ထမ္းေတြ ၊ ရင္းႏွီးျမႇုပ္ႏွံသူေတြ ၊ ဝယ္ယူသူေတြအေနနဲ႔  သိသင့္သိထိုက္တဲ့ အခ်က္အလက္ေတြကို မထိမ္ခ်န္ထားဘဲ မွန္ကန္ျပည့္စံုစြာတင္ျပပါ။

 

၂။ ရင္းႏွီးျမႇဳပ္ႏွံသူေတြ နဲ႔ ဝယ္ယူသူေတြဆီကေန အကူအညီေတာင္းပါ။

ေဆာက္လုပ္ေရးလုပ္ငန္းစဥ္မွာရွိေနတဲ့ အမွားအယြင္းေတြကို ျပင္ဆင္ဖို႔ (သို႔) ကူညီအေျဖရွာေပးဖို႔  ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ဝယ္ယူသူေတြဆီကေန အကူအညီေတာင္းခံပါ။ ေသခ်ာတာကေတာ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ဝယ္ယူသူေဖာက္သည္ေတြဟာ အသင့္ေလ်ာ္ဆံုးေသာ အေျဖတစ္ခုကို ရွာေဖြေပးႏိုင္မွာပဲျဖစ္ပါတယ္။

 

၃။ ဝန္ထမ္းအင္အား နဲ႔ အကုန္အက်စရိတ္ကို ကိုက္ညီေအာင္ ေဆာင္ရြက္ပါ။

အခက္အခဲၾကံဳေတြ႕လာရတဲ့အခ်ိန္မွာ ဝန္ထမ္းအသစ္ေတြကို ရွာေဖြျခင္းထက္ အရည္အခ်င္းျပည့္မွီၿပီး  စိတ္ခ်ယံုၾကည္ရတဲ့ ဝန္ထမ္းေတြကို သူတို႔ကိုအရင္ကေပးအပ္ထားတဲ့ တာဝန္ေတြအျပင္  သူတို႔စြမ္းေဆာင္ႏိုင္မယ့္ တာဝန္အသစ္ေတြကို  ေပးအပ္ျခင္းျဖင့္ လုပ္အားခစရိတ္ကို သင့္ေလ်ာ္ကိုက္ညီေအာင္ ေဆာင္ရြက္ေပးပါ။

 

၄။ ေရာင္းဝယ္ေဖာက္ကားမႈကို ဗဟိုျပဳၿပီး စိန္ေခၚမႈေတြကို ေက်ာ္လႊားပါ။

ေဆာက္လုပ္ေရးလုပ္ငန္းပိုင္ရွင္ေတြအေနနဲ႔ အိမ္ျခံေျမေစ်းကြက္မွာ  ေရာင္းဝယ္ေဖာက္ကားမႈ  စည္ကားေနေစဖို႔အတြက္ ဆန္းသစ္တဲ့ ေစ်းကြက္ခ်ဲ႕ထြင္ေရးနည္းလမ္းေတြကို အၿမဲတမ္းေလ့လာေနပါ။  ဒါ့အျပင္ ကုမၸဏီဝန္ထမ္းေတြ ၊ ဝယ္ယူသူေတြ ၊ အေႂကြးရွင္ေတြနဲ႕  လက္တြဲလုပ္ကိုင္မယ့္ စီးပြားေရး လုပ္ေဖာ္ကိုင္ဖက္ေတြ အေပၚကိုလည္း အာ႐ံုထား အေလးေပးဖို႔အေရးႀကီးပါတယ္။

 

၅။ ျပႆနာတိုင္းမွာ အေျဖရွိတယ္။

လုပ္ငန္းခြင္ဆိုင္ရာ ျပႆနာတစ္ခုခု ေပၚေပါက္လာၿပီဆိုရင္ေတာ့ အဆိုပါျပႆနာကို  ေျဖရွင္းေပးႏိုင္မယ့္  အေျဖကို အဆိုပါျပႆနာထဲမွာပဲ ရွာရပါမယ္။ ဘာလို႔လည္းဆိုေတာ့ ျပႆနာအရင္းအျမစ္ကို ႐ႈေထာင့္ေပါင္းစံုကေန  ေလ့လာထားၿပီးတဲ့အခ်ိန္မွာေတာ့ ျပႆနာျဖစ္ေပၚေစတဲ့ အဓိကအေၾကာင္းအရင္းကို  သိရွိၿပီး အေျဖထုတ္လို႔ရမွာပဲျဖစ္ပါတယ္။

 

အက်ဥ္းခ်ဳပ္ရမယ္ဆိုရင္ေတာ့ အေျခအေနအရပ္ရပ္ဟာ မတူကြဲျပားျခားနားေနတတ္ပါတယ္။  ကိုယ့္ရဲ႕ၿပိဳင္ဖက္ေတြဟာလည္း ကိုယ္ရင္ဆိုင္ေနရတဲ့ ျပႆနာမ်ိဳး ၾကံဳေတြ႕ေနရတတ္ပါတယ္။ ဒါေၾကာင့္ အမ်ားနဲ႔မတူဘဲ တစ္မူထူးျခားစြာ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ ေခတ္အလိုက္ျဖစ္ေပၚေနတဲ့  သေဘာေတြကို ေလ့လာထားဖို႔ လိုပါတယ္။

<Zawgyi Version>

 

 

Source ~ Worldproperty

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro