HomeOtherကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို ထောက်ပံ့ငွေဖြတ်တောက်လိုက်တဲ့ Donald Trump

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို ထောက်ပံ့ငွေဖြတ်တောက်လိုက်တဲ့ Donald Trump

- Advertisement -

အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ဟာဆိုရင် ယခုအချိန်မှာတော့ အားလုံးရဲ့ အပြစ်တင်ဝေဖန်ခြင်းကို ခံနေရပါတယ်။ COVID-19 ရောဂါကို အမေရိကန်ပြည်ထောင်စုသားတွေ ခံစားလာရတဲ့အချိန်မှာ သမ္မတကြီးက ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ပေးရာမှာ လစ်ဟာမှုတွေရှိတာကြောင့်လည်း အပြစ်တင်ဝေဖန်ခံခဲ့ရဖူးပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဘာကြောင့်များ ထပ်ပြီးဝေဖန်ခြင်းကိုခံရလဲဆိုတာကတော့ Donald Trump ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို ထောက်ပံ့ငွေဖြတ်တောက်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အခုလိုမျိုး ကပ်ရောဂါဆိုးကြီးကို အားလုံးက အစွမ်းကုန်ကြိုးစားတိုက်ထုတ်နေတဲ့ အချိန်မျိုးမှာ သမ္မတကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို ထောက်ပံ့ပေးနေတဲ့ ထောက်ပံ့ငွေကို ဖြတ်တောက်လိုက်တဲ့ အကြောင်းအရင်းကို အောက်မှာရေးသားမျှဝေ ပေးထားပါတယ်။

- Advertisement -

ပြီးခဲ့တဲ့ရက်အချို့က အိမ်ဖြူတော်မှာကျင်းပတဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဟာ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ဆေးပညာပိုင်းဆိုင်ရာကဏ္ဍတွေကို စီမံအုပ်ချုပ်ရာမှာ သေသပ်မှုမရှိဘဲ ဖရိုဖရဲဖြစ်နေတယ်လို့ ယူဆပြီး အဆိုပါရောဂါနဲ့ဆိုင်တဲ့ ပြည်သူပြည်သားတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ကုန်စင်စွာမမျှဝေပေးဘူးလို့ သံသယရှိတာကြောင့် ထောက်ပံ့ငွေပ့ံပိုးခြင်းကို ရပ်တန့်သွားမည်ဖြစ်ကြောင်း အတိအလင်းကြေငြာခဲ့ပါတယ်။

- Advertisement -

ဒါ့အပြင် သမ္မတကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့လှုပ်ရှားမှုတွေကို လေ့လာပြီးတဲ့နောက်မှာတော့ အဖွဲ့အစည်းအပေါ်ထားရှိမိတဲ့ သံသယဟာ မှန်ကန်ကြောင်းကိုလည်း သက်သေပြသွားမည်ဖြစ်ကြောင်း  ပြောဆိုခဲ့ပါသေးတယ်။

- Advertisement -

သမ္မတကြီးက ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ဖူးသူတွေကို အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်လာခြင်းကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ အဆိုပါ ပိတ်ပင်တားဆီးခြင်းမတိုင်ခင် ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ သမ္မတကြီး Donald Trump က Twitter အကောင့်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတကြီး Xi Jinping ကို COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မဖုံးကွယ်ထားဘဲ သိသာမြင်သာစွာ တစ်ကမ္ဘာလုံးကို မျှဝေခြင်းကြောင့် ကျေးဇူးအထူးတင်ကြောင်း ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ အဆိုပါကပ်ရောဂါဆိုးကြီးက အမေရိကန်ပြည်ထောင်စုက တန်ဖိုးရှိတဲ့ အသက်ပေါင်းများစွာကို နှုတ်ယူပြီးတဲ့အခါမှာတော့ သမ္မတကြီးအနေနဲ့ စိုးရိမ်ပူပန်စိတ်လွန်ကဲလာတာကို  တွေ့ရပါတယ်။ အခုလိုအချိန်မျိုးမှာတော့ ကိုယ့်ရဲ့တိုင်းသူပြည်သားတွေရဲ့ အသက်ကိုဆုံးရှုံးရမှာကို နိုင်ငံတကာက ခေါင်းဆောင်တိုင်း စိုးရိမ်ပူပန်နေမယ်ဆိုတာကတော့ အမှန်ပဲဖြစ်ပါတယ်။

<Unicode Version>

 

 

ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းကို ေထာက္ပံ့ေငြျဖတ္ေတာက္လိုက္တဲ့ Donalt Trump

အေမရိကန္ျပည္ေထာင္စုသမၼတ Donald Trump ဟာဆိုရင္ ယခုအခ်ိန္မွာေတာ့ အားလံုးရဲ႕ အျပစ္တင္ေဝဖန္ျခင္းကို ခံေနရပါတယ္။ COVID-19 ေရာဂါကို အေမရိကန္ျပည္ေထာင္စုသားေတြ ခံစားလာရတဲ့အခ်ိန္မွာ သမၼတႀကီးက ျပည္သူျပည္သားေတြရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး တာဝန္ယူေဆာင္ရြက္ေပးရာမွာ လစ္ဟာမႈေတြရွိတာေၾကာင့္လည္း အျပစ္တင္ေဝဖန္ခံခဲ့ရဖူးပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ ဘာေၾကာင့္မ်ား ထပ္ၿပီးေဝဖန္ျခင္းကိုခံရလဲဆိုတာကေတာ့ Donald Trump ဟာ ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းကို ေထာက္ပံ့ေငြျဖတ္ေတာက္လိုက္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ကပ္ေရာဂါဆိုးႀကီးကို အားလံုးက အစြမ္းကုန္ႀကိဳးစားတိုက္ထုတ္ေနတဲ့ အခ်ိန္မ်ိဳးမွာ သမၼတႀကီးက ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းကို ေထာက္ပံ့ေပးေနတဲ့ ေထာက္ပံ့ေငြကို ျဖတ္ေတာက္လိုက္တဲ့ အေၾကာင္းအရင္းကို ေအာက္မွာေရးသားမွ်ေဝ ေပးထားပါတယ္။

ၿပီးခ့ဲတ့ဲရက္အခ်ိဳ႕က အိမ္ျဖဴေတာ္မွာက်င္းပတဲ့ ေန႔စဥ္သတင္းစာရွင္းလင္းပြဲမွာေတာ့ သမၼတႀကီးက ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းဟာ COVID-19 ေရာဂါနဲ႔ပတ္သက္တဲ့ ေဆးပညာပိုင္းဆိုင္ရာက႑ေတြကို စီမံအုပ္ခ်ဳပ္ရာမွာ ေသသပ္မႈမရွိဘဲ ဖ႐ိုဖရဲျဖစ္ေနတယ္လို႔ ယူဆၿပီး အဆိုပါေရာဂါနဲ႔ဆိုင္တဲ့ ျပည္သူျပည္သားေတြ သိသင့္သိထိုက္တဲ့ အခ်က္အလက္ေတြကို ကုန္စင္စြာမမွ်ေဝေပးဘူးလို႔ သံသယရွိတာေၾကာင့္ ေထာက္ပံ့ေငြပ့ံပိုးျခင္းကို ရပ္တန္႔သြားမည္ျဖစ္ေၾကာင္း အတိအလင္းေၾကျငာခဲ့ပါတယ္။

ဒါ့အျပင္ သမၼတႀကီးက ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းရဲ႕လႈပ္ရွားမႈေတြကို ေလ့လာၿပီးတဲ့ေနာက္မွာေတာ့ အဖြဲ႔အစည္းအေပၚထားရွိမိတဲ့ သံသယဟာ မွန္ကန္ေၾကာင္းကိုလည္း သက္ေသျပသြားမည္ျဖစ္ေၾကာင္း  ေျပာဆိုခဲ့ပါေသးတယ္။

သမၼတႀကီးက ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္ခဲ့ဖူးသူေတြကို အေမရိကန္ျပည္ေထာင္စုအတြင္းသို႔ ဝင္ေရာက္လာျခင္းကို ပိတ္ပင္တားဆီးခဲ့ပါတယ္။ အဆိုပါ ပိတ္ပင္တားဆီးျခင္းမတိုင္ခင္ ဇန္နဝါရီလ ၂၄ ရက္ေန႔မွာေတာ့ သမၼတႀကီး Donald Trump က Twitter အေကာင့္မွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္ သမၼတႀကီး Xi Jinping ကို COVID-19 ေရာဂါနဲ႔ ပတ္သက္တဲ့ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို မဖုံးကြယ္ထားဘဲ သိသာျမင္သာစြာ တစ္ကမာၻလံုးကို မွ်ေဝျခင္းေၾကာင့္ ေက်းဇူးအထူးတင္ေၾကာင္း ေရးသားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒါေပမယ့္ အခုခ်ိန္မွာေတာ့ အဆိုပါကပ္ေရာဂါဆိုးႀကီးက အေမရိကန္ျပည္ေထာင္စုက တန္ဖိုးရွိတဲ့ အသက္ေပါင္းမ်ားစြာကို ႏႈတ္ယူၿပီးတဲ့အခါမွာေတာ့ သမၼတႀကီးအေနနဲ႔ စိုးရိမ္ပူပန္စိတ္လြန္ကဲလာတာကို  ေတြ႕ရပါတယ္။ အခုလိုအခ်ိန္မ်ိဳးမွာေတာ့ ကိုယ့္ရဲ႕တိုင္းသူျပည္သားေတြရဲ႕ အသက္ကိုဆံုး႐ႈံးရမွာကို ႏိုင္ငံတကာက ေခါင္းေဆာင္တိုင္း စိုးရိမ္ပူပန္ေနမယ္ဆိုတာကေတာ့ အမွန္ပဲျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ PEOPLE

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read