Breaking News
ကျွမ်းကျင်မှုအသစ်တွေရရှိဖို့အတွက် အပတ်တကုတ်ကြိုးစားနေတဲ့ အိမ်ခြံမြေအကျိုးဆောင်များ။
ရောဂါပျံ့ပွားမှုကို အတတ်နိုင်ဆုံး လျော့ချတဲ့အနေနဲ့ အိမ်အပြင်ကို မလိုအပ်ဘဲမထွက်ဖို့ တားမြစ်ထားပြီးတဲ့နောက်မှာတော့ စီးပွားရေးလည်ပတ်မှုအရှိန်ဟာလည်း လျော့နည်းသွားသလို ကုန်စည်စီးဆင်းမှုဟာလည်း သိသိသာသာ နှောင့်နှေးသွားပါတယ်။ အဲ့လိုပဲ အိမ်ခြံမြေစျေးကွက်ရဲ့ လှုပ်ရှားမှုဟာလည်း သိသိသာသာကျဆင်းသွားတာကြောင့် အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ အခက်တွေ့နေရပါတယ်။
ဒါပေမယ့် လူသားတွေအနေနဲ့ အဆိုးတွေကို ကြုံတွေ့နေရတဲ့အခါမျိုးမှာ ကိုယ့်အတွက်အကျိုးရှိစေမယ့် အဆိုးထဲကအကောင်းကို ရှာဖွေသင့်ပါတယ်။ ဥပမာ – အခုလိုမျိုး အိမ်ထဲမှာပဲ နေကိုနေရမယ်ဆိုတဲ့ အချိန်မျိုးမှာ နိုင်ငံတကာက တက္ကသိုလ် ၊ ကောလိပ်ကျောင်းများက ကျောင်းဝဘ်ဆိုဒ်တွေမှာ ဘာသာရပ်အစုံကို တင်ပေးထားပြီး လေ့လာလိုသူတွေကို အခမဲ့လေ့လာခွင့် ပေးထားတာပဲဖြစ်ပါတယ်။
အိမ်ခြံမြေစျေးကွက်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ပြည့်စုံစွာ သိကျွမ်းနားလည်ထားတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေဟာလည်း အိမ်ခြံမြေစျေးကွက်ကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ လူမှုကွန်ရက်မှာ စျေးကွက်ချဲ့ထွင်နည်းတွေကို သင်ယူလေ့လာနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံ ဒေလီမြို့က အိမ်ခြံမြေအကျိုးဆောင် ၅၀ ဦးဟာ မနက်ဖြန်မှာ ဘယ်လိုအခြေအနေမျိုးတွေကို ကြုံတွေ့ရမလဲဆိုတာကို မသိသေးတာကြောင့် ရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် လူမှုကွန်ရက်ကနေတဆင့်  စျေးကွက်ချဲ့ထွင်ရေးနည်းဗျူဟာတွေကို  လေ့လာသင်ယူလာတာပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေပညာရှင်တစ်ဦးဖြစ်တဲ့ Kshitij Nagpal က “အရင်တုန်းကတော့ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ အိမ်ခြံမြေစျေးကွက်နဲ့ဆိုင်တဲ့ အဆန်းသစ်ဆုံးသော စျေးကွက်ချဲ့ထွင်ရေးနည်းဗျူဟာတွေကို လေ့လာသင်ယူဖို့ အချိန်မရှိခဲ့ပါဘူး။ အခုချိန်မှာတော့ နိုင်ငံတကာက စျေးကွက်ချဲ့ထွင်ရေးနည်းဗျူဟာတွေကို သင်ပေးတဲ့ ဆရာသမားတွေဆီကနေ လေ့လာသင်ယူနေနိုင်ပါပြီ။” လို့ ဒေလီမြို့သတင်းဌာနကို ပြောပြခဲ့ပါတယ်။
အိမ်ခြံမြေစျေးကွက်ရောင်းဝယ်ရေးက ထိုးဆင်းသွားတာကြောင့် အိမ်ခြံမြေရောင်းဝယ်ရေး ကုမ္ပဏီတော်တော်များများက “Force Majeure”လို့အမည်ရတဲ့ မကိုင်တွယ်နိုင်တဲ့အခြေအနေတစ်ရပ်ကြောင့် စာချုပ်များကိုဖြတ်သိမ်းခွင့်ကို ရရှိဖို့အတွက် စီစဉ်နေကြောင်းကိုလည်း သိရှိရပါတယ်။
<Unicode Version>
အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ပြည့်စုံစွာ သိကျွမ်းနားလည်ထားတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေဟာလည်း အိမ်ခြံမြေဈေးကွက်ကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ လူမှုကွန်ရက်မှာ ဈေးကွက်ချဲ့ထွင်နည်းတွေကို သင်ယူလေ့လာနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံ ဒေလီမြို့က အိမ်ခြံမြေအကျိုးဆောင် ၅၀ ဦးဟာ မနက်ဖြန်မှာ ဘယ်လိုအခြေအနေမျိုးတွေကို ကြုံတွေ့ရမလဲဆိုတာကို မသိသေးတာကြောင့် ရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် လူမှုကွန်ရက်ကနေတဆင့်  ဈေးကွက်ချဲ့ထွင်ရေးနည်းဗျူဟာတွေကို  လေ့လာသင်ယူလာတာပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးကွက်ရောင်းဝယ်ရေးက ထိုးဆင်းသွားတာကြောင့် အိမ်ခြံမြေရောင်းဝယ်ရေး ကုမ္ပဏီတော်တော်များများက “Force Majeure”လို့အမည်ရတဲ့ မကိုင်တွယ်နိုင်တဲ့အခြေအနေတစ်ရပ်ကြောင့် စာချုပ်များကိုဖြတ်သိမ်းခွင့်ကို ရရှိဖို့အတွက် စီစဉ်နေကြောင်းကိုလည်း သိရှိရပါတယ်။
<Zawgyi Version>
Source ~ Indiatimes
#SY(Soshwe)
#soshwehomeandproperty
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
လေမုန်တိုင်းဒဏ်ကို အံတုနိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ရေပေါ်အိမ်များ။
ကမ္ဘာတစ်ဝှမ်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အချိန်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာရှိတဲ့ Dada Design ကုမ္ပဏီက ဗိသုကာပညာရှင်တွေဟာ ရာသီဥတုပြင်းထန်မှုဒဏ်တွေကို အံတုနိုင်တဲ့ ရေပေါ်အိမ်တွေကို တည်ဆောက်လိုက်တာပဲဖြစ်ပါတယ်။ မနီလာမြို့ရှိ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro