HomeTechသန်းချီသော Zoom အကောင့်တွေကို မသမာသူတွေက လိုသလိုအသုံးပြုနေ။

သန်းချီသော Zoom အကောင့်တွေကို မသမာသူတွေက လိုသလိုအသုံးပြုနေ။

- Advertisement -

Covid-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံအသီးသီးက ပြည်သူပြည်သားတွေကို အိမ်ထဲမှာပဲနေခြင်းဖြင့် ရောဂါပျံ့ပွားမှုကို ကူညီထိန်းချုပ်ပေးစေလိုတာကြောင့် စက်ရုံတွေ ၊ ကုမ္ပဏီတွေ ၊  အစိုးရအဖွဲ့အစည်းတွေနဲ့ စာသင်ကျောင်းတွေကို လူအဝင်အထွက် တားဆီးပစ်ခဲ့ပြီး လုပ်စရာရှိတဲ့ တာဝန်တွေကို အိမ်ကနေ ဆောင်ရွက်ပေးကြရပါတော့တယ်။

ဒါကြောင့် ရုပ်မြင်သံကြား(ဗီဒီယို)ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Zoom App ကို အသုံးပြုသူ တွေ အများအပြားရှိလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာလည်း အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ် Richard Blumenthal က Zoom ကုမ္ပဏီက Zoom App ကိုအသုံးပြုတဲ့သူတွေရဲ့ ဗီဒီယိုဆက်သွယ်မှုမှတ်တမ်းတွေကို လုံခြုံစွာသိမ်းဆည်းပေးထားတယ်လို့ အခိုင်အမာပြောဆိုထားပေမယ့် ဆက်သွယ်မှုလမ်းစဉ်တွေကို ပြန်ပြီးခြေရာခံစစ်ဆေးကြည့်တဲ့အခါမှာတော့ Zoom ကုမ္ပဏီက အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုသလိုအသုံးချထားတယ်လို့ သံသယဝင်ရခြင်းကြောင့် အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်ကုန်သွယ်မှုအဖွဲ့အစည်းကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဖိအားပေးခဲ့ဖူးပါတယ်။

- Advertisement -

Bleeping Computer သတင်းဌာနရဲ့ သတင်းပေးပို့အချက်အရ သန်းချီသောZoom အကောင့်တွေကို လူမှုကွန်ရပ်ပေါ်က မသမာသူတွေက လိုသလိုအသုံးပြုနေကြတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ လွှတ်တော်အမတ်ကြီး စိုးရိမ်ပူပန်နေရတဲ့ ပြဿနာကြီးက တကယ်ကိုပေါ်ပေါက်လာပါတယ်။ Zoom App ကို အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လျှို့ဝှက်ထားရမယ့် လုပ်ငန်းခွင်သုံး အချက်အလက်တွေကို မသမာသူတွေက လိုသလို ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ Zoom App ကို အသုံးပြုဖို့အတွက် မှတ်တမ်းတင်ထားရတဲ့ အသုံးပြုသူတွေရဲ့ အီးမေးလ်လိပ်စာနဲ့ စကားဝှက်တွေဟာလည်း ပေါက်ကြားသွားပြီး မသမာသူတွေရဲ့ နည်းလမ်းမျိုးစုံနဲ့ အလွဲသုံးစားပြုလုပ်ခြင်းကို ခံနေရပါတယ်။

- Advertisement -

အဆိုပါ ကိုယ်ရေးအချက်အလက်တွေကို ပိုင်ဆိုင်သူတွေရဲ့ ဆန္ဒမပါဘဲ အလွဲသုံးစားပြုလုပ်ခံရခြင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဘယ်လိုမျိုး အရေးယူဆောင်ရွက်သွားမလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

- Advertisement -

အခြားသော ကုမ္ပဏီအဖွဲ့အစည်းတွေမှာ အလုပ်ဝင်လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့  ကျောင်းသူကျောင်းသားတွေဟာ Zoom App ကို ဆက်လက်အသုံးပြုနေတဲ့အချိန်မှာတော့  နည်းပညာကိုအခြေပြုပြီး လုပ်ငန်းတစ်ရပ်လုံး လည်ပတ်နေတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ SpaceX ၊ Google နဲ့ Nasa တို့ဟာ ဝန်ထမ်းတွေကို Zoom App အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်အစိုးရအဖွဲ့ကတော့ အစိုးရဝန်ထမ်းတွေကို Zoom App ကို အသုံးပြုခွင့်မပေးတော့ပါဘူး။  စင်္ကာပူနိုင်ငံအစိုးရအဖွဲ့ကလည်း စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို Zoom App ကို အသုံးမပြုဖို့  တားမြစ်လိုက်ပါပြီ။ ဒါ့အပြင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ်တွေဟာလည်း Zoom App အသုံးပြုခြင်းကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အသီးသီး  ကြေငြာခဲ့ပါတယ်။

<Unicode Version>

 

 

 

သန္းခ်ီေသာ Zoom အေကာင့္ေတြကို မသမာသူေတြက လိုသလိုအသံုးျပဳေန။

Covid-19 ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ႏိုင္ငံအသီးသီးက ျပည္သူျပည္သားေတြကို အိမ္ထဲမွာပဲေနျခင္းျဖင့္ ေရာဂါပ်ံ႕ပြားမႈကို ကူညီထိန္းခ်ဳပ္ေပးေစလိုတာေၾကာင့္ စက္႐ံုေတြ ၊ ကုမၸဏီေတြ ၊  အစိုးရအဖြဲ႔အစည္းေတြနဲ႔ စာသင္ေက်ာင္းေတြကို လူအဝင္အထြက္ တားဆီးပစ္ခဲ့ၿပီး လုပ္စရာရွိတဲ့ တာဝန္ေတြကို အိမ္ကေန ေဆာင္ရြက္ေပးၾကရပါေတာ့တယ္။

ဒါေၾကာင့္ ႐ုပ္ျမင္သံၾကား(ဗီဒီယို)ဆက္သြယ္ေရးဝန္ေဆာင္မႈတစ္ခုျဖစ္တဲ့ Zoom App ကို အသံုးျပဳသူ ေတြ အမ်ားအျပားရွိလာခဲ့ပါတယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာလည္း အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အမတ္ Richard Blumenthal က Zoom ကုမၸဏီက Zoom App ကိုအသံုးျပဳတဲ့သူေတြရဲ႕ ဗီဒီယိုဆက္သြယ္မႈမွတ္တမ္းေတြကို လံုျခံဳစြာသိမ္းဆည္းေပးထားတယ္လို႔ အခိုင္အမာေျပာဆိုထားေပမယ့္ ဆက္သြယ္မႈလမ္းစဥ္ေတြကို ျပန္ၿပီးေျခရာခံစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ Zoom ကုမၸဏီက အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို လိုသလိုအသံုးခ်ထားတယ္လို႔ သံသယဝင္ရျခင္းေၾကာင့္ အေမရိကန္ျပည္ေထာင္စု ဖယ္ဒရယ္ကုန္သြယ္မႈအဖြဲ႔အစည္းကို အေသးစိတ္ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ ဖိအားေပးခဲ့ဖူးပါတယ္။

Bleeping Computer သတင္းဌာနရဲ႕ သတင္းေပးပို႔အခ်က္အရ သန္းခ်ီေသာZoom အေကာင့္ေတြကို လူမႈကြန္ရပ္ေပၚက မသမာသူေတြက လိုသလိုအသံုးျပဳေနၾကတယ္လို႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ လႊတ္ေတာ္အမတ္ႀကီး စိုးရိမ္ပူပန္ေနရတဲ့ ျပႆနာႀကီးက တကယ္ကိုေပၚေပါက္လာပါတယ္။ Zoom App ကို အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြနဲ႔ လွ်ိဳ႕ဝွက္ထားရမယ့္ လုပ္ငန္းခြင္သံုး အခ်က္အလက္ေတြကို မသမာသူေတြက လိုသလို ေရာင္းဝယ္ေဖာက္ကားေနၾကပါတယ္။ Zoom App ကို အသံုးျပဳဖို႔အတြက္ မွတ္တမ္းတင္ထားရတဲ့ အသံုးျပဳသူေတြရဲ႕ အီးေမးလ္လိပ္စာနဲ႔ စကားဝွက္ေတြဟာလည္း ေပါက္ၾကားသြားၿပီး မသမာသူေတြရဲ႕ နည္းလမ္းမ်ိဳးစံုနဲ႔ အလြဲသံုးစားျပဳလုပ္ျခင္းကို ခံေနရပါတယ္။

အဆိုပါ ကိုယ္ေရးအခ်က္အလက္ေတြကို ပိုင္ဆိုင္သူေတြရဲ႕ ဆႏၵမပါဘဲ အလြဲသံုးစားျပဳလုပ္ခံရျခင္းနဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူေတြကို ဘယ္လိုမ်ိဳး အေရးယူေဆာင္ရြက္သြားမလဲဆိုတာကိုေတာ့ ေဖာ္ျပထားျခင္းမရွိေသးပါဘူး။

အျခားေသာ ကုမၸဏီအဖြဲ႔အစည္းေတြမွာ အလုပ္ဝင္လုပ္ေနတဲ့ ဝန္ထမ္းေတြနဲ႔  ေက်ာင္းသူေက်ာင္းသားေတြဟာ Zoom App ကို ဆက္လက္အသံုးျပဳေနတဲ့အခ်ိန္မွာေတာ့  နည္းပညာကိုအေျချပဳၿပီး လုပ္ငန္းတစ္ရပ္လံုး လည္ပတ္ေနတဲ့ ကုမၸဏီေတြနဲ႔ အဖြဲ႔အစည္းေတြျဖစ္တဲ့ SpaceX ၊ Google နဲ႔ Nasa တို႔ဟာ ဝန္ထမ္းေတြကို Zoom App အသံုးျပဳခြင့္ ပိတ္ပင္တားျမစ္လိုက္တာပဲ ျဖစ္ပါတယ္။

ထိုင္ဝမ္အစိုးရအဖြဲ႕ကေတာ့ အစိုးရဝန္ထမ္းေတြကို Zoom App ကို အသံုးျပဳခြင့္မေပးေတာ့ပါဘူး။  စကၤာပူႏိုင္ငံအစိုးရအဖြဲ႔ကလည္း စာသင္ေက်ာင္းနဲ႔ တကၠသိုလ္ေတြကို Zoom App ကို အသံုးမျပဳဖို႔  တားျမစ္လိုက္ပါၿပီ။ ဒါ့အျပင္ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အမတ္ေတြဟာလည္း Zoom App အသံုးျပဳျခင္းကို ပိတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း အသီးသီး  ေၾကျငာခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ eandt

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read