Breaking News

Recent Posts

Pocari Sweat ချစ်သူတွေအတွက် ပရိုမိုးရှင်းအစီအစဉ်။

Pocari Sweat ချစ်သူတွေအတွက် ပရိုမိုးရှင်းအစီအစဉ်လေး ထပ်မံရောက်ရှိလို့လာပါပြီ . . . 900mL ဘူးကြီးလေးဘူး (သို့) အခြားနှစ်သက်ရာ Pocari Seeat ရှစ်ဘူးဝယ်ယူရုံနဲ့ ခွက်လှလှလေးတစ်ခွက် လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ ဒီ Promotion ကို City Mart ၊ Market Place ၊ Ocean ၊ Capital ၊ Sein Gay Har ၊ Orange ၊ Gamone Pwint နဲ့ Fuji တို့မှာ ဝယ်ယူရင်း ရရှိနိုင်မှာဖြစ်ပါတယ် . . .   လက်ဆောင်ပစ္စည်းလေးတွေက အရေအတွက်ကန့်သတ်ထားတာမို့ …

Read More »

တန်ဟက်ဂျ် ပုံဖော်ထားတဲ့ ယူနိုက်တက်တိုက်စစ်။

တန်ဟက်ဂျ်က ယူနိုက်တက်မှာ ၃ ယောက်တန်းတိုက်စစ်ကို ပုံဖော်ချင်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် ရော်နယ်ဒိုကို ဗဟိုတိုက်စစ်နေရာမှာ ကစားစေမှာဖြစ်ပေမယ့် ကစားသမားရဲ့ အသက်အရွယ်ကြောင့် အနာဂတ်မှာ ၃ ယောက်တန်းတိုက်စစ်ရဲ့ အလယ်နေရာအတွက် ရက်ရှ်ဖို့ဒ်ကို အားကိုးဖို့ တန်ဟက်ဂျ်က ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ရာသီအကြိုပွဲစဉ်တွေမှာ ဒီပုံစံကို တန်ဟက်ဂျ်က အသုံးပြုသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အတွက် စတင်ကစားပေးချိန်မှာ တိုက်စစ်မှူးတဦးအဖြစ် ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာတော့ တောင်ပံတိုက်စစ်ကစားသမားပုံစံကို ပြောင်းလဲကစားခဲ့ပါတယ်။ တန်ဟက်ဂျ်ရဲ့ ရည်ရွယ်ချက်က ဘယ်တောင်ပံမှာပဲ ကစားချင်တဲ့ ရက်ရှ်ဖို့ဒ်အတွက် အနည်းငယ်တော့ စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုလက်ထက်တုန်းကတော့ ရက်ရှ်ဖို့ဒ်ကို ဗဟိုတိုက်စစ်မှူးအဖြစ် မသင့်တော်ဘူးလို့ ရှုမြင်ခဲ့ဖူးပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ …

Read More »

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို တွေ့ဆုံဖက်အမျိုးသားရဲ့ ရက်ရောမှုကို စမ်းသပ်လိုတာကြောင့် ခေါ်ဆောင်သွားခဲ့ပါတယ်။ များသောအားဖြင့် ကြင်ယာဖက်တွေ့ဆုံပွဲတွေမှာ အမျိုးသားတွေက ကုန်ကျစရိတ်ကို ပေးချေလေ့ရှိတဲ့အတွက်ကြောင့် အမျိုးသမီးလေးက သူမရဲ့ဆွေမျိုးတွေကို တစ်ပါတည်း ခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါတွေ့ဆုံပွဲ၌ တွေ့ဆုံဖက်နှစ်ဦးရဲ့ စားသောက်စရိတ်အပြင် အမျိုးသမီးရဲ့ ဆွေမျိုးတွေ စားသောက်ခဲ့ခြင်းကြောင့် တရုတ်ငွေ ယွမ် ၁၉,၈၀၀ ကျသင့်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၂,၉၄၇ ကျပ် ကျသင့်ပြီး အမျိုးသမီးရဲ့ ဆွေမျိုးတွေဟာ စားသောက်စရာတွေအပြင် ဆေးလိပ်တွေနဲ့ ယမကာတွေကိုပါ စိတ်ကြိုက်မှာယူ …

Read More »